သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို မသုံးကြပါဘူး။ Lock Screen ကို သုံးခြင်းဖြင့် သင့်ရဲ့ ဒေတာများအား ခိုးယူခံရခြင်းမှ ကာကွယ်နိုင်ခြင်း၊ ကိုယ်ရေးကိုယ်တာ ဒေတာများ လုံခြုံစေခြင်း အပြင် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။

သင့် ဖုန်း စကရင်ကို Lock လုပ်ပါ။

သင့် စမတ်ဖုန်းမှာ Antivirus App များကို အင်စတော မလုပ်ခင်၊ ဒေတာများကို Encrypt မလုပ်ခင်နဲ့ အခြား အဆင့်မြင့် လုံခြုံရေး နည်းလမ်းများကို မသုံးခင်မှာ အရေးအကြီးဆုံး လုပ်ရမယ့် အလုပ်က Lock Screen ကို Setup လုပ်တာ ဖြစ်ပါတယ်။

စမတ်ဖုန်း ပိုင်ရှင် အများစုက PIN, Pattern , Fingerprint နဲ့ အခြားနည်းလမ်းများဖြင့် Lock Screen ကို မကာကွယ်ထားကြတဲ့အတွက် အခြားလူများက လက်ဖြင့် ပွတ်လိုုက်တာနဲ့ သူတို့ရဲ့ ဖုန်းများကို ဖွင့်နိုင်ပါတယ်။ Lock Screen ကို သုံးရင်တော့ ဖုန်း သုံးချင်တိုင်း အလုပ်အနည်းငယ် ရှုပ်မှာ ဖြစ်ပေမယ့် သင့် အဖိုးတန် ဒေတာများ လုံခြုံစေပါတယ်။

Lock Screen ကို မသုံးရင် ဘာဖြစ်မလဲ ?

Lock Screen မသုံးရင် သင့် ဖုန်းစကရင်ကို အခြားလူများက ခိုးကြည့်နိုင်ပါတယ်။ လူများအကြားမှာ ကိုယ်ရေးကိုယ်တာ ဒေတာများကို ဖုန်းကနေ မကြည့်သင့်ပါဘူး။ သင့် ဖုန်း မေ့ကျန်ခဲ့ရင် သင့် Messages များကို အခြားလူများ မြင်သွားနိုင်ပါတယ်။ အဆိုးဆုံးကတော့ သင့်ရဲ့ Banking App နဲ့ Credit Card Data များပါပဲ။ Lock Screen ကို သုံးရင် သင့် ဒေတာများ၊ ငွေကြေးများ အတွက် စိတ်ချရပါတယ်။

အခြား စိုးရိမ်စရာက ဖုန်းမေ့ကျန်ခဲ့ရင် မသမာသူများက သင့်ဖုန်းမှ SIM ရဲ့ ဒေတာများကို SIM Reader , Scanner များဖြင့် ခိုးယူကြပါတယ်။ သင့်ဖုန်း ပြန်ရရင်တောင် သူတို့က သင့် SIM Card ကနေ မသမာတဲ့ နည်းဖြင့် ဖုန်းပြောကြတဲ့အတွက် သင့်အတွက် Phone Bill များစွာ ကုန်ကျမှာပါ။

Lock Screen ကို Setup လုပ်နည်း

Lock Screen ကို Setup လုပ်ဖို့ ဖုန်းတစ်လုံးနဲ့ တစ်လုံး အနည်းငယ် ကွဲပြားပါတယ်။ များသောအားဖြင့် Settings> Security > Screen Lock မှာ Setup လုပ်ရတာပါ။ Pattern , PIN, Password , Fingerprint များထဲမှ သင်နှစ်သက်ရာကို သုံးနိုင်ပါတယ်။ Android Device Manager ကို Setup လုပ်ထားခြင်းဖြင့် သင့်ဖုန်းပျောက်ရင် အဝေးကနေ ဖုန်းမှ ဒေတာများကို ဖျက်ဆီးပစ်နိုင်ပါတယ်။

Hardware Encryption ကို သုံးပါ။

ဒီစွမ်းဆောင်ချက်ကတော့ Stock Android များမှာသာ ပါမယ်လို့ ထင်ပါတယ်။ Lock Screen ကို Setup လုပ်တဲ့ အခါမှာ Secure start-up ကို Activate လုပ်မလားလို့ မေးမှာပါ။ သင့် ဖုန်း Restart ဖြစ်တိုင်း သင့်ရဲ့ ကုဒ်ဖြင့် ဖုန်းကို ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။ ကုဒ် မထည့်ပေးရင် ဖုန်းဟာ ပွင့်မှာ မဟုတ်တဲ့အတွက် ဖုန်းမှ ဒေတာများအတွက် လုံခြုံရေး အလွှာတစ်ခု ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ Apps များကလည်း အလုပ်လုပ်မှာ မဟုတ်ပါဘူး။

ref : androidpit

%d bloggers like this: