0 Shares 19 Views

iPhone Lock Screen ကိုဘယ်လိုသုံးမလဲ

သင့်အနေနဲ့ သင့် iPhone ရဲ့လုံခြုံရေးစနစ်ကိုဒီထက်ပိုမို အသုံးဝင်လာအောင်လုပ်နိုင်ပါတယ်။  Lock Screen ဆိုတဲ့ လုံခြုံရေးစနစ်ကို သင့်အနေနဲ့ ဒီအကြောင်းအရာလေးဖတ်ပြီးသွားရင် အရင်ကထက် iPhone ကိုပိုမိုအသုံးချတတ်သွားမှာ သေချာပါတယ်။ အရင်ဦးဆုံး သင့်အနေနဲ့ အခြေခံအကျဆုံးအချက်တွေထဲက တစ်ခုဖြစ်တဲ့ သင့်ဖုန်းလုံခြုံစေဖို့ Lock Screen ကိုဘယ်လို အသုံးပြုမလဲ ဆိုတာလေးကို အရင်ဆုံး တင်ပြပေးချင်ပါတယ်။

သင့်ရဲ့ iPhone ဖုန်းကိုပိတ်မယ်ဆိုရင် သင့်အနေနဲ့ သင့်ဖုန်းရဲ့ ဘေးဘက် ဒါမှမဟုတ် အပေါ်မှာရှိတဲ့ ပါဝါခလုတ် ကလေးကိုနှိပ်ပြီးပိတ်မှာပါ။ ဖွင့်မယ်ဆိုရင်လည်း Home Buttom ဒါမှမဟုတ်ပါဝါခလုပ်ကို နှိပ်ပြီးဖွင့်ရမှာပါ။ ဖွင့်ပြီးရင် Slide to unlock ကိုတွေ့ရမှာဖြစ်ပြီး သင် Passcode ထည့်ထားရင် ထည့်ထားတဲ့ Passcode ကိုရိုက်ရမှာဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ Fingerprint Scanner ကိုထည့်ထားမယ်ဆိုရင်တော့ Home Buttom မှာ စကန်လုပ်ပြီးဖွင့်ရုံပါပဲ။ အဓိကကျတဲ့အချက်ဖြစ်တဲ့ သင့် Phone က Passcode တွေ Fingerprint Security တွေ ဘယ်လိုထည့်မလဲ ဆိုတာကို ကြည့်ကြည့်ရအောင်။

၁) Passcode တစ်ခုစတင်ပြုလုပ်ခြင်း

iPhone တစ်လုံးကိုသင့်အနေနဲ့ စတင်ပြီး Passcode ဖြည့်သွင်းတာဟာ အရမ်းအရေးကြီးပါတယ်။ ဒီ Passcode ကိုသင်တစ်ဦးတည်းသာသိမှာဖြစ်ပြီး Passcode မသိရင် တခြားလူတစ်ယောက်ယောက်က သင့်ဖုန်းထဲကိုယူကြည့်လို့မရတော့ပါဘူး။ အရင်ဆုံး Settings>Touch ID & Passcode ထဲက Turn Passcode On ကိုဝင်လိုက်ပြီးရင် သင့်ရဲ့ Passcode Screen အတွက် ဂဏန်းလေးလုံးပါ နံပါတ်တစ်စုံကို ရွေးချယ်ပေးပြီး re-enter မှာ အတည်ပြုတဲ့အနေနဲ့ ထပ်မံရိုက်သွင်းပေးရမှာပါ။ တကယ်လို့ သင့်အနေနဲ့ နံပါတ်ကိုမေ့သွားလို့ရှိရင် ဖုန်းက Locked ဖြစ်သွားမှာ ဖြစ်ပြီး ဖုန်းထဲက ဒေတာတွေအားလုံး ဖျက်ပစ်ပြီးတော့ Restore ပြန်လုပ်ရမှာမို့လို့ သင့် Passcode နံပါတ်ကို အမြဲမှတ်မိဖို့လိုအပ်ပါတယ်။

Set up a passcode in iPhone

၂) Fingerprint နဲ့ Log In ပြုလုပ်ခြင်း

သင့်အနေနဲ့ Fingerprint နဲ့ Log In လုပ်မယ်ဆိုရင် သင့်ရဲ့ လက်မနဲ့ လက်ချောင်းတွေက ကြိုက်တဲ့ လက်ချောင်းရဲ့ လက်ဗွေနဲ့ သိမ်းဆည်းမှတ်သားထားနိုင်ပါတယ်။ ခုနကလိုပဲ Setting ထဲက Touch ID & Passcode ကိုသွားပြီး Add a Fingerprint ကိုဝင်ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ Fingerprint ထည့်တဲ့အခါ သင့်iPhone က သင့်Fingerprint ပုံစံကို မမှတ်သားမိမချင်း သုံးလေးခါပြုလုပ်ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဖုန်းဖွင့်ဖို့အတွက် တစ်ခါထဲမဟုတ်ပဲ နောက်ထပ်Fingerprint ပုံစံတွေလည်း ထပ်မံထည့်သွင်းနိုင်ပါသေးတယ်။

Log in with your fingers in iPhone

၃) Lock Settings ကိုချိန်ညှိခြင်း

သင့်iPhone ရဲ့ စခရင်ဟာ မိနစ်အနည်းငယ်ကြာရင် အလိုအလျောက်ပိတ်သွားမှာဖြစ်ပါတယ်။ ဒါက သင်ဖုန်းနဲ့ အနီးအနားမှာ ရှိမနေနိုင်တဲ့အခါ သင့်ဖုန်းကို တစ်ယောက်ယောက်က ဝင်ပြီးအသုံးပြုမှာကို ကြိုတင်ကာကွယ်ထားတာဖြစ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ ဖုန်းစခရင် ပိတ်တဲ့အချိန်ကိုချိန်ညှိချင်တယ်ဆိုရင် Setting>General>Auto-Lock ထဲကိုဝင်ပြီး အထဲကမိနစ်တွေထဲမှာ သင်လိုအပ်သလို ပြောင်းလဲနိုင်ပါတယ်။ Never ကိုရွေးဖို့တော့ ကျွန်တော့်အနေနဲ့ အကြံမပေးလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်ဖုန်းနဲ့ အနီးအနားမှာရှိမနေနိုင်ရင် iPhone ကမလုံခြုံနိုင်လို့ဖြစ်ပါတယ်။

auto_lock in iphone

၎) ပိုမိုလုံခြုံအောင်ပြုလုပ်ခြင်း

တကယ်လို့ သင့်ဖုန်းထဲက သာမန် Passcode ဂဏန်းလေးလုံးကို တခြားလူတစ်ယောက်ယောက်က သိမသွားနိုင်ဘူးလား။ အဲ့ဒီအတွက် iPhone ထဲမှာ အဖြေရှိပါတယ်။ ပိုမိုလုံခြံတဲ့ Passcode လုံခြုံရေးစနစ် တစ်မျိုးပေါ့။ Setting>Touch ID & Passcode> ထဲက Simple Passcode ကို turn off လုပ်လိုက်ပါ။ ပြီးရင် သင့်အနေနဲ့ ပိုမိုရှည်လျားတဲ့ နံပါတ် ဒါမှမဟုတ် Capital letters, နံပါတ်, သင်္ကေတ တွေပါဝင်တဲ့ Password တစ်မျိုးမျိုးကို သင်လိုအပ်သလို ရွေးချယ်ထည့်သွင်းနိုင်ပါပြီ။

passcode-options in iPhone

၅) Remote Lock

သင့်အနေနဲ့ သင့်ဖုန်းက Passcode ကို ဖောက်ဝင်ဖို့အတွက် အကြိမ်ကြိမ်ကြိုးစားနေတယ်ဆိုရင် iPhone ကိုအလိုအလျောက်ဖျက်ဆီးပစ်တဲ့ အရာကိုပြုလုပ်ထားနိုင်ပါတယ်။ Setting>Touch ID and Passcode ထဲက Erase Data ဆိုတဲ့ option ကို turn on လုပ်လိုက်ရင်ရပါပြီ။ တကယ်လို့ တစ်ယောက်ယောက်က သင့်ဖုန်းကို ဆယ်ခါတိတိ Passcode မှားယွင်းရိုက်လိုက်ရင် အထဲက မာတိကာတွေနဲ့ အကြောင်းအရာတွေကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ တကယ်လို့ သင့် iPhone ကိုပျောက်ဆုံးသွားမယ်ဆိုရင် iCloud ကနေတစ်ဆင့် ဖုန်းကို Lock လုပ်ပစ်လို့ရတဲ့ Option ဖြစ်ပါတယ်။ iCloud Website ကို Log In ဝင်ပြီး Find My iPhone ကို ကလစ်လုပ်လိုက်ပါ။ သင်ပျောက်ဆုံးသွားတဲ့ ပစ္စည်းကိုရွေးချယ်ပြီးရင် Lock လုပ်မှာလား Wipe လုပ်မှာလား ရွေးလိုက်ရုံပါပဲ။

lost-iphone-map in iphone

သင့်အနေနဲ့ ဒီအကြောင်းအရာကိုဖတ်ပြီး သင့် iPhone ကိုပိုမိုလုံခြုံအောင် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

Ref: TechRader

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category