TEDxYangon 2017 ဟောပြောပွဲကို Ooredoo မှ Live လွှင့်ပေးမည်

 

အူရီဒူးမြန်မာမှ TEDxYangon 2017 ဟောပြောပွဲတွင် “ဆက်သွယ်ရေးမိတ်ဖက်” အဖြစ်ပံ့ပိုးကူညီမည်ဖြစ်ပြီး Ooredoo Myanmar ၏ Facebook Page မှ Live လွှင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

TEDxYangon 2017 ဟောပြောပွဲတွင် ဟောပြောဆွေးနွေးမည့်အကြောင်းအရာကို “Tapestry” ဟု ခေါင်းစဉ်ထပ်ထားပြီး ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ၂၀၁၇ခုနှစ် မေလ ၂၁ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံကောင်းများ ရယူနိုင်မည့် အဆိုပါဟောပြောပွဲသို့ တက်ရောက်ရန်အတွက် လက်မှတ်များကို ဝယ်ယူနိုင်ပြီး “Tapestry” ဟူသည့် ခေါင်းစဉ်နှင့် အညီ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အကြောင်းအရာများနှင့် စပ်လျဉ်းပြီး စိတ်ခွန်အားကိုဖြစ်စေမည့်၊ စိတ်ကူးစိတ်သန်းအသစ်များ၊ စကားလုံးအသစ်များကို ဖြစ်ပေါ်စေရန် ထောက်ပြနိုင်မည့် အတွေးအမြင်များကို ဖလှယ်ရန်အတွက် ရည်ရွယ်ထားသည်ဟုသိရသည်။

ဟောပြောပွဲတွင် ပါဝင်ဆွေးနွေးဟောပြောကြမည့်သူများမှာ David Madden (နည်းပညာလုပ်ငန်းစု တည်ထောင်သူ)၊ Emilie Röell (မနုဿဗေဒပညာရှင်၊ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးမှုဆိုင်ရာ စွန်းဦးတီထွင်သူ)၊ Ewan Lamont (စိုက်ပျိုးရေးပညာရှင်)၊ မထားထား (Akhaya Women ၏ တည်ထောင်သူနှင့် ဒါရိုက်တာ)၊ ကိုထက်မြက်ဦး (စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် နှင့် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သုံးသပ်သူ), International School Yangon Playback Theatre (Playback Theatre group), James Erskine (Shakespeare Schools Myanmar ကိုတည်ထောင်သူ)၊  ကိုလမင်းဦး (ပုံပြင်ပြောသူ)၊ မသီတာ (စာရေးဆရာမ၊ ဆရာဝန်၊ အယ်ဒီတာ နှင့် တက်ကြွလှုပ်ရှားသူ)၊ မမေစပယ်ဖြူ (မြန်မာနိုင်ငံရှိ လိင်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ တရားလွှတ်တော် ရှေ့နေ)၊ Melinda Tun (ရှေ့နေ နှင့် မြန်မာနိုင်ငံဥပဒေသမိုင်းကြောင်းကို လေ့လာသူ)၊ မမိုးသစ္စာ (Foggy Spring အမည်ရှိ ရွေ့လျားစာကြည့်တိုက်တည်ထောင်သူ)၊ ကိုဖုန်းကျော်မိုးမြင့် (အားကစားမန်နေဂျာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ)၊ ကိုပြည့်ဝေ ( နဝဒေးသာလာ ပန်းချီပြခန်း တည်ထောင်သူနှင့် ပြတိုက်မှူး)၊ ဦးဆန်နီဆွေ (သတင်းစာ ထုတ်ဝေသူ)၊ မသဲစုမွန် (ကလေးသူငယ်ပညာရေးအတွက် တက်ကြွလှုပ်ရှားသူ မိခင်တစ်ဦး)၊ Vicky Bowman (ပွင်လင်းမြင်သာမှုအရေး တရားလွှတ်တော်ရှေ့နေ) နှင့် ကိုဂျင်မီကိုကို (အကပညာရှင်) တို့ဖြစ်သည်။

ယခုအစီအစဉ်တွင်ဝေမျှသွားမည့် စကားလုံးများက ချည်မျှင်များပမာ မြန်မာပြည်သူပြည်သားတို့ကို ပေါင်းစည်းယှက်နွယ်စေမည်ဖြစ်ပြီး “Tapestry” ဟူသည့် ခေါင်းစဉ်နှင့်အညီ  မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသော အကြောင်းအရာတို့ကို ချည်မျှင်တို့ကိုရက်လုပ်ထားသည့်ပမာ၊ မရေမတွက်နိုင်သော အလွှာအလွှာတို့နှင့် အရောင်အသွေးစုံလင်စွာ တင်ဆက်ဟောပြောသွားမည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Safford မှ “ ဒုတိယအကြိမ်ကျင်းပမယ့် TEDx Yangonဟောပြောပွဲကို ကူညီပံ့ပိုးခွင့်ရလို့ အူရီဒူးမြန်မာအနေနဲ့  ဝမ်းမြောက်ရပါတယ်။ အခုဟောပြောပွဲဟာဆိုရင် လူမှုကဏ္ဍအသီးသီးမှာရှိတဲ့ခေါင်းဆောင်တွေရဲ့ တူညီတဲ့စိတ်ကူးဝါသနာတွေကို ဆွေးနွေးဖလှယ်ပေးမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက်အခွင့်အလမ်းကောင်းတစ်ခုအဖြစ် အူရီဒူးမြန်မာကနေ အဆိုပါဟောပြောပွဲကို ပထမဦးဆုံးအကြိမ် Facebook မှ တစ်ဆင့် တိုက်ရိုက်လုပ်လွင့်ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

TEDxYangon 2017 လက်မှတ်များကို Shop.com.mm တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး တက်ရောက် ကြည့်ရှုနားထောင်ဖို့ အဆင်မပြေသူတွေအတွက် အဆိုပါဟောပြောပွဲတွင်ပါဝင်ဟောပြောမည့် ပုဂ္ဂိုလ်အချို့၏ ဟောပြောချက်များကို အူရီဒူးမြန်မာ၏ တရားဝင် Facebook စာမျက်နှာမှ တိုက်ရိုက်ထုတ်လွင့်ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

 

%d bloggers like this: