0 Shares 43 Views

ငါးဒေါ်လာသာဈေးရှိတဲ့ Raspberry Pi Zero ကွန်ပြူတာအသေးစား

Feb 19, 2016
0 43

ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စာသင်ကျောင်းတွေမှာ ကွန်ပြူတာသိပ္ပံပညာရပ် အခြေခံသင်ကြားပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ Raspberry Pi Foundation ဟာ Raspberry Pi Zero ကွန်ပြူတာကို ထပ်မံထုတ်ဝေခဲ့ပါတယ်။

ဒီကွန်ပြူတာလေးဟာ လက်ရှိမှာ ဈေးအသက်သာဆုံးကွန်ပြူတာတစ်လုံးဖြစ်ပြီး၊ Pi ကွန်ပြူတာတွေထဲမှာ အသေးဆုံးကွန်ပြူတာတစ်လုံးလည်းဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၆၅ မီလီမီတာx ၃၀ မီလီမီတာx ၅ မီလီမီတာသာ ရှိပါတယ်။

Raspberry Pi Zero ကွန်ပြူတာမှာ Broadcom ရဲ့ 1GHz BCM2835 ပရိုဆက်ဆာကိုအသုံးပြုထားပြီး Raspberry Pi 1 ကွန်ပြူတာထက် လည်ပတ်မှု ၄၀ ရာခိုင်နှုန်းပိုမြန်တယ်လို့ ကုမ္ပဏီက အမွှန်းတင်ပြောကြားထားပါတယ်။

RAM 512 MB ပါရှိပြီး၊ microSD ကတ် ထပ်စိုက်ဖို့ အပေါက်တစ်ပေါက် နဲ့ mini-HDMI ပေါက် တစ်ပေါက်ပါဝင်ပါတယ်။ standard USB နဲ့ Ethernet အပေါက်မပါဝင်ဘဲ၊ micro-USB အပေါက် သာပါဝင်တာကြောင့် ကီးဘုတ်တွေ၊ မောက်စ်တွေ တပ်ဆင်အသုံးပြုရာမှာ ကြားခံပစ္စည်းတစ်ခုလိုပါလိမ့်မယ်။ ဒါမှမဟုတ်လည်း bluetooth ကီးဘုတ်၊ မောက်စ်နဲ့ အသုံးပြုနိုင်ပါတယ်။ input-output ဘက်စုံသုံးနိုင်တဲ့ ပင်အချောင်း ၄၀ ပါ GPIO ခေါင်းတစ်ခေါင်းလည်း ပါရှိပါတယ်။

ဆော့ဖ်ဝဲမှာတော့ Linus စနစ်ကို အခြေခံထားတဲ့ Raspbian OS နဲ့ လည်ပတ်မှာဖြစ်ပြီး၊ ပရိုဆက်ဆာပါဝါဟာ Minecraft လို ပညာပေးဂိမ်းမျိုးတွေ ကောင်းကောင်းဆော့ကစားနိုင်တဲ့အနေအထားမှာ ရှိပါတယ်။

Ref: Gadgets 360

 

 

 

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category