အူရီဒူးမြန်မာမှ သောကြာနေ့တိုင်း ငွေဖြည့်အပိုလက်ဆောင်ရရှိမည့် အစီအစဉ်ကို မိတ်ဆက်

အူရီဒူးမြန်မာမှ သုံးစွဲသူများအနေဖြင့် Easy Top Up ကို အသုံးပြုပြီး ဖုန်းငွေဖြည့်ပါက ငွေဖြည့် အပိုလက်ဆောင်ပမာဏ ပိုများစွာရှိရှိမည့် “သောကြာနေ့အထူး” အစီအစဉ်ကို ယနေ့စတင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ် အရ အူရီဒူး ဆင်းကတ်  အသုံးပြုသူများအနေဖြင့် ယနေ့ ၂၀၁၇ခုနှစ်၊ မေလ ၂၆ရက်နေ့မှ စတင်ပြီး အပတ်စဉ်သောကြာနေ့တိုင်းတွင် “သောကြာနေ့အထူး” အစီအစဉ်ဖြင့် ဖုန်းငွေဖြည့်ပြီး ငွေဖြည့်အပိုလက်ဆောင်များရယူနိုင်မည်ဖြစ်သည်။

ကျပ်၁,၀၀၀ မှ ကျပ် ၂,၉၉၉ အတွင်း ဖုန်းငွေဖြည့်ပါက ငွေဖြည့်သည့် ပမာဏပေါ်မူတည်ပြီး ၁၅% ဖုန်းငွေဖြည့်အပိုလက်ဆောင်ရရှိမှာဖြစ်ပြီး ကျပ်၃,၀၀၀ နှင့် ကျပ်၄,၉၉၉ အတွင်း ဖုန်းငွေဖြည့်ပါက ငွေဖြည့်သည့် ပမာဏပေါ်မူတည်ပြီး ၃၀% ဖုန်းငွေဖြည့်အပိုလက်ဆောင်ရရှိမည်ဖြစ်ကာ ကျပ်၅,၀၀၀နှင့်အထက် ဖုန်းငွေဖြည့်ပါက ငွေဖြည့်သည့် ပမာဏပေါ်မူတည်ပြီး ၅၀% ဖုန်းငွေဖြည့်အပိုလက်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရသည်။

Easy Top Up ဖြင့် ဖုန်းငွေဖြည့်ခြင်းကြောင့် ရရှိသော ငွေဖြည့်အပိုလက်ဆောင်ကို အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် ကျသလောက်သုံးအင်တာနက် ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲရန် သက်တမ်းမှာ တနင်္ဂနွေနေ့ သန်းခေါင်းရံအချိန်အထိဖြစ်သာဖြစ်သည်။

အူရီဒူး အနေဖြင့် Easy Top Up ဖြင့် ငွေဖြည့်နိုင်သော ဆိုင်များကို မြန်မာပြည်အနှံ့အပြားတွင် ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

%d bloggers like this: