Facebook Videos များကို Picture in Picture Mode ဖြင့် ကြည့်ရှုနည်း

Facebook ဟာ YouTube ပြီးနောက် ဗီဒီယိုများကို အများဆုံး ကြည့်ရှုကြတဲ့ နေရာ ဖြစ်လာပါပြီ။ Facebook က Autoplay Video , 360 Degree Video အပါအဝင် ဗီဒီယိုနဲ့ ပတ်သက်တဲ့ စွမ်းဆောင်ချက်များကို စဉ်ဆက်မပြတ်ထည့်သွင်းပေးနေပါတယ်။ အခုလည်း Newsfeed မှ အခြားအရာများကို ကြည့်နေရင်းကနေ ဗီဒီယိုတစ်ခုကို အရွယ်သေး Floating Video Player ဖြင့် ကြည့်ရှုနိုင်မယ့် Picture in Picture Mode ကို ထည့်သွင်းပေးလိုက်ပါတယ်။ ပီစီနဲ့ Mobile App များမှာ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။

Android

Android မှာ နှစ်သက်တဲ့ ဗီဒီယိုတစ်ခုကို ဖွင့်ပါ။ Video Player ပေါ်ကို တစ်ချက်နှိပ်ပါ။ ပလေယာရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ အိုင်ကွန်ကို တစ်ချက်နှိပ်ပါ။

ဒါဆိုရင် Newsfeed ကို ရောက်သွားမှာ ဖြစ်ပြီး အရွယ်သေး Floating Video Player ကို အောက်ဘက်မှာ ပြသပေးထားပါတယ်။ ပလေယာကို လက်ဖြင့် ဖိဆွဲ၍ နှစ်သက်တဲ့ စကရင်ထောင့်ကို ပြောင်းရွှေ့နိုင်ပါတယ်။ ပလေယာကို တစ်ချက်နှိပ်ရင် မူလ ပလေယာဖြင့် ပြန်လည် ပြသပေးမှာ ဖြစ်ပါတယ်။
Facebook App ကို ပိတ်ပြီး အခြား App တစ်ခုကို သုံးတဲ့ အခါမှာလည်း အရွယ်သေး Floating Video Player ကို ပြသပေးထားမှာ ဖြစ်ပါတယ်။

ပီစီ

ပီစီမှာ ကြည့်ချင်တဲ့ ဗီဒီယို တစ်ခုကို နှိပ်ပါ။ ပလေယာ ဝင်းဒိုးအပေါ်ကို Mouse Cursor တင်လိုက်ပြီးနောက် Video Settings Icon ရဲ့ ညာဘက်မှ အိုင်ကွန်ကို နှိပ်ပါ။

ဒါဆိုရင် အရွယ်သေး Floating Video Player ဖြင့် ဗီဒီယိုကို Newsfeed ရဲ့ ဘယ်ဘက်ခြမ်းမှာ ပြသပေးမှာဖြစ်ပါတယ်။ Title Bar အပေါ်ကို Cursor တင်ပြီး Left Click ကို နှိပ်ရင် ပလေယာကို နှစ်သက်တဲ့ နေရာသို့ ပြောင်းရွှေ့နိုင်ပါတယ်။ ကြက်ခြေခတ်ကို နှိပ်ရင် ပလေယာကို ပိတ်ပေးမှာ ဖြစ်ပြီး မူလ ပလေယာဖြင့် ကြည့်ချင်ရင် Maximize Button ကို နှိပ်ပါ။
ref : addictivetips

%d bloggers like this: