မည်သည့်ဖုန်းကိုမဆို တစ်မိနစ် (၁၅)ကျပ်ဖြင့်ခေါ်ဆိုနိုင်မည့် အူရီဒူး၏ ရိုးရိုးလေး အစီအစဉ် စတင်

Ooredoo SIM card အသုံးပြုသူတွေအနေဖြင့် ပြည်တွင်းက မည်သည့်ဖုန်းကိုမဆို ခေါ်ဆိုပါက တစ်မိနစ် (၁၅) ကျပ်နှုန်းသာ ကျသင့်မည့် ရိုးရိုးလေး အစီအစဉ်သစ်ကို ဒီကနေ့တွင် စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

အဆိုပါ ရိုးရိုးလေး အစီအစဉ်တွင် မည်သည့်ဖုန်းကိုမဆို ဖုန်းခေါ်ဆိုခ တစ်မိနစ် (၁၅)ကျပ်အပြင် ၊ စာတိုပေးပို့ခ တစ်စောင်လျှင် (၁၅)ကျပ် နှင့် အင်တာနက်အသုံးပြုခ (၁)MB လျှင် (၈)ကျပ်နှုန်းဖြင့် ဝန်ဆောင်မှုပေးထားသည်။

အစီအစဉ်ကို ရယူလိုသူများအနေဖြင့် *777# သို့ ဖုန်းခေါ်ဆိုက အခမဲ့ရယူနိုင်မည်ဖြစ်ပြီး အခမဲ့ Facebook,Viber,Beetalk အစီအစဉ် ဖြင့်လဲလှယ်အသုံးပြုရမှာဖြစ်သည်။

ရိုးရိုးလေး အစီအစဉ် ရယူသည့်အခါ ဖုန်းဘေဖြည့်သွင်းတိုင်း Facebook, Viber, Beetalk တို့အခမဲ့အသုံးပြုနိုင်မည့် အစီအစဉ်မှာ ရပ်တန့် သွားမည်ဖြစ်ပြီး ဒီအစီအစဉ် (၂)ခုကို စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်မှာဖြစ်သည်။ ယင်းသို့ပြောင်းလဲအသုံးပြုရာတွင် တစ်ရက် တွင် တစ်ကြိမ်သာ ပြောင်းလဲနိုင်မည် ဖြစ်သည့်အတွက် ယနေ့တွင် ရိုးရိုးလေးအစီအစဉ် ကိုရယူထားပါက မနက်ဖြန်မှသာ အခမဲ့ Facebook, Viber, Beetalk အစီအစဉ်ကို ပြန်လည် ပြောင်းလဲနိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “ယခုအခါ ဆက်သွယ်ရေးဈေးကွက်ထဲမှာ ဝန်ဆောင်မှုတွေ မျိုးစုံရှိပါတယ်။ ဒါပေမဲ့လည်း သုံးစွဲသူတွေအတွက် လွယ်လွယ်ကူကူနဲ့ သုံးဖို့ အဆင်မပြေပါဘူး။ အူရီဒူးအနေနဲ့ကတော့ သုံးစွဲသူတွေကို လွတ်လွတ်လပ်လပ်နဲ့ သူတို့အသုံးပြုချင်တာကို သုံးခွင့်ရဖို့အတွက် အူရီဒူး၊ အမ်ပီတီ (သို့)တယ်လီနော နံပါတ်အားလုံးကို အသက်သာဆုံးဈေးနှုန်းနဲ့ ဖုန်းခေါ်ဆိုခွင့်ရအောင် ဝန်ဆောင်မှုပေးထားပါတယ်။ အခုတော့ အူရီဒူးရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူတွေဟာ ဘာမှပူပန်စရာမလိုဘဲ အရိုးရှင်းဆုံး ဖုန်းခေါ်ဆိုခ အစီအစဉ်ဖြစ်တဲ့ ရိုးရိုးလေးအစီအစဉ်ကို အသုံးပြုပြီး သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေဆီကို ဖုန်းခေါ်ဆိုနိုင်ပါပြီ။ သက်သာတဲ့ ဖုန်းခေါ်ဆိုခရဖို့အတွက်လဲ ဆင်းကတ်တွေကို ထုတ်လိုက်သွင်းလိုက်လုပ်စရာမလိုတော့ပါဘူး။ “ ဟု ပြောကြားခဲ့ကြောင်းသိရသည်။

%d bloggers like this: