အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ဝန်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ဝန်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ ဒေတာပေးပို့ရာတွင်ကြာချိန်နည်းခြင်း၊ နှင့် ဒေတာပမာဏအမြောက်အမြား ကို ထိထိရောက်ရောက်ဆက်သွယ်ပေးပို့နိုင်ခြင်း၊  ပိုမိုကောင်းမွန်သော ဒေတာသွားလာမှု ကြိမ်နှုန်းပမာဏ နှင့် ဝန်ဆောင်မှုအရည်အသွေးတိုင်းကြားခြင်းစနစ် (Qos) တို့ကို ကမ်းလှမ်းပေးသွားမည် ဖြစ်သည်။

အူရီဒူးမြန်မာ၏ IP-VPN ဝန်ဆောင်မှုသည် Multi-protocol Label Switching (MPLS) နည်းပညာပေါ်တွင် အခြေခံ၍ ၎င်း၏သီးသန့်ကွန်ရက်ကို အစမှအဆုံးအထိ စနစ်ကျနစွာ ချိတ်ဆက်ပေးထားပြီး ပြည့်ပြည့်ဝဝ စီမံဆောင်ရွက်ပေးသွားမည့် IP-MPLS Solution ဖြစ်ကာ အများသုံးအင်တာနက်ကွန်ရက်ဖြင့် ဆက်သွယ်ချိတ်ဆက်ခြင်းမရှိဘဲ သီးသန့်ကွန်ရက်ဖြင့် ဆက်သွယ်ချိတ်ဆက်ထားသောကြောင့် သုံးစွဲသူ၏စီးပွားရေးလုပ်ငန်းသုံး ဒေတာများအား အခြားကွန်ရက်မှတစ်ဆင့် ခိုးယူနှောက်ယှက်မှု၊ data breaches နှင့် DDos တိုက်ခိုက်ခံရမှုများ အစရှိသည်တို့အတွက်  ဖြစ်နိုင်ခြေအနည်းဆုံးဖြစ်အောင် လျှော့ချပေးမည်ဟု အူရီဒူးမြန်မာမှ အာမခံထားသည်။

အူရီဒူးမြန်မာ၏ Chief Business Officer ဖြစ်သူ Mr. Anadi Agnihotri က  Ooredoo Business အနေဖြင့် မြန်မာနိုင်ငံ၏ လုပ်ငန်းကြီးများအတွက် လိုအပ်ချက်များကို အဖြေရှာ၍ ဝန်ဆောင်မှုများ ကမ်းလှမ်းပေးနိုင်ရန်အတွက် ဆန်းသစ်သောနည်းများကို အမြဲရှာဖွေပြီး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိရာ IP-VPN သည် SLA ကို အခြေခံထားသည့် ဝန်ဆောင်မှုနဲ့အတူ နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့အပါအဝင်  ပိုမိုကောင်းမွန်သော ကွန်ရက်အာမခံချက်အပြည့်အဝရှိမည့် အချိန်မရွေး တစ်နှစ်ပတ်လုံးဝန်ဆောင်မှုပေးသည့် ဝန်ဆောင်မှုမျိုး ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

%d bloggers like this: