သုတေသနပညာရှင် အဖွဲ့တစ်ခုက Google Play Store မှ Apps များစွာမှာ ဟက်ကာများ ဖောက်ထွင်းနိုင်တဲ့ လုံခြုံရေး ဟာကွက်များ ရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ မီချီဂန် တက္ကသိုလ်မှ ပညာရှင်များက Apps ပေါင်း ၂၄၀၀၀ ကို သူတို့ရဲ့ ဆော့ဖ်ဝဲဖြင့် စစ်ဆေးခဲ့တာ ဖြစ်ပြီး Apps ပေါင်း ၄၁၀ မှာ လုံခြုံရေး ဟာကွက်များ ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ အဲဒီအထဲမှ App တစ်ခုကို ဒေါင်းလုပ်ပြုလုပ်ထားမှု အကြိမ်အရေအတွက်ဟာ သန်းနဲ့ချီရှိနေပါတယ်။
“ အခု အသစ်တွေ့ရှိရတဲ့ လုံခြုံရေး ဟာကွက်များဟာ အလွန်ကြီးမားတဲ့ ဒေတာခိုးယူမှုကြီးများကို ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ဟက်ကာများက အဝေးကနေ သင့်ဖုန်းမှ Contacts , Photos နဲ့ ငွေများကိုတောင် ခိုးယူနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပညာရှင်များက ရှင်းပြပါတယ်။
WiFi File Trasfer လို Apps များဟာ ဝိုင်ဖိုင်ကနေ တစ်ဆင့် သင့်ဖုန်းမှ ဒေတာများကို ခိုးယူနိုင်ပါတယ်။ အဲဒီ App က သင့်ဖုန်းမှ ဖိုင်များကို ဟက်ကာရဲ့ ကွန်ပြူတာထဲသို့ ကူးယူပေးနိုင်ပါတယ်။ သူ့ကို အင်စတော ပြုလုပ်ထားတဲ့ အကြိမ် အရေအတွက်ဟာ ၁၀ သန်းကနေ သန်း ၅၀ အထိ ရှိပါတယ်။ ပညာရှင်များက App ပေါင်း ၄၁၀ မှာ လုံခြုံရေး ဟာကွက်ပေါင်း ၅၇ ခု ရှိတယ်လို့ ပြောပြီး ဗီဒီယိုများဖြင့် သရုပ်ပြသခဲ့ကြပါတယ်။
Google က Play Store မှ Apps များအား စစ်ဆေးပြီးမှ လက်ခံတယ်ဆိုပေမယ့် Android Apps သန်းပေါင်းများစွာ ရှိတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း စိတ်ချရအောင် စစ်ဆေးနိုင်ခြင်း မရှိတဲ့ပုံပေါ်ပါတယ်။
ref : mashable