Acer က 4K Predator X27 Monitor ကို မိတ်ဆက်

Acer က Predator X27 အမည်ရ Gaming Monitor ကို မိတ်ဆက်လိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး HDR Monitor ဖြစ်ပြီး 4K Resolution ဖြစ်ပါတယ်။ Refresh Rate မြင့်မားတဲ့အတွက် ဂိမ်းကစားရင် အလွန် ကောင်းမွန်ပါတယ်။ HDR10 ကို ထောက်ပံ့ဖို့ Quantom Dot Film ကို အသုံးပြုထားပါတယ်။ 144 Hz Refresh Rate နဲ့ 1000-nits Brightness ကို ပံ့ပိုးပေးပါတယ်။

Predator X27 မှာ Gamers များအတွက် NVIDIA’s G-Sync HDR နည်းပညာနဲ့ Tobii Eye-Tracking တို့ကို ထည့်သွင်းပေးထားပါတယ်။ မော်နီတာမှာ ဇုန် ၃၈၄ ခုပါတဲ့ Direct LED Backlighting System ပါရှိပါတယ်။ မော်နီတာရဲ့ စွမ်းရည်ကို အပြည့်အ၀ အသုံးချနိုင်ဖို့ Gamers များဟာ DisplayPort 1.4 Connector ပါတဲ့ NVIDIA GeForce GTX 10-Series Graphics Card လိုအပ်ပါတယ်။ Display ဟာ Ultra Low Motion Blur ( ULMB ) နည်းပညာကိုလည်း ထောက်ပံ့ပါတယ်။ ဒီနည်းပညာက စကရင်မှ လှုပ်ရှားမှုများကို အလွန် ချောမွတ်စေပါတယ်။

Acer က မော်နီတာရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို ကြေညာခြင်း မရှိသေးပါဘူး။ ကျွမ်းကျင်သူများက အဲဒီ မော်နီတာကို ယခုနှစ် ကွာတား ၃ နှောင်းပိုင်း သို့မဟုတ် ကွာတား ၄ အစောပိုင်းမှာ ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးနှုန်းမှာ ဒေါ်လာ ၁၅၀၀ ကျော်နိုင်တယ်လို့ သိရပါတယ်။

ref : anandtech

%d bloggers like this: