0 Shares 23 Views

သင့်ဖုန်းနဲ့တက်ဘလက်က Android Version ကိုဘယ်လို Update လုပ်မလဲ

သင့် Android ဖုန်းက အကောင်းဆုံး လုပ်ဆောင်ချက် နဲ့ Features တွေရရှိနိုင်ဖို့အတွက် သင့်ဖုန်းမှာ အလုပ်လုပ်နေတဲ့ Software ကို နောက်ဆုံးထွက် Version ဖြစ်အောင် Update လုပ်ဖို့လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဖုန်းနဲ့ တက်ဘလက်တွေမှာ ဘယ်လို Update လုပ်မလဲဆိုတာကို ပိုမိုသိရှိဖို့ အခုအကြောင်းအရာလေးကို ရေးပေးမှာဖြစ်ပါတယ်။

၁) အရင်ဆုံးသင့်အနေနဲ့ သင့်ဖုန်းက ဘယ်Version နဲ့အလုပ်လုပ်တယ်ဆိုတာ သိနေဖို့လိုအပ်ပါတယ်။ တကယ်လို့ သင့်ဖုန်းမှာ နောက်ဆုံးထွက် Version ရှိနေတယ်ဆိုရင် သင့်အနေနဲ့ Update လုပ်ဖို့ မလိုအပ်လို့ ဖြစ်ပါတယ်။ စစ်ဆေးဖို့ကလည်း လွယ်ကူပါတယ်။ အခုနောက်ဆုံးထွက်ထားတဲ့ Android Version ကတော့ 6.0 Marshmallow ပဲဖြစ်ပါတယ်။ Android 5.x ကို Lollipop လို့ခေါ်ပါတယ်။ အဲ့ဒီအောက်နည်းနည်းနိမ့်တဲ့ 4.4x ကတော့ KitKat လို့ခေါ်ပြီး၊ 4.3, 4.2 နဲ့ 4.1 အပါအဝင် အောက်ပိုင်းကိုတော့ Codename အနေနဲ့ Jelly Bean လို့ခေါ်ပါတယ်။

Android System Update 1

၂) Version Update လုပ်ဖို့အတွက် ဘယ်Android ဖုန်းမျိုးမဆို Setting ထဲသွားပြီးလုပ်ရမှာပါ။

Android System Update 2

 

၃) Setting ထဲရောက်ရင် ဟိုးအောက်ဆုံးထိ Menu ကိုဆွဲသွားပြီး ‘About Phone’ ဒါမှမဟုတ် ‘About Tablet’ ကိုသွားပါ။ တစ်ခုနဲ့တစ်ခုတော့ တူချင်မှ တူပါလိမ့်မယ်။ တချို့ဖုန်းတွေက General ထဲအရင် ဝင်ပြီးမှ လုပ်ရပါတယ်။

Android System Update 3

 

၎) About Phone ထဲမှာ သင့်အနေနဲ့ Software Update ကိုဝင်လိုက်ပါ။ သင်ယခုတင်ထားတဲ့ Android ဖုန်းထဲက Android Version ကိုတွေ့ရပါလိမ့်မယ်။ တချို့ဖုန်းတွေကလည်း Android Version ကိုတစ်ခါတည်းပြပေးပါလိမ့်မယ်။

Android System Update 4

၅) အဲ့ဒီမှာ တကယ်လို့သင့်အနေနဲ့ ဖုန်းက Update ရတယ်ဆိုရင် Update Available လို့ပြောမှဖြစ်ပြီး ‘Software Update Check’ လို့တစ်ချို့ဖုန်းတွေကပြမှာပါ အတူတူပါပဲ။ တကယ်လို့ သင့်ဖုန်းက Update လုပ်လို့ရတယ်ဆိုရင် ဖုန်းက သင့်ကို Update Version ကို တပ်ဆင်လိုခြင်းရှိမရှိမေးပါလိမ့်မယ်။ သင်ရွေးချယ်လိုက်ရင် System ကို Download လုပ်ပြီး တပ်ဆင်မှာဖြစ်ပါတယ်။ သင် ဖုန်းကို Restart ဒါမှမဟုတ် Reboot လုပ်လိုက်ရင် Update Version ကစတင်အသက်ဝင်မှာဖြစ်ပါတယ်။

တစ်ချို့ Version တွေက ဆိုက်ကြီးတာကြောင့် သင့်အနေနဲ့ Data နဲ့ မဆွဲဘူးဆိုရင် Wi-Fi နဲ့မှဆွဲနိုင်ပါတယ်။ ဖုန်းတော်တော်များများက တကယ်လို့ Version အသစ်ထွက်ပြီဆိုရင် Notification ပြမှာဖြစ်ပါတယ်။ တကယ်လို့ မပြဘူးဆိုရင်သာ အထက်ကလို စစ်ဆေးပြီး Update လုပ်ရမှာဖြစ်ပါတယ်။

Android System Update 5

 

Ref: PC Advisor

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares775 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1172 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category