၁၄ နာရီအတွင်းမှာ အိမ်တစ်လုံးဆောက်နိုင်တဲ့ 3D Printer

Massachusetts Institute of Technology က အိမ်တစ်လုံးကို တည်ဆောက်နိုင်တဲ့ 3D Printer စက်ရုပ်နည်းပညာကို ပြသလိုက်ပါတယ်။ သူတို့ရဲ့ နည်းစနစ်မှာ ကြီးမားတဲ့ စက်ရုပ်လက်တံကို သယ်ဆောင်ထားတဲ့ ကားတစ်စီးကို အသုံးပြုထားပါတယ်။ ကွန်ကရစ်များကို ကိုင်တွယ် တည်ဆောက်ရာမှာ တိကျတဲ့ စက်ရုပ်လက်တံငယ်တစ်ခုကိုလည်း အသုံးပြုထားပါတယ်။

3D Printer ဖြင့် နေအိမ် တည်ဆောက်ရတဲ့ အားသာချက်ကတော့ သမားရိုးကျ နည်းလမ်းများထက် ပိုမိုမြန်ဆန်ပြီး ကုန်ကျစားရိတ် သက်သာပါတယ်။ တည်ဆောက်မှုကို Customize ပြုလုပ်ရာမှာလည်း ပိုမို ကောင်းမွန်စေပါတယ်။


“ အနာဂတ်မှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် နေအိမ်ကို တည်ဆောက်နိုင်မယ့် 3D Printer ကို ဖန်တီးမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Solar Sensors များကို အသုံးပြု၍ နေရောင်ခြည် ကောင်းစွာ ရရှိမယ့် နေရာမှာ ပြတင်းပေါက်များကို တပ်ဆင်နိုင်တဲ့ စွမ်းရည်မျိုး ဖြစ်ပါတယ်။ “ လို့ တီထွင်သူများက ပြောပါတယ်။ သူတို့ရဲ့ နည်းပညာဟာ သဘာ၀ ဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် နေအိမ်များ ပျက်ဆီးသွားတဲ့ အခါမှာ လျှင်မြန်စွာ ပြန်လည် တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာကာသမှာ လူသားများ အခြေချဖို့ နေအိမ်များ လျှင်မြန်စွာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ယခုတည်ဆောက်ပြတဲ့ နေအိမ်ဟာ အချင်း ၅၀ ပေနဲ့ အမြင့် ၁၂ ပေ ရှိပါတယ်။ တည်ဆောက်ချိန်ဟာ ၁၄ နာရီသာ ကြာမြင့်ပါတယ်။ နေအိမ်မှာ စက်လုံး ပုံသဏ္ဍာန် ဖြစ်ပြီး လေပြင်းများရဲ့ ဒဏ်ကိုလည်း ခံနိုင်ရည် ရှိပါတယ်။

ref : digitaltrends

%d bloggers like this: