0 Shares 15 Views

Messenger မှာလည်း ကြော်ငြာတွေထည့်ပြီး ပိုက်ဆံရှာဖို့ Facebook စီစဉ်နေ

Feb 20, 2016
0 15

Facebook ဟာ ၄င်းတို့ကုမ္ပဏီနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ အကြီးဆုံးကြော်ငြာလုပ်ငန်းကုမ္ပဏီကြီးတွေကို ပေးပို့ခဲ့တဲ့ စာရွက်စာတမ်းတစ်စောင်ဟာ အပြင်ကိုပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါစာရွက်စာတမ်းအရ Facebook ဟာ ၂၀၁၆ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်းမှာ Messenger ထဲ ကြော်ငြာတွေ ထည့်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Facebook မှာ သုံးစွဲသူ customer တွေနဲ့ message box ထဲမှာ စကားပြောဖူးပြီးသား စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေအနေနဲ့၊ အဆိုပါ user တွေကို ပစ္စည်းရောင်းချမှုသတင်းတွေ၊ ထုတ်ကုန်ပစ္စည်းရဲ့အချက်အလက် တွေကို မက်ဆေ့ပို့သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးလုပ်ငန်း/ကုမ္ပဏီတစ်ခုအနေနဲ့ တခါမှ မိမိနဲ့ မက်ဆေ့မဆက်သွယ်ဖူးတဲ့လူကိုတော့ ကြော်ငြာတွေ ပို့နိုင်မှာမဟုတ်ကြောင်းလည်း၊ ပေါက်ကြားလာတဲ့စာရွက်စာတမ်းမှာ ဖော်ပြပါရှိပါတယ်။

ဒါပေမယ့်၊ Facebook ကုမ္ပဏီဟာ စီးပွားရေးလုပ်ငန်းတွေကို လူအများအပြားနဲ့ ဆက်သွယ်ပြောဆိုဖို့ တိုက်တွန်းလျက်ရှိပြီး၊ Messenger ကနေ ကြော်ငြာပို့နိုင်တဲ့ feature ထွက်လာတာနဲ့၊ လူအများအပြားကို ကြော်ငြာတွေပို့နိုင်အောင် ဖြစ်တယ်လို့သိရပါတယ်။

ဒါဟာ သိပ်အံ့သြစရာကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ Facebook အနေနဲ့ မကြာမီက စီးပွားရေးလုပ်ငန်းတွေကို ဦးတည်တဲ့ feature တွေဖြစ်တဲ့၊ Call-to-action ခလုတ်၊ ကြိုတင်ဘွတ်ကင်ယူနိုင်တဲ့ feature စတာတွေ ထုတ်ပေးခဲ့တာကြောင့်၊ ကျွန်တော်တို့အနေနဲ့ သိပ်မကြာခင်မှာ Messenger ထဲ ကြော်ငြာတွေ မြင်တွေ့လာရဖို့ ရှိနေပါတယ်။

Ref: TechCrunch ၊ Business Insider

 

 

 

 

 

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category