ဖုန်းကညီမအတွက်မရှိမဖြစ်အရာတစ်ခုပါလိုပြောတဲ့ မော်ဒယ် ရွှေရေးချယ်

အနုပညာလောထဲကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာတဲ့သူ Photo Model တစ်ယောက်အနေနဲ့ မဂ္ဂဇင်းတော်တော်များများမှာတွေရတဲ့သူ သူမကတော့ မော်ဒယ်ရွှေရေးချယ် ပဲဖြစ်ပါတယ်။ ရွှေရေးနဲ့တွေ့တုန်း သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့အတူ ဖုန်းအကြောင်းကိုလည်း အခုလိုမေးဖြစ်ခဲ့ပါတယ်။

Q. အနုပညာလောကထဲကို စဝင်ခဲ့ဖြစ်ခဲ့ပုံ ပြောပြပေးပါလား။
ခရီးသွားမဂ္ဂဇင်း ကာဗာရိုက်ဖို့ အသိ ဓာတ်ပုံဆရာတစ်ယောက်က ကမ်းလှမ်းတာကနေ စပြီး ဝင်ရောက်ဖြစ်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်လောက်ကပေါ့နော်။ ကြောင်ကမ္ဘာနဲ့ဇာတ်ကားတွေရိုက်ဖြစ်တယ်။  Photo Modek လုပ်ဖြစ်တယ်။အဲနောက်ပိုင်း တစ်နှစ်လောက်နားလိုက်တယ်။

Q.ဒုတိယအကြိမ်အနုပညာလောကထဲကို ပြန်ဝင်ဖြစ်ခဲ့တာကရော..
ညီမတို့ဆိုင် Jasmine phyu ဆိုင် အတွက် ဘေဘုတ်ကိုကိုယ်နဲ့ရိုက်ရင်းနဲ
ပြန်လုပ်ဖြစ်တယ်။ နောက်တစ်ခုကညီမရဲ့အစ်ကို အဆိုတော်ဖိုးသားရဲ့လေထဲကအိမ် သီချင်းမှာ ကိုနေမင်းနဲ့သရုပ်ဆောင် ဖြစ်တယ်။ အဲဒီကနေပြန်လုပ်ဖြစ်တာပါ။ ဒုတိယအကြိမ် ပြန်လုပ်ဖြစ်တဲ့အချိန်မှာ Photo Model ပိုင်းကိုပဲအဓိကလုပ်ဖြစ်နေတယ်။

Q. လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်နေလဲ။
မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ MTVတွေကရိုက်ထားတာတွေလည်းရှိတယ်။
နောက်ထပ်ရိုက်ဖို့လည်း ရှိပါသေးတယ်။ကြော်ငြာဘေဘုတ်တွေလည်း ရိုက်ဖြစ်တယ်။

Q. ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ်ညီမလေးအမြင်ကိုပြောပြပေးပါလား။
ဆိုရှယ်မီဒီယာတွေ အရမ်း ခေတ်စားလာတာကောင်းတာတော့ကောင်းပါတယ်။ ဘာကောင်းတာ လည်းဆိုတော့ အနုပညာရှင်တွေအတွက် ဆိုရင် အရင်တုန်းက ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံပဲဖြစ်ဖြစ် MTV ပဲဖြစ်ဖြစ် ပရိတ်သက်ကဝယ်ကြည့်မှရတယ်။အခုကျေတော့ အဲလိုမဟုတ်တော့ဘူး။ Onilne ပေါ် မှာကြည့်လိုရတယ်။ အနုပညာရှင်တွေကလည်း ကိုယ်ရဲ့လှုပ်ရှားမှုတွေကိုတင်ကျတယ်။အဲဒီတော့ ပရိတ်သက်နဲ့ကိုယ်တွေနဲ့ကနေတိုင်းထိတွေ့ခွင့်ရတယ်။တချို့မကောင်းတာတွေလည်းရှိတယ်။ မဟုတ်တဲ့သတင်းတွေရေးပြီး တိုက်ခိုက်တာတွေလည်းရှိတယ်။ လူငယ်တွေအတွက်ဆိုရင်လည်း online ကနေပညာရှာလို့ရတယ်။ ဗဟုသုတတွေ ရှာလို့ရတယ်။ ပြည်ပမှာ
ခေတ်စားနေတာတွေ ပြည်တွင်းမှာ ခေတ်စားနေတာတွေက အစ ဘယ်မှမသွားပဲ Online သုံးတာနဲ့ အကုန်သိခွင့်ရတယ်။ ဒါဆိုရှယ်မီဒီယာကြောင့်ပါ။ မကောင်းတဲ့ဘက်ကအသုံးချမိရင်တော့ မကောင်းတဲ့ဘက်ကိုရောက်သွား နိုင်တယ်။ အကောင်းအဆိုးကတော့ နေရာတိုင်းမှာဒွန်တွဲနေတာပါပဲ။ ဒါကိုကိုယ်ဘက်က စဉ်စားချင့်ချိန် ပြီးသုံးတတ်ဖို့လိုပါတယ်။

Q. လက်တလောမှာ ကိုင်ထားတဲ့ဖုန်း Brand ကိုပြောပြပေးပါလား။
ညီမဖုန်းစကိုင်ကတည်းက Samsung ပဲကိုင်ဖြစ်တယ်။ Samsung ဖုန်းတွေက လူငယ်တွေနဲ့ပို လိုက်တယ်။ သုံးရတာလည်းကောင်းတယ်။ တစ်ခါတစ်လေတော့ စက်ပစ္စည်းဖြစ်တဲ့အတွက် ချိုု့ယွင်း တာလေးတွေတော့ရှိတာပေါ့။ Samsung က ဘက်ထရီပိုင်းတော့ နည်းနည်း အားနည်းတယ်။ ဒါပေမယ့် ညီမကတော့ Samsung ပဲကိုင်ဖြစ်တယ်။ Samsung ရဲ့ထွက်သမျှ မော်ဒယ်တိုင်းကို ဝယ်ကိုင်ဖြစ်တယ်

Q. ဖုန်းမော်ဒယ် အသစ်ထွက်တိုင်း လဲကိုင်ဖြစ်လား။
ကိုယ်အကြိုက်နဲ့တွေ့ရင်တော့ လဲကိုင်ဖြစ်တယ်။ အဟောင်းကိုလည်း မစွန့်လွှတ်တတ်ဘူး။ဒီနှစ်ထဲ မှာဖုန်းပျောက်တာ ၆လုံးလောက်ရှိပြီ။ ညီမကလေပိုက်ဆံအိတ်ကျပျောက်တာတို့ လက်ဝတ်ရတနာကျ ပျောက်တာတို့ဆို မနှမျှောတတ်ဘူး။ ဖုန်းပျောက်ပြီဆို အရမ်းနှမျှောတယ်။ ညီမက ဖုန်းအရမ်းမက် တယ်။ ညီမအတွက် မရှိမဖြစ်အရာထဲမှာ ဖုန်းပါတယ်။

Q. ဖုန်းကိုကိုယ်ရဲ့တစ်နေ့တာအတွက် ဘယ်လိုအသုံးပြုဖြစ်လဲ။
ညီမက အပြင်သိပ်မသွားတော့ တစ်နေ့ကုန်ကို ဖုန်းသုံးဖြစ်တယ်။ ညီမကအပေါင်းအသင်းနည်းတော့ ဖုန်းနဲ့ပဲ သီချင်းနားထောင်လိုက် Facebook လေးသုံးလိုက်ကိုယ်သိချင်တာတွေကို ဖုန်းထဲကနေ အင်တာနက်သုံးပြီးရှာတယ်။ တစ်နေ့လုံးဖုန်းနဲ့ပဲ အချိန်ကုန်တာများတယ်။ ဖုန်းက ညီမရဲ့သူငယ်ချင်းလို့ လည်း ပြောလို့ရပါတယ်။

Q. ဖုန်းထဲမှာဘယ်လို APP တွေထည့်သုံးဖြစ်လဲ။
ဓာတ်ပုံနဲ့ပတ်သက်တာ သုံးဖြစ်တယ်။ Dictionary ရှိတယ်။ ဓမ္မနဲ့ပတ်သက်တဲ့ app တွေရှိတယ်။ညီမ ကဖုန်းထဲမှာ app တွေအများကြီးမထားဖြစ်ဘူး။ ကိုယ်သုံးဖြစ်တာလေးတွေ လောက်ပဲ ထားတယ်။

Q. ဖုန်းကလူတစ်ယောက်အတွက် ဘယ်လောက်ထိလိုအပ်လဲ။ဘယ်လောက်ထိရော အသုံးဝင်တယ် လို့ထင်လဲ။
ညီမအမြင်ကိုပြောရရင် လူတိုင်းအတွက်ဖုန်းက မရှိမဖြစ်လိုအပ်တယ်။ တစ်နေရာသွားမယ်ဆိုရင် ရှိမရှိ
သေချာအောင်ဖုန်းကြိုဆက်လိုရတယ်။ အရေးတစ်ကြီး ကိစ္စတွေဆိုရင်တောင် လူကိုယ်တိုင် မသွား နိုင်ရင် ဖုန်းနဲ့ပြောလို့ရတယ်။ ဖုန်းရှိလို့ တချို့အလုပ်တွေမှာ အချိန်မကုန်ဘဲ သက်သာသွားတာတွေ ရှိတယ်။

%d bloggers like this: