0 Shares 58 Views

မိုဘိုင်းသုံး Skype ကနေ မိတ်ဆွေ၊သူငယ်ချင်းအဖွဲ့လိုက် ဗီဒီယိုဖုန်း ခေါ်ဆိုနိုင်ပြီ

Feb 20, 2016
0 58

Android ၊ iOS နဲ့ Windows 10 မိုဘိုင်းဖုန်းတွေမှာ မိတ်ဆွေ၊သူငယ်ချင်းအဖွဲ့လိုက် အခမဲ့ဗီဒီယိုဖုန်းခေါ်ဆိုနိုင်တဲ့ feature တစ်ခုကို လွန်ခဲ့တဲ့လမှာ Skype က စတင်မိတ်ဆက်ခဲ့ပြီး၊ ယခုအခါ တရားဝင်အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ အနောက်ဥရောပနဲ့ မြောက်အမေရိကဒေသတွင်းမှာပဲ အုပ်စုလိုက်ဗီဒီယိုဖုန်း ခေါ်ဆိုမှုကို သုံးစွဲနိုင်ဦးမှာဖြစ်ပြီး၊ နောက်လအတွင်း တစ်ကမ္ဘာလုံးသုံးစွဲနိုင်အောင်ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Skype ဟာ အရင်ကလည်း အုပ်စုလိုက်ဗီဒီယိုဖုန်းခေါ်ဆိုမှုကို ပေးအပ်ထားပေမယ့် Skype for Business ကို လစဉ်ကြေးပေးကာသုံးစွဲသူတွေအတွက်သာဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့သုံးစွဲသူအားလုံးလည်း group video call သုံးနိုင်လာတာဖြစ်ပါတယ်။

Android ၊ iOS နဲ့ Windows ဖုန်းတွေမှာ ဖန်သားပြင်အပြည့် HD အရည်အသွေး ဗီဒီယိုဖုန်းခေါ်ဆိုမှုလုပ်နိုင်ပြီး၊ အသွင်အပြင်ပိုင်းမှာ ရိုးရှင်းမှုရှိအောင်လည်း ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ဒီ့အပြင် ကုမ္ပဏီရဲ့ SILK အသံ codec ကို အသုံးပြုထားတာကြောင့် ကြည်လင်ပြတ်သားတဲ့အသံကို ကြားနိုင်မှာဖြစ်ပါတယ်။

Skype group video call ကို အသုံးပြုဖို့အတွက် WhatsApp ၊ Messenger ၊ Twitter နဲ့ Facebook က သူငယ်ချင်းတွေကို လှမ်းဖိတ်ကြားနိုင်ပြီး၊ အဝေးရောက်မိသားစု၊သူငယ်ချင်း၊စီးပွားဖက်မိတ်ဆွေ အားလုံး မိမိဖုန်းကနေတဆင့် အလွယ်တကူ မြင်တွေ့ဆက်သွယ်နိုင်တော့မှာဖြစ်ပါတယ်။

Ref: Gadgets 360

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
310 shares787 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Leave a Comment

Most from this category