Facebook Stories အကြောင်း သိသင့်တဲ့ ၉ ချက်

Facebook က Mobile App များမှာ Stories ဆိုတဲ့ စွမ်းဆောင်ချက်ကိုု ထည့်သွင်းပေးလိုက်ပါတယ်။ Mobile App များတွင် Status Box ရဲ့ အထက်မှာ ကဏ္ဍအသစ်တစ်ခုကို မြင်ရမှာ ဖြစ်ပြီး သင့်ရဲ့ Stories ကို ဖန်တီးနိုင်သလို သူငယ်ချင်းများရဲ့ Stories များကိုလည်း ကြည့်နိုင်ပါတယ်။ Facebook Stories ဟာ ဓါတ်ပုံများမှာ Filters များထည့်သွင်း၍ သူငယ်ချင်းများနဲ့ မျှဝေနိုင်တဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်။

လူတိုင်းအတွက် မရသေးပါ။

Facebook က မတ်လ ၂၈ ရက်နေ့မှာ Stories ကို မိတ်ဆက်လိုက်တာ ဖြစ်ပေမယ့် လူတိုင်းအတွက် မရရှိသေးပါဘူး။ Status Box ရဲ့ အထက်မှာ Stories ကို မတွေ့ရသေးရင် နောက်ဆုံး ဗားရှင်းကို အင်စတောလုပ်ပါ။ ဒီလိုလုပ်လို့မှ မရသေးရင် အချိန်စောင့်ဆိုင်းရမှာပါ။ စာရေးသူရဲ့ နောက်ဆုံး ဗားရှင်းမှာတော့ Stories ကို သုံးနိုင်ပါပြီ။

Stories များကို ကြည့်ရှုနည်း

Status Box ရဲ့ အထက်မှာ သူငယ်ချင်းများနဲ့ သင့်ရဲ့ Stories များကို ကြည့်နိုင်ပါတယ်။ ဘယ်ဘက်ထောင့်စွန်းမှ Direct ကို နှိပ်၍ သင့်ရဲ့ Stories ကို ဖန်တီးနိုင်ပါတယ်။ စကရင်ကို ညာဘက်သို့ ပွတ်ဆွဲခြင်းဖြင့်လည်း Stories ကို ဖန်တီးနိုင်ပါတယ်။ သူငယ်ချင်းများရဲ့ Stories ကို Like လုပ်လို့ မရပေမယ့် Stories တစ်ခု ဖန်တီး၍ Reply လုပ်နိုင်ပါတယ်။

Stories ဖန်တီးခြင်း

Stories တစ်ခု ဖန်တီးဖို့ အရှေ့နဲ့ အနောက် ကင်မရာများကနေ ဓါတ်ပုံရိုက်နိုင်သလို Gallery ထဲမှ ဓါတ်ပုံနဲ့ ဗီဒီယိုများကိုလည်း သုံးနိုင်ပါတယ်။ အောက်ခြေမှ Shutter Button ကို နှိပ်၍ ဓါတ်ပုံရိုက်ရမှာ ဖြစ်ပြီး ဖိထားရင် ဗီဒီယို ရိုက်ပေးမှာပါ။

Filters များ

Facebook Stories မှာ ဓါတ်ပုံနဲ့ ဗီဒီယိုများ မရိုက်ကူးခင် Animated Filter နဲ့ Border များကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ စကရင်ကို အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲ၍ Filters များထည့်သွင်းနိုင်ပါတယ်။ အဲဒီ Filters ၈ ခု အပြင် အောက်ခြေမှ Magic Wand Button ကို နှိပ်ရင် အခြား Filters များစွာကို သုံးနိုင်မှာပါ။ ဒါပေမယ့် Emoji နဲ့ Stickers များကိုတော့ ထည့်လို့ မရပါဘူး။

၂၀ စက္ကန့်အထိ ဗီဒီယိုများ ဖန်တီးပါ။

Facebook က စက္ကန့် ၂၀ ကြာ ဗီဒီယိုများ ဖန်တီးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Instagram Stories မှာ ၁၅ စက္ကန့်ကြာ ဗီဒီယိုနဲ့ Snapchat မှာ ၁၀ စက္ကန့်ကြာ ဗီဒီယိုများ ဖန်တီးနိုင်ပါတယ်။

သင့် Stories ကို ဒေါင်းလုပ်လုပ်ပါ။

သင့် Stories ကို ဖန်တီးပြီးရင် Down Arrow ကို နှိပ်၍ သိမ်းနိုင်ပါတယ်။ သူငယ်ချင်းများထံ ပေးပို့ဖို့ ညာဘက်သို့ ခေါင်းလှည့်ထားတဲ့ မျှားကို နှိပ်ပါ။

သင့် Stories ကို မျှဝေမယ့် သူငယ်ချင်းများကို ရွေးပါ။

သင့် Stories ကို ဖန်တီးပြီးလို့ ညာဘက်ခေါင်းလှည့်ထားတဲ့ မျှားကို နှိပ်ရင် သူငယ်ချင်းများထံ တိုက်ရိုက် မျှဝေနိုင်သလို သင့် Stories အဖြစ် သတ်မှတ်နိုင်ပါတယ်။ သင့် Stories အဖြစ် သတ်မှတ်ရင် ပို့စ်တင်သလိုပဲ Public , Friends စသဖြင့် မျှဝေမယ့် သူငယ်ချင်းများကို ရွေးချယ်နိုင်ပါတယ်။ သင့်ရဲ့ Stories ကို သင်နဲ့ သူငယ်ချင်းများရဲ့ Newsfeed ထိပ်ဆုံးမှာ ၂၄ နာရီကြာ ပြသပေးထားမှာပါ။

Replay ကြည့်ပါ။

သင့် သူငယ်ချင်းက သင့်ထံ Stories ကို တိုက်ရိုက် ပေးပို့ရင် ၂ ကြိမ် ကြည့်နိုင်ပါတယ်။ ပြီးရင်တော့ ပျောက်ကွယ်သွားမှာပါ။

သင့် Stories ကို ကြည့်တဲ့ လူများကို သိပါစေ။

သင့် Stories ကို တစ်ချက်နှိပ်ပြီး အောက်ခြေမှ မျက်လုံးပုံ အိုင်ကွန်ကို နှိပ်ရင် သင့် Stories ကို ကြည့်တဲ့ လူများကို ပြသပေးမှာ ဖြစ်ပါတယ်။

ref : cnet

%d bloggers like this: