0 Shares 56 Views

Facebook အကောင့်ကို အလုံခြုံဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ

Feb 21, 2016
0 56

Facebook ဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ကျွန်တော်တို့ဟာ သတင်းတွေ၊ဗဟုသုတအကြောင်းအရာတွေ ဖတ်ကြ၊ ဆွေးနွေးကြ၊ မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေ စကားလက်ဆုံကျကြ၊ စီးပွားရေးအလုပ်ကိစ္စတွေ လုပ်ကြနဲ့ Facebook ဟာ ကျွန်တော်တို့ဘ၀ရဲ့ နေစဉ်မရှိမဖြစ်အရာတစ်ခုလို ဖြစ်လာပါပြီ။

ကိုယ့်ရဲ့ ကိုယ်ပိုင် Facebook အကောင့်တစ်ခု တခြားသူလက်ထဲရောက်သွားတာဟာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေပါသွားနိုင်သလို၊ မသမာသူက ကိုယ့်အနေနဲ့ မဟုတ်တမ်းတရားတွေ လျှောက်ရေးသွားတဲ့အခါ ဒုက္ခများနိုင်ပါတယ်။ ဒီအတွက်ကြောင့် စာဖတ်သူအနေနဲ့ ကိုယ့် Facebook အကောင့်ကို ဘယ်လိုလုံခြုံစိတ်ချအောင်လုပ်နိုင်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ Strong Password (စိတ်ချရတဲ့စကားဝှက်တစ်ခု) ပေးထားပါ။

များသောအားဖြင့် လူတော်တော်များများဟာ ကိုယ့်နာမည်၊ မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် စတာတွေကိုပဲ password အနေနဲ့ ပေးတတ်လို့၊ မသမာသူဟက်ကာတစ်ယောက်အနေနဲ့ ခန့်မှန်းရ အရမ်းလွယ်စေပါတယ်။

ကိုယ့်အကောင့်ကို သူများလက်ထဲမပါစေချင်ရင် အလုံခြုံဆုံးတစ်ချက်ကတော့ မှန်းရခက်ခဲပြီး၊ မိမိတစ်ယောက် တည်းသာသိနိုင်တဲ့ password ကိုပေးပါ။ အကောင်းဆုံး password ပေးနည်းကတော့ စာလုံးအသေးအကြီး၊ နံပါတ်နဲ့ သင်္ကေတတွေ တွဲပေးနည်းပါ။

Capture

 

၂။ အကောင့်မှာ ကိုယ့်မိုဘိုင်းဖုန်းနံပါတ်ကို ထည့်ပြီး Confirm လုပ်ထားပါ။

ကိုယ့် Facebook အကောင့်မှာ ကိုယ်ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်ကိုဖြည့်ကာ၊ Confirm အတည်ပြုမှု ရယူထားဖို့ လိုပါတ်ယ။ အကယ်၍ အကောင့် password ကို မမှတ်မိတော့တာမျိုးဆိုရင်၊ password အသစ်ကို SMS မက်ဆေ့ကနေတဆင့် လှမ်းတောင်းနိုင်ပါတယ်။

ကိုယ့်ဖုန်းနံပါတ်ထည့်ထားဖို့အတွက် ပထမဦးဆုံး Account Settings ထဲဝင်ပါ။ Mobile ဆိုတဲ့ဖုန်းပုံလေးကို နှိပ်လိုက်ပါ။ + Add a Phone ဆိုတာကို ရွေးပေးပါ။ ထို့နောက် ကိုယ်လက်ရှိကိုင်နေတဲ့နံပါတ်ကို ရိုက်ထည့် ပေးလိုက်ရင် Facebook ကနေ ကုဒ်နံပါတ်ကို SMS တစ်စောင်နဲ့ ပို့ပါလိမ့်မယ်။ မိမိဖုန်းနံပါတ်ကို Facebook နဲ့ ပေါင်းထားတာက လိုအပ်တဲ့အခါ ကိုယ့် Facebook အကောင့်ကို ပြန်ရယူနိုင်မယ့် အကောင်းဆုံးနည်းလမ်း တစ်ခုလည်းဖြစ်ပါတယ်။

2014_text_click

 

၃။ ‘Login Approvals’ လုပ်ထားပါ။

Login Approvals ဆိုတာ Facebook က ပေးစွမ်းထားတဲ့ လုံခြုံရေးဆိုင်ရာ feature တစ်ခုဖြစ်ပါတယ်။ ကိုယ့် အကောင့်ကို တခြားသူတယောက်က မသိတဲ့ဖုန်းတစ်လုံးကနေ၊ ကွန်ပြူတာ browser ကနေ ၀င်မယ်ဆိုရင် password အပြင် နောက်ထပ် လုံခြုံရေးကုဒ်တစ်ခု (security code) ထပ်ထည့်ပေးရမှာဖြစ်ပါတယ်။ ဒီ code ကို မိမိ Android စမတ်ဖုန်းရဲ့ code generator ထဲကနေဖြစ်စေ၊ (သို့မဟုတ်) ဖုန်းထဲကို Facebook က မက်ဆေ့ပို့၍ဖြစ်စေ ရယူနိုင်ပြီပါတယ်။ တကယ်လို့ ကိုယ့်အကောင့်ကို တခြားလူက password သိရင်တောင် ဒီကုဒ်ရှိမှ အကောင့်ထဲဝင်လို့ရမှာဖြစ်ပါတယ်။

Login Approvals ကို သုံးမယ်ဆိုရင် Account Settings ထဲကနေတဆင့် Security ထဲဝင်ပါ။ Login Approvals ဆိုတဲ့စာသားကိုရှာပြီး၊ Edit ခလုတ်ကို ကလစ်နှိပ်လိုက်ပါ။ မိုဘိုင်းဖုန်း app မှာဆိုရင် Login Approvals On ဆိုတဲ့ဘေးမှာ အမှန်ခြစ်လိုက်ပါ။

facebook-security-settings-login-approvals1

 

နောက်ထပ် Popup window တစ်ခုပေါ်လာရင်၊ Set Up Now ဆိုတာကို နှိပ်လိုက်ပါ။ ဒီအခါ မိမိ မိုဘိုင်းဖုန်းနံပါတ်ကို ပေးထားပြီးသားဆိုရင်၊ စာဖတ်သူဖုန်းထဲကို Facebook ကနေ ကုဒ်တစ်ခု SMS နဲ့ ပို့ပေးပါလိမ့်မယ်။ ပေးထားတဲ့ box ထဲမှာ ဒီကုဒ်ကို ရိုက်ပေးပြီး Submit Code လုပ်လိုက်ပါ။

2

 

၎။ အရင်က တခြားစက်တွေကနေ ကိုယ့် Facebook ကို ၀င်မိထားတာတွေ ပြန်ဖျက်ပါ

Facebook ရဲ့ နောက်ထပ်အမိုက်စား feature တစ်ခုကတော့ ကိုယ်အရင်က တခြားစက်တွေနဲ့ ကိုယ့် Facebook အကောင့်ထဲ ၀င်ထားတာကို ပြန်ကြည့်လို့ရပါတယ်။

ဒီမှာတော့ စာဖတ်သူရဲ့ Facebook အကောင့်ကို တခြားဖုန်းတွေ၊ ကွန်ပြူတာတွေမှာ ၀င်ထားမိရင်၊ ဒီကနေ ထွက်သွားအောင် လှမ်းလုပ်နိုင်ပါတယ်။ ကိုယ်ဝင်ထားတဲ့ နေ့ရက်၊ အချိန်၊ စက်ပစ္စည်း (ဥပမာ Android ဖုန်း၊ ဒါမှမဟုတ် Windows 7 စနစ်က Firefox ကနေ) စတာတွေကို လိုက်လံစစ်ဆေးပြီး၊ မလိုတာတွေကို အမှား ခြစ်နှိပ်ကာ ပိတ်ပစ်ပါ။

active-sessions

 

၅။ Private Browsing သုံးပါ

ကိုယ့်အကောင့်ကို တခြားသူတစ်ယောက်မသုံးနိုင်အောင် လုပ်နိုင်တဲ့နောက်တစ်နည်းကတော့၊ ‘Private Browsing’ လုပ်ခြင်းပါ။ ဖုန်းကော ကွန်ပြူတာက browser တွေမှာ ဒီ Private Browsing ဆိုတဲ့ ဖန်ရှင် ပါပါတယ်။ Private Browsing လုပ်ထားခြင်းအားဖြင့် ကိုယ်သုံးတာတွေက browser ရဲ့ history ထဲ မရောက်သွားတော့ပါဘူး။

Firefox ကနေ Private Browsing သုံးမယ်ဆိုရင်

ညာဘက် menu နားက မျဉ်းကြောင်းလေးတွေကို နှိပ်ပြီး နောက်ထပ် tab တစ်ခုကို Private Browsing နဲ့ သုံးနိုင်သလို၊ မြန်မြန်ဆန်ဆန်ပဲ control+shift+P နှိပ်ပြီးလည်း ခေါ်သုံးနိုင်ပါတယ်။

aerkae

 

Chrome မှာဆိုရင်

Chrome browser ကနေဆိုရင် ညာဘက်ဘားလေးကို နှိပ်လိုက်တဲ့အခါ၊ list တစ်ခုကျလာပြီး၊ New Incognito Window ဆိုတာကို ရွေးပေးလိုက်ပါ။

၆။ Keep Me logged In ဘယ်တော့မှ မလုပ်ထားပါနဲ့။

Facebook အကောင့် စ၀င်ဝင်ချင်း၊ email နဲ့ password ရိုက်ရတဲ့နေရာမှာ ‘Keep me logged in’ ဆိုတဲ့ စာသားလေးရှိပါတယ်။ ဒီဘေးမှာ အမှန်ခြစ်ထားရင် နောက်တစ်ခါ ကိုယ် facebook ၀င်ချင်တဲ့အခါ၊ password ပြန်ရိုက်နေစရာမလိုဘဲ တန်းဝင်နိုင်ပါတယ်။ ဒါပေမယ့် email နဲ့ password ရိုက်ဖို့ကို အပျင်းမကြီးပါနဲ့။ ကိုယ်မရှိတဲ့အချိန်မှာ တခြားသူတယောက်က ကိုယ့် Facebook အကောင့်ကို အလွယ်တကူယူသွားနိုင်သလို၊ တခြားစက်မှာဝင်ပြီး၊ Keep me Logged In လုပ်ထားရင် ကိုယ့်အကောင့်ကျန်ခဲ့နိုင်ပါတယ်။

how to find friends on facebook001

 

၇။ တွေ့ကရာ Link တွေကို ကလစ်လိုက်မနှိပ်ပါနဲ့

Facebook ဟာ spam link တွေကို အမြဲလိုလိုစစ်ဆေးကာ၊ သူ့ရဲ့ feature တွေကို ကောင်းမွန်အောင် အမြဲလုပ်နေပါတယ်။ ဒါပေမယ့် spam link တွေကတော့ အမြဲလိုလိုရှိနေပါတယ်။ ဒီလင့်ခ်တွေကို နှိပ်လိုက်မိရင် ၀က်ဆိုဒ်အတုတွေထဲခေါ်သွားပြီး၊ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုယူတာ၊ ဒါမှမဟုတ် ကိုယ့်ကွန်ပြူတာ ကို ဖျက်ဆီးတာ၊ Facebook Log In ပြန်ဝင်ခိုင်းပြီး သင့်အကောင့်ကို ရယူသွားတာတွေ ဖြစ်နိုင်ပါတယ်။

19-300x159

Ref: Hongkiat

 

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
310 shares787 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Leave a Comment

Most from this category