မြန်မာငွေ သိန်း ၅ ၀၀၀ နီးပါး တန်တဲ့ Vertu ဖုန်း

Vertu ဟာ တန်ဖိုးကြီး စမတ်ဖုန်းများကို ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ ဖြစ်ပြီး အခုလည်း မြန်မာငွေ သိန်း ၅ ၀၀၀ နီးပါး တန်တဲ့ ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။

Vertu Signature Cobra လို့ အမည်ပေးထားပြီး စုစုပေါင်း ၈ လုံးသာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ တရုတ်မှာ တစ်လုံးသာ ရောင်းချပေးမှာ ဖြစ်ပြီး ယွမ် ၂.၄၇ သန်းဖြင့် အွန်လိုင်း စတိုးဆိုင် Jingdong Mall ကနေ ရောင်းချပေးနေပါတယ်။ အမေရိကန် ဒေါ်လာအားဖြင့် ၃၆၀ ၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

ဖုန်းမှာ မြွေဟောက်တစ်ကောင်ကို ပတ္တမြားအလုံးပေါင်း ၄၃၉ လုံးဖြင့် အလှဆင်ထားပါတယ်။ မြွေရဲ့ မျက်လုံးနှစ်လုံးကို တန်ဖိုးကြီး အစိမ်းရောင် မြကျောက်နဲ့ အတူ ရွှေများ၊ ခရစ်စတယ်များဖြင့် အလှဆင်ထားပါတယ်။

ပြင်သစ် လက်ဝတ်ရတနာ ကုမ္ပဏီ Boucheron က ဖုန်းကို ဒီဇိုင်းဆွဲပေးထားတာ ဖြစ်ပြီး ဗြိတိန်မှာ စက်မပါဘဲ လက်ဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဖုန်းကို မတူညီတဲ့ အစိတ်အပိုင်းပေါင်း ၃၈၈ ခုဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဖုန်း ဝယ်ယူသူများထံ ဟယ်လီကော်ပတာဖြင့် အိမ်တိုင်ယာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

Cobra ဟာ စမတ်ဖုန်း မဟုတ်ဘဲ Feature Phone သာ ဖြစ်တဲ့အတွက် ဖုန်းပြောခြင်း ၊ စာပို့ခြင်းလောက်သာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ref : gizchina , tech.firstsport

%d bloggers like this: