အသံတုဝိဇ္ဇာ Application

ဘယ်သူ ရဲ့ အသံကို မဆို တုပအသံထုတ်ပေးနိုင်တဲ့ ကွန်ပျူတာ ပရိုဂရမ် ငယ်လေး  ဟာ အခုတလော လူပြောသူပြော များလျက် ရှိတယ် လို့ ဆိုပါတယ်။

အသံသွင်းထားတဲံ့ မူရင်း အသံ ၁ မိနစ်စာ ကို ကြားရလျှင် အဲဒီ App ဟာ ကြားရတဲ့ အသံကို တုပပေးနိုင်သဖြင့် ရာဇဝတ်မှုတွေ နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အတု၊ အယောင် ဖန်တီးမှုတွေ အတွက် Audio ပညာရှင်တွေ ကိုယ်တိုင် က စိုးရိမ်ပူပန်လျက်ရှိကြပါတယ်။ ကနေဒါ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Lyre bird က အဲဒီ ဆော့ဖ်ဝဲ ကို တီထွင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းနီးပါး ရဲ့ အသံတွေကို တုပနိုင်တယ် လို့ တီထွင်သူတွေက ဝင့်ဝင့်ကြွားကြွား ထုတ်ဖော်ပြောကြားထားပါတယ်။

ပရိုဂရမ် ဟာ ကြားရတဲ့ အသံကို နားထောင်ပြီး ညဏ်ရည်တု သုံးစွဲကာ မှတ်သားထားလိုက်ပါတယ်။ ပြီး နောက် မှတ်သားထားတဲ့ အသံတု နဲ့ ပြန်လည်ပြောဆိုပါလိမ့်မယ်။ App ကို ပညာရှင်တွေ ကြောက်ကြတဲ့ နောက်အချက် ၁ ချက် က App ဟာ အသံကို တုပနိုင်ရုံသာ မကဘဲ လေယူလေသိမ်း နဲ့ စိတ်ခံစားချက်တွေကိုပါ ထပ်တူထပ်မျှ ပြောနိုင်တဲ့အတွက်ပါပဲ။

App ဟာ နယ်ပယ်အသီးသီးက ထင်ရှားတဲ့သူတွေကိုသာမကဘဲ အိုဘားမား ၊ ဒေါ်နယ်ထရမ့်ပ် ၊ ဟီလာရီကလင်တန် တို့ရဲ့ အသံတု ကို ပြောဆိုပြီး နမူနာ ပြခဲ့ရာ အံ့သြဖို့ကောင်းလောက်အောင် တထပ်တည်းဆင်တူတဲ့အပြင် သူတို့တွေရဲ့ မပြောဆိုခဲ့တဲ့ အသံတွေကို ကာယကံရှင်ကဲ့သို့ ချွတ်စွပ်ပြောဆိုနိုင်တဲ့အတွက် လူတိုင်းနီးပါး က ချီးကျူးးခဲ့ကြတယ် လို့ သတင်းရရှိပါတယ်။

Ref : Lyrebird, Register, UPI, Verge

 

%d bloggers like this: