ဖုန်းခေါ်ဆိိုနှုန်းထား အသက်သာဆုံးနဲ့ ဖုန်းပြောနိုင်မယ့်အစီအစဉ်ကိုရွေးချယ်လိုက်ရအောင်

ဖုန်းဆင်းမ်ကဒ်တွေ ပေါများနေတဲ့ ခေတ်ကြီးထဲမှာ ဘယ်အော်ပရေတာကို သေချာပေါက် ရွေးချယ်သုံးရမလဲမသိဖြစ်နေတဲ့ သူတွေအတွက် ဒီတစ်ခေါက်မှာတော့ လူသုံးများနေတဲ့ အော်ပရေတာကြီး သုံးခုဖြစ်တဲ့ MPT နဲ့ အခြား Telecom နှစ်ခုတို့ရဲ့ ဈေးနှုန်းတွေ၊ ပရိုမိုးရှင်းတွေနှင့် ဘယ်လိုPlan တွေကို ဘယ်လို အသုံးပြုနိုင် တယ်ဆိုတဲ့ review လေး ပြောပြချင်ပါတယ်။

တစ်လက်စထဲနဲ့ဘဲ သုံးစွဲသူတွေထဲက တစ်ယောက်အနေနဲ့ ဘယ်အော်ပရေတာက ဘယ်လိုplanတွေကို သုံးစွဲဖို့ သင့်တော်တယ်ဆိုတဲ့ အကြုံပြုချက်လေးတွေပါ ထည့်သွင်း ရေးသားဖော်ပြပေးသွားမှာပါ။

MPT ကိုသုံးစွဲသူတွေအတွက် MPT မှာ ရွေးချယ်စရာ အဓိကမဏ္ဍိုင်ကြီး နှစ်ခုရှိပါတယ်။

(၁) ဆွေသဟာ (ဆွေသဟာကတော့ MPT ကနေ ပထမဦးဆုံးပြုလုပ်ခဲ့တဲ့ အစီအစဉ်ပါ။)

(၂) ရှယ်ပြော (သူကတော့ ၂၀၁၇ခုနှစ် မတ်လ ၂၆ရက်နေ့မှာ စတင်ခဲ့တဲ့ အသစ်စက်စက် အစီအစဉ်တစ်ခု ဖြစ်ပါတယ်)

Shal Pyaw Plan ဆိုတာဘာလဲ?

Shal Pyaw Plan ဆိုတာကတော့ မြန်မာပြည်မှာ ဖုန်းခေါ်ဆိုမှု ဈေးနှုန်းအသက်သာဆုံးဖြစ်တဲ့ တစ်မိနစ်ကို ၁၅ကျပ်ထဲနဲ့ သုံးစွဲသူတွေအဆင်ပြေအောင်ပြုလုပ်ပေးထားတဲ့ Plan ပဲဖြစ်ပါတယ်။ Shal Pyaw Plan ကို သုံးစွဲသူတွေအနေနဲ့MPT အချင်းချင်းဖုန်းခေါ်ဆိုမှုများအတွက် တစ်မိနစ် ၁၅ကျပ်သာ (မြန်မာတစ်နိုင်ငံလုံးခေါ်ဆိုမှုအတွက်) ကျသင့်မှာဖြစ်ပြီး အခြား အော်ပရေတာတွေခေါ်ဆိုမှုအတွက်ကတော့ တစ်မိနစ်ကို ၂၅ကျပ် ပုံမှန်ကျသင့်မှာဖြစ်ပါတယ်။

SMS မက်ဆေ့ချ်ပို့မယ်ဆိုရင်တော့ စာတိုတစ်စောင်ကို ၁၅ ကျပ် ကျသင့်မှာဖြစ်ပြီး အင်တာနက်အသုံးပြုမယ် ဆိုရင်တော့ 1MB  ကို ၈ကျပ် ကျသင့်မှာဖြစ်ပါတယ်။  ရှယ်ပြောအစီအစဉ် ရယူထားသူများ အနေနဲ့ အင်တာနက်အသုံးပြုမယ်ဆိုရင် MPT ရဲ့ အင်တာနက် package များကို ဝယ်ယူအသုံးပြုရင် ပိုပြီးတန်ပါတယ်။

MPT ရဲ့အခြားသော ဝန်ဆောင်မှုများ နှင့် လက်ရှိ အင်တာနက် package များကိုလည်း မူလ ဈေးနှုန်းများ အတိုင်းလျှောက်ထား သုံးစွဲနိုင်မှာဖြစ်လို့ဖုန်းပြောဖို့အတွက် သာမက အင်တာနက် အတွက်လည်း အလွန်အဆင်ပြေစေမယ့် Plan ဖြစ်ပါတယ်။  ရှယ်ပြောအစီအစဉ်ကို လျှောက်ထားမယ့်သူတွေအနေနှင့် *234*3# ကိုအခမဲ့ခေါ်ဆိုပြီးတော့ လျှောက်ထားနိုင်ပါတယ်။ တစ်နေ့တစ်ကြိမ် လျှောက်ထားခွင့်ရှိပြီး GSM နှင့် WCDMA သုံးစွဲသူတိုင်း လျှောက်ထားနိုင်မှာပါ။

Telenor ရဲ့ Plan ကတော့ စူပါပွား ဖြစ်ပြီးတော့ တယ်လီနောအချင်းချင်းခေါ်ဆိုမှုအတွက် တစ်မိနစ်ကို ၁၈ကျပ် နဲ့ အခြားဖုန်းအော်ပရေတာ ခေါ်ဆိုမှုတွေအတွက်တော့ တစ်မိနစ်ကို၂၅ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

Ooredoo မှာတော့ Ooredoo အချင်းချင်း ဖုန်းခေါ်ဆိုမယ် ဆိုရင် တစ်မိနစ်ကို ၂၅ ကျပ် ကျသင့်မှာ ဖြစ်ပြီးတော့ အခြားအော်ပရေတာတွေကို ဖုန်းခေါ်ဆိုမယ် ဆိုရင်တော့ တစ်မိနစ်ကို ၃၀ ကျပ်ကျသင့်မှာ ဘဲဖြစ်ပါတယ်။

ဒါတွေကတော့ အခု မြန်မာနိုင်ငံအတွင်းမှာ နာမည်ကြီးနေတဲ့ အော်ပရေတာတွေ ကောက်ခံတဲ့ နှုန်းထားတွေ ဘဲဖြစ်ပါတယ်။ အစကနေအဆုံး လေ့လာသုံးသပ်ကြည့်မယ် ဆိုရင်တော့ အော်ပရေတာသုံးခု စလုံးရဲ့ ကောက်ခံတဲ့ နှုန်းထားတွေဟာ တစ်ခုနဲ့တစ်ခု သိပ်မကွာခြားဘူးလို့ ထင်ရပေမယ့် တကယ့်တကယ် အသေးစိတ်လိုက်မယ် ဆိုရင်တော့ ဖုန်းခေါ်ဆိုမှုနှုန်းထားတွေမှာ ကွာဟချက်တွေ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

အော်ပရေတာအချင်းချင်း ၁မိနစ် ခေါ်ဆိုမှုနှုန်းထားကို နှိုင်းယှဉ်ပြရမယ် ဆိုရင်တော့

MPT(ရှယ်ပြော) ၁၅ကျပ် < Telenor ၁၈ကျပ် < Ooredoo ၂၅ကျပ်

အခြားအော်ပရေတာများသို့ဖုန်းခေါ်ဆိုမှုအတွက် ၁မိနစ် ခေါ်ဆိုမှုနှုန်းထားကို နှိုင်းယှဉ်ရာမှာတော့

MPT(ရှယ်ပြော) ၂၅ကျပ် / Telenor ၂၅ကျပ် < Ooredoo ၃၀ကျပ် ဆိုပြီး ကျသင့်တာကို တွေ့ရမှာပါ။

ဒီအချက်တွေကိုထောက်ရှု့ ကြည့်မယ်ဆိုရင်တော့ အင်တာနက်သုံးစွဲခြင်းမဟုတ်ဘဲ ဖုန်းခေါ်ဆိုမှု တွေမှာ MPT(ရှယ်ပြော)က သက်သာနေတာကိုတွေ့ရမှာဘဲဖြစ်ပါ တယ်။ဒါကြောင့်လဲ ကျွန်တော့်အသိမိတ်ဆွေ တော်တော်များများကလည်း MPT ကိုပဲ အသုံးပြုကြတာကို တွေ့ရပါတယ်။ MPT  အသုံးပြုသူတွေအနေနဲ့လည်း  MPT ရဲ့ ရှယ်ပြော အစီအစဉ်နဲ့ ဖုန်းပြောရတဲ့အတွက် ဖုန်းဘေလ်အရင်ကထက် ပိုသက်သာလာတာကြောင့် အရမ်းအဆင်ပြေတာပေါ့ဗျာ။

ဒါ့ကြောင့် သုံးစွဲသူတွေ အနေနဲ့ မိမိအဆင်ပြေရာကို မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုနိုင်ဖို့ လက်လှမ်းမှီသလောက်လေး ဝေမျှပေးလိုက်ရတာပါ။

%d bloggers like this: