Acer က လက်တော့၊ တက်ဘလက် ၂ မျိုးသုံး ပီစီများကို မိတ်ဆက်

Acer က နယူးယောက်မှာ ပွဲတစ်ခု ကျင်းပ၍ Swift Laptops အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ Switch 3 နဲ့ Switch 5 လို့ အမည်ပေးထားပြီး လက်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။ လက်တော့များမှာ ကီးဘုတ်ကို ဖြုတ်၊ တပ်နိုင်ပါတယ်။ Switch 3 မှာ ၁၂ လက်မ Full HD Display နဲ့ Switch 5 မှာ ၁၅ လက်မ QHD Display တပ်ဆင်ထားပါတယ်။ Switch 5 မှာ လက်ဗွေရာ လုံခြုံရေး စနစ် အပိုပါပြီး မော်ဒယ် ၂ မျိုးစလုံးဟာ Acer Active Pen နဲ့ တွဲဖက် သုံးနိုင်ပါတယ်။

Switch 5 အတွက် Intel Core i7 နဲ့ i5 Processor များကို ရွေးချယ်နိုင်ပါတယ်။ Switch 3 အတွက် စွမ်းရည်နိမ့် Pentium နဲ့ Celeron Processor များကို ထုတ်လုပ်ပေးထားပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ ပန်ကာမပါတဲ့ အအေးပေး စနစ် LiquidLoop ပါပြီး ယခင်မျိုးဆက်များထက် စွမ်းရည် ပိုမို မြင့်မားလာပါတယ်။ Switch 5 အတွက် 512GB SSD နဲ့ 8GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ Switch 3 အတွက်တော့ 128GB Storage နဲ့ 4GB RAM အထိ ရွေးချယ်နိုင်ပါတယ်။

မော်ဒယ် ၂ ခုစလုံးကို ဇွန်လမှာ ရောင်းချမှာ ဖြစ်ပါတယ်။ Switch 5 နဲ့ 3 ကို ဥရောပတွင် စတင် ရောင်းချပေးမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်များဟာ ယူရို ၁၀၉၉ နဲ့ ၄၉၉ အသီးသီး တန်ကြေးရှိပါတယ် မြန်မာငွေ အားဖြင့် ၁၆ သိန်းနဲ့ ၇ သိန်းကျော် အသီးသီး တန်ကြေးရှိပါတယ်။

ref : windowscentral

%d bloggers like this: