အရှေ့ဘက် မျက်နှာပြင် နှစ်ခု ပါတဲ့ LG V30

LG ရဲ့ V Series စမတ်ဖုန်းများဟာ စကရင်အပိုင်းမှာ ထူးခြားဆန်းသစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ LG V10 မှာ မျက်နှာပြင်ရဲ့ အထက်မှာ အပို မျက်နှာပြင်ငယ်တစ်ခု ပါလာပါတယ်။ LG V20 မှာလည်း ပိုမိုကြီးမားတဲ့ မျက်နှာပြင်ငယ်တစ်ခုကို တပ်ဆင်ထားပါတယ်။

နောက်ထွက်မယ့် LG V30 မှာတော့ ဖုန်းရဲ့ အနောက်ဘက်ကနေ အပို မျက်နှာပြင်ကို အောက်သို့ ဆွဲချ၍ Slide Phone စတိုင် အသုံးပြုရမှာ ဖြစ်ပါတယ်။ LG V30 ရဲ့ ဓါတ်ပုံများကို Twitter မှာ Evan Blass ဆိုသူက တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဓါတ်ပုံများ အရ LG V30 ဟာ မျက်နှာပြင် ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်ပြီး အပိုမျက်နှာပြင်မှာ ကီးဘုတ်၊ အသံခလုတ်များနဲ့ အသုံးပြုမှု အများဆုံး Apps များကို ထားရှိပေးထားပါတယ်။

အပိုမျက်နှာပြင်ကို ပိတ်ထားရင်တောင် တစ်စိတ်တစ်ပိုင်းကို မြင်နေရပြီး အချိန်နဲ့ ရာသီဥတုများကို ပြသထားတဲ့ Always-on Screen အဖြစ် ဖန်တီးပေးထားပါတယ်။ အနောက်ဘက် အလူမီနီယမ် ကိုယ်ထည်မှာ ကင်မရာ နှစ်လုံးနဲ့ Flash များကို ပူးတွဲ တပ်ဆင်ထားပါတယ်။

Blass က အဲဒီ ဓါတ်ပုံများဟာ အဟောင်းများ ဖြစ်နိုင်တဲ့အတွက် V30 ဟာ လုံး၀ ကွဲပြားတဲ့ ဒီဇိုင်းနဲ့လည်း ထွက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ LG ဟာ Samsung လို အပိုမျက်နှာပြင်ကွေး ပါတဲ့ စမတ်ဖုန်း ဒီဇိုင်းကို မဖန်တီးဘဲ ကွဲပြားတဲ့ မျက်နှာပြင် နှစ်ခုပါတဲ့ ဒီဇိုင်းကို ဖန်တီးနေပါတယ်။ LG ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းများဟာ Samsung ကို ယှဉ်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ref : mashable

%d bloggers like this: