အလိုလို Restart ဖြစ်နေတဲ့ Samsung Galaxy S8 Phone များ

Samsung Galaxy S8 နဲ့ S8+ Phone များဟာ ရောင်းအားကောင်းနေပေမယ့် ပြဿနာအချို့ ဖြစ်ပေါ်နေပါတယ်။ စကရင် အနီရောင် သမ်းတဲ့အတွက် ကုမ္ပဏီက Software Update ထုတ်ပေးခဲ့ရသလို အခုလည်း အလိုလို Restart ကျတဲ့ ပြဿနာ ပေါ်လာပြန်ပါပြီ။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ Users များက XDA Forums နဲ့ Samsung ရဲ့ US Community Page များမှာ Restart ကျတဲ့ ပြဿနာများကို ပြောဆိုနေကြပါတယ်။ အချို့က အဲဒီ ပြဿနာဟာ microSD Card ကြောင့် ဖြစ်ပြီး ကဒ်ကို ထုတ်လိုက်ရင် ခဏတာ ပြေလည်သွားတယ်လို့ ပြောကြပါတယ်။ အချို့ကတော့ Always-On Display Screen ကြောင့်လို့ ပြောကြပါတယ်။ Power Saver စွမ်းဆောင်ချက်ကိုလည်း အချို့က အပြစ်တင်ကြပါတယ်။ User တစ်ဦးက ၁၀ နာရီ အတွင်းမှာ ဖုန်းဟာ ၅ ကြိမ်ကျော် Restart ကျသွားတယ်လို့ ပြောပါတယ်။

အလိုလို Restart ကျရတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် တိုင်တန်းမှုများစွာ ဖြစ်ပေါ်နေပါတယ်။ Android Authority က ဖုန်း အသစ်များ အဲဒီလို Restart ကျခြင်းဟာ ပုံမှန် မဟုတ်ဘူးလို့ ပြောပါတယ်။ Samsung ဟာ S8 Phone များ Restart ကျခြင်းကိုလည်း ဖြေရှင်းပေးရမယ့် ပုံပေါ်ပါတယ်။ ကုမ္ပဏီကလည်း အဲဒီ ပြဿနာနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

စကရင် အနီရောင် သမ်းတဲ့ ပြဿနာကိုလည်း Software Update က ဖြေရှင်းနိုင်မလားဆိုတာကို မသိရသေးပါဘူး။ Samsung က Software Update ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တောင်ကိုရီးယားမှာ ဖြန့်ချီပေးခဲ့တာ ဖြစ်ပြီး အခြားနိုင်ငံများအတွက် မဖြန့်ချီရသေးပါဘူး။

ref : gsmarena

%d bloggers like this: