အရည်အသွေးပိုင်း ယုံကြည်မှုများရရှိထားသည့် Emerson Network Power က မြန်မာနိုင်ငံဈေးကွက် တွင် Vertiv နာမည်သစ်ဖြင့် ဝန်ဆောင်မှုများဆက်လက်လုပ်ကိုင်သွားမည်

Vertiv (ယခင် Emerson Network Power) က မြန်မာနိုင်ငံတွင် ရုံးဖွင့်လှစ် ကြောင်းကို ယနေ့တွင် တရားဝင်ထုတ်ပြန် ကြေညာလိုက်သည်။ Vertiv သည် နာမည်အသစ်သာဖြစ်ပြီး ကုမ္ပဏီသည် ကမ္ဘာ့နည်းပညာ လုပ်ငန်းနယ်ပယ်တွင် နှစ်ကာလကြာမြင့်စွာ ဦးဆောင်ရပ်တည်လျက်ရှိသည်။ Vertiv သည် အချက် အလက်များကို စုဆောင်ပေးသော ဒေတာစင်တာများ၊ ဆက်သွယ်ရေးကွန်ယက်များ၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းများ တွင် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးနေသော ယုံကြည်စိတ်ချရသည့် စီးပွားရေးမိတ်ဖက် ကုမ္ပဏီတစ်ခု ဖြစ်သည်။

Vertiv သည် မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအား၊ အပူနှင့် အိုင်တီနည်းပညာများကို စီမံခန့်ခွဲသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ယခင်ကလည်း Emerson Network Power အမည်ဖြင့် ၎င်း၏ အဓိကထုတ်ကုန်အမှတ်တံဆိပ်များဖြစ်သော ASCO®၊ Chloride®၊ Liebert®၊ NetSure™ ၊ Trellis™ တို့ကို ဝန်ဆောင်မှုများပေးခဲ့သည်။ ယခုပွဲသည် Emerson Network Power ကို Platinum Equity သို့ရောင်းချပြီး နောက်ပိုင်း Vertiv ကို သီးခြားရပ်တည်သည့် ကုမ္ပဏီအဖြစ် သိရှိနိုင်စေရန် ကျင်းပခြင်းဖြစ်သည်။

“မြန်မာနိုင်ငံဟာ အာရှမှာ Vertiv ကုမ္ပဏီအတွက် အရေးကြီးတဲ့ဈေးကွက်တစ်ခုဖြစ်ပါတယ်။ မကြာသေးခင်လများအတွင်း ပြည်တွင်းကုမ္ပဏီကြီးတွေနဲ့ နိုင်ငံတကာစီးပွားရေးကုမ္ပဏီကြီးတွေမှာ နည်းပညာအသစ်တွေကို မြန်မြန်ဆန်ဆန် အသုံးချ လာကြတာ တွေ့မြင်ရပါတယ်။ အခုလို မြန်မာနိုင်ငံမှာ နည်းပညာအသစ်အဆန်းတွေကို မြန်မြန်ဆန်ဆန် အသုံးချလာမှု တွေကို တွေ့ရှိချက်အရ Vertiv ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ဖို့ အခြေအနေကောင်းတွေရှိပြီး မြန်မာနိုင်ငံက
ဖောက်သည်တွေကို သူတို့လိုချင်တဲ့နည်းပညာပိုင်းမှာ အထောက်အကူတွေ အများအပြားပေးနိုင်မှာဖြစ်ပါတယ်” ဟု Vertiv အင်ဒိုချိုင်းနားမှ အုပ်ချုပ်မှုဒါရိုက်တာ Pichet Ketruam က ပြောကြားခဲ့သည်။

Vertiv သည် ဆက်သွယ်ရေးကုမ္ပဏီများအတွက် turnkey data center solutions၊ prefabricated data centers၊ collocation facilities စသည်တို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင်
အောင်မြင်မှုအများအပြား ရရှိထားသော ကုမ္ပဏီလည်း ဖြစ်ပါသည်။ မကြာသေးမီက Vertiv သည် KMD ကုမ္ပဏီနှင့် ပြည်တွင်းဈေးကွက်အတွက် ဖြန့်ချိရေးပါတနာအဖြစ် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။

“ဆက်သွယ်ရေးနည်းပညာနဲ့ စီးပွားရေးလုပ်ငန်းသုံး ဒေတာစင်တာတွေ ငှားရမ်းအသုံးပြုတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စီးပွားရေး မိတ်ဖက်ပါတနာတွေ နဲ့ အနီးကပ်ပူးပေါင်းပြီး ဖောက်သည်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ နည်းပညာလိုအပ်ချက်အမျိုးမျိုးကို ပံ့ပိုးမှု တွေပေးသွားမှာဖြစ်ပါတယ်” ဟု Pichet က ထပ်မံ ပြောကြားခဲ့သည်။

စက်မှုနယ်ပယ်တွင် ထိပ်တန်းရောက်နေသည့် လျှပ်စစ်စွမ်းအင်၊ အပူချိန်ထိန်းနှင့် စွမ်းဆောင်ရည်နှင့် ဒေတာအချက် အလက်လုံခြုံရေးကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်သည့် ပစ္စည်းများအပြင် လျှပ်စစ်စွမ်းအား၊ အပူချိန်ထိန်းနှင့် စောင့်ကြည့် မှတ်တမ်းတင်သော စနစ်များကိုပေါင်းစပ်ထားပြီး
မြန်ဆန်သော ဝန်ဆောင်မှုပေးနိုင်သည့် Turnkey Data Center လည်း Vertiv မှ ထုတ်လုပ်ထားသည်။ ၎င်းသည် သာမန်ဒေတာစင်တာများထက် ပိုမိုထိရောက်မှုရှိပြီး ကုန်ကျစရိတ်သက်သာ သည်။

Vertiv အာရှ ဥက္ကဌ Anand Sanghi ကကုန်အမှတ်တံဆိပ်သစ် ဈေးကွက်ထိုးဖောက်ခြင်းနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ ဟာ ဒီဒေသတွင်းမှာ ကျယ်ပြောပြီး ကောင်းမွန်တဲ့ သမိုင်းကြောင်းရှိပါတယ်။ အခု Vertiv ရဲ့ဖွင့်ပွဲကို ကျင်းပပြီးသွားတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့တွေဟာ ဖောက်သည်တွေရဲ့လိုအပ်ချက်တွေကို ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန် ဝန်ဆောင်မှုတွေ ပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဒေတာစင်တာ၊ ဆက်သွယ်ရေးကွန်ယက်၊ စက်ရုံအလုပ်ရုံအကြောင်း တွေကို နက်နက်ရှိုင်းရှိုင်းနားလည်မှုတွေရယ်၊ ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်ထားတဲ့ ထုတ်ကုန်တွေရယ် ပေါင်းစပ် လိုက်မယ်ဆိုရင် Vertiv က တစ်မူထူးခြားမှုတွေကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်” ၎င်းက ပြောကြားခဲ့သည်။

Ref : vertivco

%d bloggers like this: