Snapdragon 835 နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အကြောင်းအရာများ

Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 835 ရဲ့ စွမ်းရည်ကို စမ်းသပ်ကြည့်တဲ့ အခါ ယခင်မျိုးဆက်ထက် စွမ်းဆောင်ရည် အလွန် မြင့်မားလာတာကို တွေ့ရပါတယ်။ ဒီနေ့ခေတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတိုင်းမှာ ထည့်သွင်းထားတဲ့ 835 ရဲ့ စွမ်းဆောင်ရည်အသစ်များ၊ Benchmark Results များကို စာဖတ်သူများ သိနားလည်စေဖို့ တင်ပြပေးလိုက်ပါတယ်။

Snapdragon 835 ဆိုတာ

835 ဟာ Qualcomm ရဲ့ Mobile System on A Chip (SoC) ဖြစ်ပြီး စမတ်ဖုန်းတစ်လုံးရဲ့ အဓိက အစိတ်အပိုင်းများ အားလုံးကို စုဖွဲ့တည်ဆောက်ထားပါတယ်။ သူ့မှာ CPU, Graphics Processor , WiFi, 4G Modems, Sound Hardware , Sensor Hubs နဲ့ အခြား အရာများ ပါပါတယ်။

835 ဟာ ယခင်မျိုးဆက် 821 ထက် အလွန် စွမ်းဆောင်ရည် မြင့်မားလာပါတယ်။ 821 ရဲ့ 14nm(nanometer) Process ထက် နည်းပြီး 835 ဟာ 10nm သာ ရှိပါတယ်။ Process အရွယ်အစားနည်းပါးခြင်းဟာ Chip Transistors များ ပိုမိုပူးကပ်လာတာကို ရည်ညွှန်းပါတယ်။ အဲဒီအတွက် အရွယ်အစား ပိုမို သေးငယ်လာသလို စွမ်းအင် စားသုံးမှု နည်းပါးခြင်း၊ အပူထုတ်လုပ်မှု နည်းခြင်းနဲ့ စွမ်းဆောင်ရည်မြင့်မားခြင်း စတဲ့ အကျိုးကျေးဇူးများ ရစေပါတယ်။

Chip အရွယ်အစား သေးငယ်ခြင်းကြောင့် စမတ်ဖုန်းထုတ်လုပ်သူများဟာ ဖုန်းမှာ ပိုမိုကြီးမားတဲ့ ဘက်ထရီ ထည့်သွင်းနိုင်ခြင်း သို့မဟုတ် ဖုန်းကို ပိုမို ပါးလွှာအောင် တည်ဆောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများလည်း ရစေပါတယ်။

Snapdragon 835 ရဲ့ စွမ်းဆောင်ရည်များ
ဘက်ထရီ သက်တမ်း

Qualcomm က 835 ဟာ စွမ်းအင် စားသုံးမှုမှာ ၂၅ ရာခိုင်နှုန်းလောက် သက်သာစေတယ်လို့ ပြောတဲ့အတွက် ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးပါတယ်။ Chip အရွယ်အစား သေးငယ်တဲ့အတွက် ဖုန်းထုတ်လုပ်သူများဟာ အရွယ်ကြီး ဘက်ထရီများကို ထည့်သွင်းနိုင်ကြပါတယ်။ အရည်အသွေးမြင့် ဗီဒီယိုများ ရိုက်ကူးခြင်း၊ သုံးဖက်မြင် ဂိမ်းများ ကစားခြင်းများ ပြုလုပ်ရင် ဘက်ထရီ သက်တမ်းကို ၃၀ ရာခိုင်နှုန်း သက်သာစေပါတယ်။

QuickCharge 4

835 မှာ QuickCharge 4 နည်းပညာ အသစ်ပါလာပြီး ယခင် QuickCharge 3 ထက် ၂၅ ရာခိုင်နှုန်း ပိုမိုလျှင်မြန်စွာ အားသွင်းပေးနိုင်သလို ဘက်ထရီ စားသုံးမှုလည်း ၃၀ ရာခိုင်နှုန်း ပိုမို သက်သာစေပါတယ်။
စွမ်းဆောင်ရည်

835 မှာ 280 အမည်ရ Qualcomm ရဲ့ Kryo CPU Version အသစ် ပါလာပါတယ်။ CPU မှာ Cores ၈ ခု ပါပြီး ARM ရဲ့ big.LITTLE Design ကို အခြေပြုထားပါတယ်။ Core ၄ ခုက 2.45GHz ဖြင့် မောင်းနှင်တဲ့အတွက် စွမ်းဆောင်ရည် အလွန် ကောင်းပါတယ်။ အခြား Core ၄ ခုက 1.9GHz နှုန်း ရှိတဲ့အတွက် စွမ်းအင်များစွာ မလိုဘဲ နောက်ကွယ်မှ အလုပ်များကို လုပ်ပေးနိုင်ပါတယ်။

Adreno 540 က 3D စွမ်းရည်အပိုင်းမှာ ယခင်မျိုးဆက်ထက် ၂၅ ရာခိုင်နှုန်း ပိုမို စွမ်းရည်မြင့်မားလာပါတယ်။ အဲဒီအတွက် ဂိမ်းများ ကစားရင် ပိုမိုလျှင်မြန်လာပါတယ်။ 4K UHD Premium နဲ့ HDR10 Video , 10-bit Colour Display များကိုလည်း ထောက်ပံ့ပါတယ်။

ပိုမိုမြန်လာတဲ့ Wireless

835 မှာ X16 LTE ကို ထောက်ပံ့တဲ့ Modem တပ်ဆင်ထားပြီး 1-gigabit 4G Connection ကို ပံ့ပိုးပေးပါတယ်။ ကမ္ဘာမှာ ဒီလို အမြန်နှုန်းမျိုး ပံ့ပိုးပေးတဲ့ Chip က ရှားပါးပါတယ်။ အဆင့်မြှင့်ထားတဲ့ Modem က နှေးကွေးတဲ့ 4G ကွန်ရက်များမှာတောင် လိုင်းကောင်းစေသလို တည်ငြိမ်စေပါတယ်။

802.11ad WiFi ကို ထောက်ပံ့တဲ့အတွက် အကွာအဝေးတို အတွင်းမှာ ဒေတာ ကူးပြောင်းရင် အလွန်လျှင်မြန်တဲ့ 4.6-gigabit ကို ရရှိစေပါတယ်။ ပိုမိုတည်ငြိမ်၊ လျှင်မြန်ပြီး ရှည်လျားတဲ့ အကွာအဝေးကို ထောက်ပံ့တဲ့ Bluetooth 5 ကို 835 က ထောက်ပံ့ပါတယ်။

ကင်မရာ

835 ဟာ Qualcomm EIS (Electronics Image Stabilization ) 3.0 နည်းပညာကို ထောက်ပံ့လာတဲ့အတွက် တုန်ခါမှု မရှိတဲ့ ဗီဒီယိုများ ရိုက်နိုင်ပါတယ်။ သူက ဖုန်း လှုပ်ရှားမှုကို တွက်ချက်ပြီး ရုပ်ပုံများ တည်ငြိမ်အောင် လျှင်မြန်စွာ ပြင်ဆင်ပေးပါတယ်။ 835 မှာ Dual-Camera Support လည်း ပါလာပါတယ်။ တစ်ပြိုင်နက်ထဲ 16MP Sensor ၂ လုံးကို ကိုင်တွယ်နိုင်ပါတယ်။

လုံခြုံရေး

Qualcomm Haven အမည်ရ လုံခြုံရေး နည်းပညာကို 835 မှာ ထည့်ပေးထားပါတယ်။ App များရဲ့ မသင်္ကာဖွယ်ရာ အပြုအမူများကို ထောက်လှမ်း၍ အန္တရာယ် မပေးခင်မှာ ကာကွယ်ခြင်း အပါအဝင် သင့်ကို နည်းလမ်းများစွာဖြင့် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် Qualcomm ရဲ့ နည်းပညာကို App Developer များနဲ့ ဖုန်းထုတ်လုပ်သူများက သုံးမှ ကာကွယ်ပေးနိုင်မှာပါ။

Haven မှာ Samsung Galaxy Note7 မှာသာ ပါတဲ့ မျက်လုံးကို အာရုံခံတဲ့ နည်းပညာလည်း ထည့်သွင်းပေးထားပါတယ်။ ဖုန်းမှာ အနီအောက် ရောင်ခြည် ကင်မရာကို တပ်ဆင်ထားမှသာ ဒီနည်းပညာကို အသုံးချနိုင်မှာပါ။

Audio

835 ဟာ အခုဆိုရင် 32-bit, 384KHz audio DACs (digital-to-analogue converters) ကို ထောက်ပံ့လာပါပြီ။ 820 ထည့်ထားတဲ့ HTC 10 မှ စွမ်းရည်မြင့် DAC ကို လူအများနှစ်သက်ခဲ့ကြပါတယ်။ HTC က နောက်ထုတ်မယ့် ဖုန်းများမှာ 835 ရဲ့ စွမ်းရည်ကို အသုံးချနိုင်ပါတယ်။

Snapdragon 835, 821 , Apple A10 , Exynos 8890 , Kirin 960 တို့ကို နှိုင်းယှဉ် စမ်းသပ်ခြင်း

စွမ်းဆောင်ရည်မြင့် CPUs များကို နှိုင်းယှဉ် စမ်းသပ်ဖို့အတွက် 835 တပ်ဆင်ထားတဲ့ Qualcomm ရဲ့ နမူနာဖုန်းတစ်လုံးနဲ့ Google Pixel XL (Qualcomm Snapdragon 821, 4GB of RAM) , Galaxy S7 Edge (Samsung Exynos 8890, 4GB of RAM) , Huawei P10 Plus (HiSilicon Kirin 960, 6GB of RAM) , iPhone 7 Plus (Apple A10 Fusion, 3GB of RAM) တို့ကို အသုံးပြုထားပါတယ်။

3D အလုပ်များ၊ Processor ကို များစွာ အသုံးချတဲ့ အလုပ်များ အပါအဝင် မတူညီတဲ့ စမ်းသပ်မှုများကို AnTuTu Benchmark ဖြင့် စမ်းသပ်ခဲ့ပါတယ်။ ဒီရလဒ်က စမတ်ဖုန်းတစ်လုံးရဲ့ Overall Performance ကို ဖော်ပြပါတယ်။

ရလဒ်အရ 835 ဟာ အလျှင်မြန်ဆုံး Android Phone ဖြစ်ပြီး Kirin ပါတဲ့ Huawei P10 Plus ထက် အမှတ် ၃၅ ၀၀၀ ကျော် ပိုမိုများပြားပါတယ်။ iPhone 7 Plus ထက်တော့ အနည်းငယ် ရမှတ်နည်းပေမယ့် OS မတူခြင်းကြောင့် ဒီရလဒ်ကို အတည်ပြုဖို့ ခက်ခဲပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက 3D Graphics Score ဖြစ်ပြီး စွမ်းရည်မြင့် ဂိမ်း အလုပ်များကို Chip က ကိုင်တွယ်နိုင်မှုကို ရည်ညွှန်းပါတယ်။ 835 ရဲ့ Adreno GPU က ၇၅ ၆၄၇ မှတ် ရရှိပြီး ကျန်တဲ့ GPU များကို အနိုင်ယူသွားပါတယ်။ ဂိမ်းများကစားဖို့အတွက် 835 က အကောင်းဆုံးပါ။
Geekbench 4 ဖြင့် စမ်းသပ်မှု ရလဒ်များကိုလည်း ဖော်ပြချင်ပါတယ်။ နေ့စဉ် အလုပ်များကို ပြုလုပ်ရာမှာ ဖုန်းရဲ့ လျှင်မြန်မှုကို တိုင်းတာတဲ့ Single-Core Performance နဲ့ ဗီဒီယို၊ ဓါတ်ပုံများ တည်းဖြတ်တဲ့ အခါ ဖုန်းရဲ့ လျှင်မြန်မှုကို တိုင်းတာတဲ့ Multi-Core Performance များကို စမ်းသပ်ပေးတာ ဖြစ်ပါတယ်။
Single-Core က အလုပ်အများစုအတွက် အဓိက ကျပြီး 835 ဟာ Apple A10 Fusion က လွဲပြီး အခြား Chip များထက် သာလွန်ပါတယ်။ Apple ဟာ Single-Core စွမ်းရည်ကို တိုက်ရိုက် ကူညီပေးတဲ့ လျှင်မြန်တဲ့ မန်မိုရီ အပါအဝင် Android Phone အများစုမှာ မသုံးတဲ့ စွမ်းရည်မြင့် အစိတ်အပိုင်းများကို အသုံးပြုထားတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် iOS ဟာ iPhone Hardware များနဲ့ အတွဲညီအောင် ဖန်တီးထားပါတယ်။

835 ဟာ Multi-Core စမ်းသပ်မှုမှာ Apple A10 အပါအဝင် အခြား Chip အားလုံးကို အနိုင်ရရှိခဲ့ပါတယ်။

အနှစ်ချုပ်

835 ဟာ စွမ်းဆောင်ရည် အလွန်ကောင်းတာကို ငြင်းမရပါဘူး။ ဒါပေမယ့် HiSilicon Kirin 960 နဲ့ Apple A10 Fusion တို့နဲ့ စွမ်းဆောင်ရည် သိပ်မကွာပါဘူး။ Samsung က Exynos မှာ 10nm Process နဲ့ ARM Design များကို အသုံးပြုထားတဲ့အတွက် နောက်ထုတ်မယ့် Exynos 8895 ဟာ 835 နဲ့ စွမ်းရည် မတိမ်းမယိမ်း ဖြစ်လာနိုင်ပါတယ်။

စွမ်းအင် အသုံးပြုမှု နည်းပါးခြင်း၊ လျှင်မြန်စွာ အားသွင်းနိုင်ခြင်း၊ Raw Performance များကိုတော့ စမ်းသပ်မှု မပြုလုပ်ရသေးပါဘူး။ ဒီအချက်များကလည်း ဖုန်းတစ်လုံး ဝယ်ယူရာမှာ အဓိကကျပါတယ်။

ref : trustedreviews

%d bloggers like this: