Ooredoo Myanmar မှ “ပေါင်းကူးဒေတာလက်ဆောင်အစီအစဉ်” ကို ဝန်ဆောင်မှုပေး 

အူရီဒူးမြန်မာမှ သုံးစွဲသူများအနေဖြင့် မိမိတို့၏ မိသားစုများနှင့် မိတ်ဆွေများအတွက် လစဉ်အသုံးပြုနိုင်သည့် ဒေတာလက်ဆောင်အဖြစ် ပေးအပ်နိုင်သော “ပေါင်းကူးဒေတာလက်ဆောင်အစီအစဉ်”ကို ယနေ့စတင်ဝန်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ “ပေါင်းကူးဒေတာလက်ဆောင်” အစီအစဉ်ကို အသုံးပြုသူများအနေဖြင့် ဒေတာလက်ကျန်များကို နောက်လတွင်ပါ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူးအသုံးပြုသူများအနေဖြင့် ရက်၃၀အတွင်း အသုံးမပြုလိုက်ရသည့် ဒေတာများ ဆုံးရှုံးသွားခြင်းအတွက် စိတ်ပူစရာမလိုဘဲ နောက်ထပ် ပေါင်းကူးဒေတာအစီအစဉ်ကို ဝယ်ယူခြင်း (သို့) ဆွေမျိုးမိတ်ဆွေများထံမှ ပေါင်းကူးဒေတာလက်ဆောင် ကိုရယူခြင်းဖြင့် လက်ကျန်ဒေတာများကို နောက်လအတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ ပေါင်းကူးဒေတာလက်ဆောင်အစီအစဉ်၏ ဈေးနှုန်းများမှာ ၈၀၀မီဂါဗိုက်အတွက် ၉၉၉ကျပ်သာကျသင့်မှာဖြစ်ပြီး ၈၀၀မီဂါဗိုက်မှစတင်ပြီး ဒေတာများများအသုံးပြုလိုသူများအတွက် ၁၃၀ဂီဂါဗိုက်အထိ အမျိုးအစား ၈မျိုးဖြင့် ပေါင်းကူးဒေတာလက်ဆောင်အစီအစဉ်ကို အူရီဒူးမြန်မာမှ ဝန်ဆောင်မှုပေးထားသည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Safford က “ အူရီဒူးအသုံးပြုသူများကြားတွင် နှစ်သက်ရေပန်းစားနေသော အစီအစဉ်ဖြစ်တဲ့အပြင် သုံးစွဲသူများ၏ တောင်းဆိုချက်ကြောင့် ယခု “ပေါင်းကူးဒေတာလက်ဆောင်” အစီအစဉ်ကို ဝန်ဆောင်မှုပေးလိုက်တာပါ။ အူရီဒူးမြန်မာ၏ ဝန်ဆောင်မှုကို အသုံးပြုသူများ အနေနဲ့ အူရီဒူးမြန်မာ၏ ထူခြားဆန်းသစ်ပြီး အခုဆိုရင် ပိုကောင်းပိုတန်တဲ့ “ပေါင်းကူးဒေတာလက်ဆောင်” အစီအစဉ်ကို ကိုယ်ချစ်ခင်ရတဲ့ မိသားစုမိတ်ဆွေတွေ လက်ဆောင်ပေးလို့ရပါပြီ” ဟု ပြောကြားခဲ့ပါသည်။

အူရီဒူးအသုံးပြုသူများအနေဖြင့် “ပေါင်းကူးဒေတာလက်ဆောင်” အစီအစဉ်ကို ၎င်းတို့၏ မိသားစုများ မိတ်ဆွေများကို လက်ဆောင်ပေးလိုလျှင် *442# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း My Ooredoo App မှသော်လည်းကောင်း လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ကြောင်းသိရသည်။

%d bloggers like this: