Samausng က Chromebook Pro ကို မေ (၂၈) မှာ မိတ်ဆက်မည်

ကမ္ဘာကျော် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Samsung က Chromebook Pro Notebook အသစ် ကို လာယ့် မေလ (၂၈) မှာ စတင်မိတ်ဆက်တော့မှာဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါပြီ။

ဒီ Chromebook Pro ကို  2400 x 1600 pixels အရည်အသွေးရှိတဲ့ 12.3 inch display ၊ Intel Core M3 Skylake processor တို့နဲ့ တပ်ဆင်ထားပြီး 4GB RAM , 32GB internal storage တို့နဲ့အတူ stylus ပါ ထောက်ပံ့ထားပါတယ်။

ဒီ Chromebook Pro ဟာ Samsung ရဲ့ Chromebook တွေထဲမှာ အကောင်းဆုံးဖြစ်ပြီး 360-degree ပတ္တာနဲ့ တည်ဆောက်ထားတာဖြစ်ပြီ Pen နဲ့အတူ Google Play Store app တွေလည်း built-in ပါဝင်မှာဖြစ်ပါတယ်။

BGR

ဒီ Chromebook Pro ရဲ့ ဈေးနှုန်းဟာ (၅၄၉)ဒေါ်လာ ဖြစ်တယ်လို့လည်း သိရပါတယ်။

%d bloggers like this: