Weekly Editor Choice : ViVo V5 Black

ယခုအပတ် အတွက် အယ်ဒီတာ အကြိုက်ဆုံး ထုတ်ကုန် ကဏ္ဍမှာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း ဈေးကွက်ထဲမှာ ငွေကျပ် ၃ သိန်း ၁ သောင်း ၈ ထောင် သာ ရှိပြီး Limited Edition ဖုန်း တစ်လုံး အဖြစ် မိုဘိုင်းပရိသတ်အများအပြား စိတ်ဝင်စားနေကြတဲ့ ViVo V5 Black (Limited Edition) အကြောင်း ကို ပြောပြဖို့ ရွေးချယ်ထားပါတယ်။

Vivo V5 ကို အရင် က ၂ ရောင်ထဲသာ ရရှိခဲ့ပါတယ်။ အခုတော့ ဖြင့် Mattle Black နဲ့ အသစ် မွန်းမံ ပြင်ဆင်ပြီး ထုတ်လုပ်လိုက်တဲ့အတွက် အရောင်အသွေး စုံလင်သွားပါပြီ။ မေးစရာတစ်ခု ရှိလာတာက Vivo V5 ဟာ ပေးအပ်ထားတဲ့ လုပ်ဆောင်ချက်တွေနဲ့ တောင်းဆိုထားတဲ့ ကျသင့်ငွေ မျှတရဲ့လား ။ ဆန်းစစ်ကြည့်ရအောင် ..။ Vivo V5 ကို သေချာ မဝေဖန်ခင်မှာ သူရဲ့ ပါဝင်ဖွဲ့စည်းပုံကလေးတွေကို အရင်ကြည့်လိုက်ပါဦး…။

Specs

Version                        : Funtouch OS 2.6 (Based On Android 6.0 Marshmallow)
Processor                    : Octa-Core 64-bit
Memory                      : Ram 4 GB, Rom 32 GB, External Card up to 128 GB
Display                        : 5.5” HD (1280*720)
Resolution                  : 1280 x 720 Pixels
Camera                       : Front 20MP , Back 13 MP
Network                      : 2G , 3G , 4G LTE
SIM                              : Dual SIM
Battery                        : 3000 mAh
Weight                        : 154 g
Sensor                         : Fingerprint
Connectivity              : USB, Wi-Fi, Bluetooth, OTG Support
SIM Type                   : Dual SIM ( Micro & Nano)
Color                           : Crown Gold , Rose Gold, Black
Price                            : 318,000 Ks

အဲဒါဟာ Vivo V5 Black ရဲ့ ထူးခြားမှုတွေ ပါ။ အဓိကအားဖြင့်တော့ Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပါတယ်။  အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ 13 Mega Pixel ကင်မရာပါဝင်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ Octa-Core 64-bit ဖြစ်တဲ့အတွက် စွမ်းရည်နိမ့်တယ် လို့ ထင်ကောင်းထင်နိုင်ပေမယ့် သူရဲ့ ပါဝင်ဖွဲ့စည်းမှု နဲ့ ကျသင့်တဲ့ ဈေးနှုန်းနဲ့ဆိုရင် အသင့်တော်ဆုံး ပေးဆပ်မှုတစ်ခု လို့ ဆိုနိုင်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။ 4GB RAM က စွမ်းရည်မြင့် ဂိမ်းများ ကစားခြင်း၊ Apps များစွာကို တစ်ပြိုင်နက် အသုံးပြုခြင်းလို့ Multitasking လုပ်ဖို့ ကောင်းမွန်ပါတယ်။ ဝ.၂ စက္ကန့်အတွင်းမှာ ပဲ Access လုပ်နိုငတဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Style

အသစ်ပြန်လည် မွန်းမံထားတဲ့ V5 ဟာ သတ္တုကိုယ်ထည်ပိုများပြီး ခန့်ထည် လှပပါတယ်။ ဒါပေမယ့် ပလတ်စတစ် ကိုယ်ထည်ကလည်း အနည်းအကျဉ်းတော့ ပါရှိနေတုန်းပဲ ဖြစ်ပါတယ်။ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Vivo က ဖုန်းရဲ့ အပြင်ပိုင်းကို စွဲဆောင်မှု ရှိအောင် ဖန်တီးထားပါတယ်။ ကိုင်တွယ် အသုံးပြုတဲ့အခါမှာလည်း ထူးခြားကောင်းမွန်အောင် ပြုလုပ်ပေးထားပါတယ်။ အရှေ့ဘက် မျက်နှာပြင်တစ်ခုလုံးကို 2.5D Edges Corning Gorilla Glass ဖြင့် ကာကွယ်ထားပေးထားပါတယ်။ လက်တစ်ဖက်ထဲနဲ့ ကိုင်တွယ် သုံးလို့ အဆင်ပြေပါတယ်။ Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။ ဖုန်းအောက်ခြေမှာ Audio Jack , Primary Microphone , microUSB Port , Speaker များ တပ်ဆင်ထားပါတယ်။ ဘယ်ဘက်မှာ SIM Tray နဲ့ ညာဘက်မှာ ပါဝါနဲ့ အသံခလုတ်များ တပ်ဆင်ထားပါတယ်။

blank

Battery Life

V5 မှာ ၅.၅ လက်မ HD IPS Display တပ်ဆင်ထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၆၇ ဖြစ်ပြီး အားနည်းပေမယ့် စကရင်မှာတော့ ရုပ်ထွက်များက ကြည်လင်ပြတ်သားပါတယ်။ အရောင် တိကျမှုအပိုင်းမှာ အလွန်ကောင်းမွန်ပါတယ်။

blank

V5 မှာ 3000mAh Battery တပ်ဆင်ထားပြီး မိနစ် ၃၀ အတွင်းမှာ ၂၅ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ ၅၅ မိနစ်မှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးမှာပါ။ ဖုန်းပြောရင် အလွန် အသုံးခံပြီး ဗီဒီယိုများ ကြည့်ရင် ဘက်ထရီ သက်တမ်းမှာ သင့်တင့်ပါတယ်။

V5 ဟာ Dual SIM Phone ဖြစ်ပြီး SIM Slot တစ်ခုကို Nano SD/ microSD Card ဖြင့် မျှေ၀ အသုံးပြုနိုင်ပါတယ်။ တစ်ကဒ်က 4G သုံးနေရင် အခြား ကဒ်က 3G ကို သုံးနိုင်ပါတယ်။ နှစ်ကဒ်လုံးမှာ 3G ကို တစ်ပြိုင်နက် သုံးနိုင်ပါတယ်။ USB OTG ကို ထောက်ပံ့ပါတယ်။ ဘက်ထရီသက်တမ်းအတွက် 3000 mAh ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ နှုန်းထားဟာ ဖုန်း နဲ့ ဂိမ်းဆော့လိုသူတွေအတွက် ၁ ရက်စာ နီးပါး ကောင်းကောင်း သုံးစွဲစေနိုင်ပါလိမ့်မယ်။

blank

Performance

V5 ကို စွမ်းရည်သင့် MediaTek MT6750 Chipset က မောင်းနှင်ပေးပါတယ်။ 1.5GHz Octa-Core-A53 Processor ဖြစ်ပါတယ်။ GPU အနေဖြင့် Mali-T860 ပါပါတယ်။ 4GB RAM ပါပါတယ်။ Apps များကို ဖွင့်ခြင်း၊ အသုံးပြုခြင်းများ ပြုလုပ်ရင် လျှင်မြန်ပါတယ်။ Multitasking လုပ်ရင် နှောင့်နှေးခြင်း မရှိတာကို တွေ့ရပါတယ်။ ဂိမ်းများ ကစားတဲ့ အခါမှာလည်း ထစ်ခြင်း မရှိပါဘူး။ ဒါပေမယ့် စွမ်းရည်မြင့် ဂိမ်းများ ကစားရင်တော့ မထစ်အောင် ဂရပ်ဖစ် အရည်အသွေးကို လျှော့ချပေးထားပါတယ်။ V5 ဟာ ပျမ်းမျှအားဖြင့် စွမ်းဆောင်ရည် အပိုင်းမှာ သင့်တင့် ကောင်းမွန်တာကို တွေ့ရပါတယ်။

blank

Camera

Vivo ဟာ ကင်မရာ ပိုင်း ကို အထူးဂရုပြုတည်ဆောက်ထားတဲ့အတွက် ရုပ်ထွက်အရည်အသွေး တွေ နဲ့ ကင်မရာပိုင်းတွေမှာ တိကျလှပတဲ့ လုပ်ဆောင်ချက်တွေကို ရရှိစေနိုင်တဲ့ Sony ကုမ္ပဏီ နဲ့ ပူးပေါင်းပြီး ဆင်ဆာ(အာရုံခံစနစ်) ကို စနစ်တကျ တည်ဆောက်ခဲ့ပါတယ်။

V5 V5 ရဲ့ အနောက်ဘက်မှာ အလင်းဝင်ပေါက် f/2.2 ပါတဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ အလွန် တိကျတဲ့ Selfie များ ဖန်တီးပေးတဲ့ 20MP Sony IMX376 Sensor တပ်ဆင်ထားပါတယ်။

အရှေ့ ကင်မရာက အလွန် အသေးစိတ်ကျတဲ့ Selfie ဓါတ်ပုံများကို ဖန်တီးပေးနိုင်ပါတယ်။ အရောင်များကလည်း ပြည့်စုံလှပပါတယ်။ အလင်းရောင် နည်းပါးတဲ့ အခြေအနေမှာ လအလင်းလို မှိန်ဖျော့တဲ့ အလင်းကို ပံ့ပိုးပေးတဲ့ LED Flash စွမ်းဆောင်ချက် ထည့်သွင်းပေးထားတဲ့ အတွက် အလင်းစူးရှတဲ့ ဓါတ်ပုံများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Vivo က Moonlight Flash လို့ အမည်ပေးထားပါတယ်။ Full HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။

blank

အနောက် ကင်မရာက အရှေ့ ကင်မရာလောက် မကောင်းဘူး လို့ ထင်ချင်စရာ ပါ။ ဒါပေမယ့် 13MP Camera ဖြစ်တဲ့အတွက် အရည်အသွေးက မညံ့ပါဘူး။ ဗီဒီယိုအနေနဲ့ Full HD အရည်အသွေးကို ဖမ်းယူပေးနိုင်ပါတယ်။ High Dynamic Range (HDR) , Panorama , Beautification Mode, Professional Mode , Slow-Motion Mode များ ပါဝင်ပါတယ်။

blank

ဒါဟာ သူရဲ့ ပါဝင်ဖွဲ့စည်းမှုတွေ ပါပဲ။ ဝေဖန်ချင်တာ တစ်ခု တော့ Android Version နိမ့်တာကို အပြစ်ပြောနိုင်ပါတယ်။ V5 Black ဟာ Android 6.0 ကို အခြေခံပြီး Vivo ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Funtouch OS 2.6 ကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။ အဲဒါ နဲ့ လိုက်ဖက်ညီတဲ့ ပရိုဆက်ဆာ ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် OS version နိမ့်ကောင်းနိမ့်ပါလိမ့်မယ်။ ဒါပေမယ့် မျှခြေ ကို ပြန်စဉ်းစားတဲ့အခါမှာ ပရိုဆက်ဆာ ၊ ဗားရှင်း ၊ ဘက်ထရီ စွမ်းရည်တွေဟာ သင့်တင့်လောက်င ပြီး Mid Range ဖုန်းတစ်လုံး အနေနဲ့ စိတ်ကြိုက်ဖြစ်စေမှာတော့ သေချာလှပါတယ်။ အဲဒီအတွက် Mid Range အမျိုးအစား Vivo V5 ဟာ ပေးအပ်ထားတဲ့ လုပ်ဆောင်ချက်တွေနဲ့ တောင်းဆိုထားတဲ့ ကျသင့်ငွေ မျှတရဲ့လား ဆိုတဲ့ အဖြေကတော့ သုံးစွဲသူအပေါ်မှာ မူတည်လိမ့်မယ် ထင်ပါတယ်။

Rref : Vivo,Wiki, Engadget

%d bloggers like this: