Computex ဟာ ကမ္ဘာအဝန်းမှ နည်းပညာ ကုမ္ပဏီများရဲ့ ထူးခြားဆန်းသစ်တဲ့ လက်တော့ အသစ်များကို အပြိုင်အဆိုင် ပြသကြတဲ့ ပွဲ ဖြစ်ပါတယ်။ ထိုင်ပေမှာ နှစ်စဉ်ကျင်းပတဲ့ ပွဲဖြစ်ပြီး ယခုနှစ်မှာ မေလ ၃၀ ကနေ ဇွန်လ ၃ ရက်နေ့အထိ ပြသမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Asus က ပွဲမတိုင်ခင် တစ်ရက်အလိုမှာ သူ့ရဲ့ လက်တော့အသစ်များကို မိတ်ဆက်လိုက်ပါတယ်။
ZenBook Flip S
Flip S ဟာ ကမ္ဘာ့အပါးလွှာဆုံး လက်တော့၊ တက်ဘလက် နှစ်မျိုးသုံုး ဖြစ်တယ်လို့ Asus မှ Jonney Shih က ပြောပါတယ်။ ၁၀.၉ မီလီမီတာ အထူရှိပြီး Apple MacBook ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပါးလွှာတယ်လို့ Asus က ပြောပါတယ်။ ၂.၄၂ ပေါင်သာ ရှိတဲ့အတွက် အလွန် ပေါ့ပါးပါတယ်။ Core i7 Processor ရဲ့ စွမ်းအင် စားသုံးမှု နည်းပါးခြင်းကြောင့် ၁၁.၅ နာရီ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် Asus က ထည့်သွင်းထားတဲ့ Chip Model ကို အတိအကျ မပြောသေးပါဘူး။ USB-C Port တစ်ခု တပ်ဆင်ထားပါတယ်။ ၁၃.၃ လက်မ 4K Display ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့အတွက် တက်ဘလက်လို သုံးနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၀၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
ZenBook Pro
ZenBook Pro အသစ်က အဖက်ဖက်က ကောင်းမွန်တဲ့ လက်တော့ပါ။ Nvidia GTX 1050Ti GPU , 15.6” 4K Display နဲ့ H-Series Core i7 CPU များ တပ်ဆင်ထားပါတယ်။ ၁၈.၉ မီလီမီတာ အထူရှိပါတယ်။ ၁၄ နာရီ အသုံးခံတယ်လို့ Asus က ပြောပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ဒေါ်လာ ၁၂၉၉ ဖြစ်ပါတယ်။
ZenBook 3 Deluxe
Asus က ယခင်နှစ်ထုတ် ZenBook 3 ကို ကမ္ဘာ့ အဆင့်အတန်း အမြင့်မားဆုံး လက်တော့လို့ ညွှန်းဆိုခဲ့ပါတယ်။ ဒီနှစ်မှာလည်း ZenBook 3 Deluxe ကို အဲဒီလို ညွှန်းဆိုလိုက်ပါတယ်။ ZenBook 3 ထက် Deluxe Model က ပိုမိုကြီးမားပြီး Asus က ၁၄ လက်မ လက်တော့ထဲမှာ ကမ္ဘာမှာ အပါးလွှာဆုံးလို့ပြောပါတယ်။ သူ့ရဲ့ အထူမှာ ၁၂.၉ မီလီမီတာ ဖြစ်ပါတယ်။ Core i7 Processor ထည့်သွင်းထားပြီး မော်ဒယ်ကို မသိရသေးပါဘူး။ Full HD Display တပ်ဆင်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၁၉၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။
VivoBook S
VivoBook S ဟာ ၄၉၉ ဒေါ်လာသာ ရှိတဲ့ တန်ဖိုးနည်း လက်တော့ ဖြစ်ပြီး ၁၇.၉ မီလီမီတာ အထူရှိပါတယ်။ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး MacBook Pro နဲ့ ဆင်တူပါတယ်။ Core i7 Processor နဲ့ Nvidia GTX 940MX GPU အထိ ရွေးချယ်နိုင်ပါတယ်။ ၁၅ လက်မ မျက်နှာပြင် ကတော့ အရည်အသွေး မြင့်မားခြင်း မရှိပေမယ့် ပေးရတဲ့ ငွေကြေးနဲ့ ညီမှျှတဲ့ Specification ကို ပိုင်ဆိုင်မှာပါ။
VivoBook Pro
VivoBook Pro ဟာ စွမ်းဆောင်ရည်သင့် လက်တော့ ဖြစ်ပြီး ၁၅.၆ လက်မ 4K Display တပ်ဆင်ထားပါတယ်။ Core i7 Processor , GTX 1050 GPU ထည့်သွင်းထားပြီး ၇၉၉ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
ref: theverge
You must be logged in to post a comment.