0 Shares 16 Views

LG G5 ဖုန်းမှာ မျက်နှာပြင်နှစ်ခုနဲ့ ကျောကင်မရာနှစ်ခု ပူးတွဲပါဝင်လာဖို့ရှိနေ

Feb 18, 2016
0 16

LG ရဲ့ G5 ဖုန်းအသစ် ထွက်ဖို့ တစ်ပတ်တောင် မလိုတော့တဲ့အချိန်မှာ၊ LG ချစ်သူတွေ ရင်ခုန်စေမယ့် သတင်းတစ်ပုဒ် ထပ်မံထွက်ပေါ်လာပါပြီ။

စမတ်ဖုန်းသတင်းတွေနဲ့ ယုံကြည်စိတ်ချရသူ Evan Blass @evleaks က LG G5 ဖုန်းမှာ second screen လို့ ခေါ်တဲ့ အရန်ဖန်သားပြင်မျက်နှာပြင် ပါဝင်လာမှာဖြစ်ပြီး၊ G5 ဖုန်းကို သူကိုယ်တိုင် မြင်တွေ့ပြီးပြီဖြစ်တယ်လို့ အတည်ပြုရေးသားခဲ့ပါတယ်။

ဒါပေမယ့် ဒီအရန်စခရင်ရဲ့ အရွယ်အစား၊ ဖုန်းမှာရှိမယ့်နေရာနဲ့၊ အသုံးဝင်ပုံတို့ကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။ LG အနေနဲ့ အရန်စခရင်လို့ ခေါ်တဲ့ secondary screen ကို G5 ဖုန်းမှာမှ စသုံးတာမဟုတ်ဘဲ၊ LG V10 ဖုန်းတုန်းကလည်း ၂.၁ လက်မအရွယ်ရှိတဲ့ မျက်နှာပြင်အသေးလေးတစ်ခုကို စမတ်ဖုန်းထိပ်ပိုင်းမှာ ထည့်သွင်းခဲ့ပါတယ်။ အသုံးပြုသူဟာ အဆိုပါအရန် display ကနေတဆင့် မက်ဆေ့ထဲဝင်တာ၊ app ဖွင့်တာ၊ ဖုန်းနံပါတ်စာရင်း ဖွင့်တာတွေကို လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

အရန်စခရင်အပြင် LG G5 မှာ အပိုကင်မရာတစ်လုံးလည်း ပါဝင်လာဖို့ ရှိတယ်လို့ Blass က ဆိုပါတယ်။ Blass ရဲ့ အဆိုအရ G5 ဖုန်းဟာ အပိုကင်မရာ၊ ဒါမှမဟုတ် ကျောကင်မရာမှာ အပိုမှန်ဘီလူးတစ်ခု ပါရှိလာဖွယ်ရှိပြီး၊ ထောင့်ကျယ်ကျယ်မြင်ကွင်းတွေကို မှန်ဘီလူးနှစ်စုံတွဲကျောကင်မရာနဲ့အတူ ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကလည်း သေချာသလောက်ရှိနေပြီး မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ LG X Cam ဖုန်းမှာ အလားတူ နှစ်စုံတွဲကင်မရာပါရှိတာကို တွေ့ရပါတယ်။

Ref: Tech Radar

 

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category