Android Phone ကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနိုင်မယ့် နည်းလမ်းများ

စမတ်ဖုန်း ကင်မရာများဟာ အဆင့်မြင့်လာတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများကို ရိုက်ကူးလာနိုင်ကြပါပြီ။ တစ်နေ့လျှင် အင်တာနက်သို့ Upload ပြုလုပ်ကြတဲ့ ဓါတ်ပုံပေါင်းဟာ ၂ ဘီလီယမ်နီးပါးရှိပြီး ဓါတ်ပုံများမျှဝေတဲ့ Instagram ကို အသုံးပြုသူဟာ သန်း ၄၀၀ ကျော်လာပါပြီ။ အရည်အသွေးကောင်းတဲ့ ကင်မရာ တပ်ဆင်ထားတဲ့ စမတ်ဖုန်းကို ပိုင်ဆိုင်ပေမယ့်လည်း ဓါတ်ပုံရိုက်ကူးတဲ့ နည်းလမ်းမှားယွင်းနေရင် ဓါတ်ပုံကောင်းများ မထွက်လာနိုင်ပါဘူူး။ အောက်မှာ ဖော်ပြမယ့် နည်းလမ်းများကတော့ ရိုးရှင်းပြီး ဓါတ်ပုံကောင်းများ ရရှိစေမှာပါ။

၁။ Lens ကို သန့်ရှင်းပါ။


ဒါကတော့ ရိုးရှင်းပေမယ့် အရေးကြီးပါတယ်။ စမတ်ဖုန်းများမှာ ဖုန်နဲ့ လက်ဗွေရာများ ကပ်ညိနေတတ်ကြပါတယ်။ ညစ်ပေနေတဲ့ Lens က အလင်းရောင်ကို ဟန့်တားထားတဲ့အတွက် အရည်အသွေး မကောင်းတဲ့ ဓါတ်ပုံများကိုသာ ထွက်လာစေပါတယ်။ အဲဒီအတွက် သန့်ရှင်းတဲ့ အဝတ်စဖြင့် Lens ကို အမြဲ သန့်ရှင်းပေးပါ။

၂။ အလင်းရောင်ကို ဂရုပြုပါ။

အလင်းရောင်ဟာ ဓါတ်ပုံရိုက်ကူးမှုအတွက် အရေးအကြီးဆုံး အရာတစ်ခု ဖြစ်ပါတယ်။ အလင်းရောင် ဦးတည်ရာနဲ့ အလင်းရဲ့ အရောင်ဟာ ဓါတ်ပုံအပေါ် အများကြီး အကျိုးသက်ရောက်ပါတယ်။ အဲဒီအတွက် ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားများက အလင်းပေးတဲ့ မီးလုံးများနဲ့ အခြား ကိရိယာများကို သုံးကြပါတယ်။ ဖုန်းကနေ ဓါတ်ပုံရိုက်မယ့် လူများအတွက်တော့ သဘာ၀ အလင်းရောင်ကိုသာ သုံးနိုင်တဲ့အတွက် ဂရုတစိုက် အသုံးချတတ်ဖို့ လိုပါတယ်။ နေ သို့မဟုတ် မီးလုံးကို သင့်ရဲ့ နောက်မှာ ထားပြီး ရိုက်ကူးမယ့် အရာကို အလင်းရောင် သက်ရောက်စေခြင်းဟာ ဓါတ်ပုံကောင်းများ ရရှိစေတဲ့ ယေဘုယျ နည်းလမ်းပါ။ ဒီနည်းလမ်းကို အခြေပြု၍ ရှုထောင့် အမျိုးမျိုးကနေလည်း ချိန်ရွယ် လေ့လာကြည့်ပါ။

၃။ Flash သုံးခြင်းကို ရှောင်ကြဉ်ပါ။
blank
ဖုန်းများမှာ ပါတဲ့ Flash ကလည်း သင့်တော်စွာ မသုံးရင် မလှပတဲ့ ဓါတ်ပုံများ ထွက်လာစေပါတယ်။ အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာသာ Flash ကို သုံးသင့်ပေမယ့်လည်း ဓါတ်ပုံများဟာ ကြည့်ရဆိုးစေပါတယ်။ Flash ဟာ ကင်မရာနဲ့ တစ်နေရာထဲမှာ တည်ရှိတဲ့ အတွက် ရိုက်မယ့် အရာဝတ္ထု အပေါ် အလင်း သက်ရောက်မှု များစေပါတယ်။ ဒါ့အပြင် လူများကို ရိုက်ကူးတဲ့ အခါမှာလည်း မျက်လုံးနီခြင်းလို မလိုလားအပ်တဲ့ ဆိုးကျိုးများ ဖြစ်စေပါတယ်။ အဲဒီအတွက် တတ်နိုင်သရွေ့ သဘာ၀ အလင်းရောင်နဲ့ မီးအိမ်များကို သုံးပါ။ Flash ကို သုံးရမယ်ဆိုရင်လည်း တစ်သျှူးလို အလွှာပါးလေးတစ်ခုကို Flash မှာ အုပ်ပြီး ရိုက်ရင် ဓါတ်ပုံကောင်းများ ရနိုင်ပါတယ်။

၄။ Digital Zoom ကို ရှောင်ကြဉ်ပါ။

blank
စမတ်ဖုန်းကနေ ဓါတ်ပုံ ရိုက်တဲ့ အခါမှာ Digital Zoom ကို လုံး၀ မသုံးသင့်ပါဘူး။ ဓါတ်ပုံ ကင်မရာများမှာ Optical Zoom ကို သုံးတဲ့ အခါမှာ ရိုက်ကူးမယ့် အရာဝတ္ထုနဲ့ နီးကပ်အောင် Lens ဟာ အရှေ့ကို တိုးလာပါတယ်။ စမတ်ဖုန်းများမှ Digital Zoom ကတော့ ဒီလိုပြုလုပ်ပေးနိုင်ခြင်း မရှိဘဲ ဆော့ဖ်ဝဲကနေ ဓါတ်ပုံကို ကြီးမားအောင် လုပ်ပေးတဲ့အတွက် မှုန်ဝါးတဲ့ ဓါတ်ပုံများကိုသာ ရရှိစေပါတယ်။ အဲဒီအတွက် Digital Zoom အစား အနီးကပ်ပြီး ရိုက်ကူးပါ။

၅။ Modes များ


Camera App မှာ Modes များစွာ ပါရှိကြပါတယ်။ Automatic Mode က ပတ်ဝန်းကျင်ပေါ် မူတည်၍ Settings များကို ချိန်ညှိပေးတဲ့ အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် အခြား Mode များကို သုံးတတ်ရင် ပိုမို အရည်အသွေး ကောင်းတဲ့ ဓါတ်ပုံများကို ရရှိစေမှာ ဖြစ်ပါတယ်။

HDR or High Dynamic Range က အလင်းနဲ့ အမှောင်ကို ချိန်ညှိပေးတဲ့ အတွက် လူ့မျက်လုံးကနေ မြင်ရတဲ့ အတိုင်း သဘာဝကျတဲ့ ဓါတ်ပုံများ ထွက်လာစေပါတယ်။ HDR ဖန်ရှင်က အနက်ရောင် ၊ အလင်းနဲ့ သဘာဝကျတဲ့ ဓါတ်ပုံ ၃ ပုံကို ရိုက်ကူးပြီးတော့မှ ပေါင်းစပ်၍ အကောင်းဆုံး ဓါတ်ပုံတစ်ပုံကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ ရှုခင်းများ၊ အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာ HDR က အသုံးဝင်ပါတယ်။ ဒါပေမယ့် လှုပ်ရှားနေတဲ့ အရာဝတ္ထုများနဲ့ အရောင်စုံတဲ့ ရှုခင်းများကို ရိုက်ရင်တော့ HDR ကို မသုံးသင့်ပါဘူး။

နောက်ထပ် ပရော်ဖက်ရှင်နယ် Mode က RAW ဖြစ်ပါတယ်။ စမတ်ဖုန်းများက ရိုက်လိုက်တဲ့ ဓါတ်ပုံများကို ချုံ့၍ JPEGs အဖြစ် သိမ်းပေးပါတယ်။ ဒါပေမယ့် ချုံ့ထားခြင်း မရှိတဲ့ RAW ကတော့ ဓါတ်ပုံဒေတာ အားလုံးပါတဲ့အတွက် Editing ပြုလုပ်တတ်ရင် အလွန် အရည်အသွေး ကောင်းတဲ့ ဓါတ်ပုံများကို ရရှိစေပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ လူများအတွက်တော့ RAW Mode က မသင့်တော်ပါဘူး။

ref : digitaltrends

%d bloggers like this: