Vivo က 20MP Selfie Camera ပါတဲ့ V5s ကို မိတ်ဆက်

Vivo က အိန္ဒိယမှာ V Series Smartphone အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Vivo V5s လို့ အမည်ပေးထားပြီး Mattee Black , Gold Color များ ထုတ်လုပ်ပေးထားပါတယ်။ အိန္ဒိယ ရူပီး ၁၈ ၉၉၀ ( ၂၉၆ ဒေါ်လာ ) တန်ကြေးရှိပြီး အိန္ဒိယရဲ့ အွန်လိုင်း အရောင်းဆိုင် Flipkart ကနေ ကြိုတင်မှာယူနိုင်ပါပြီ။ မြန်မာငွေအားဖြင့် ၄၀၀ ၀၀၀ ခန့် တန်ကြေးရှိပါတယ်။

Vivo V5s မှာ ၅.၅ လက်မ HD 1280×720 Pixels Display တပ်ဆင်ထားပြီး Corning Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ Octa-Core 64bit MediaTek MT6750 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM , 64GB Internal Storage တပ်ဆင်ထားတဲ့ အပြင် 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android 6.0 Marshmallow ကို Vivo Funtouch OS 3.0 နဲ့ ပေါင်းစပ်ထားပါတယ်။ 3000mAh Battery ပါရှိပါတယ်။

သူ့ရဲ့ အဓိက အားသာချက်မှာ ကင်မရာများ ဖြစ်ပြီး အနောက်ဘက်မှာ PDAF နည်းပညာပါတဲ့ 13MP Camera တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ Selfies ဓါတ်ပုံကောင်းများကို ရိုက်ကူးနိုင်တဲ့ 20MP Camera ကို LED Flash တစ်ခုနဲ့ ပူးတွဲတပ်ဆင်ထားပါတယ်။ Group Selfie များ ရိုက်ဖို့ အထူး ဖန်တီးထားတဲ့ Mode လည်း ပါပါတယ်။ Home Button အောက်မှာ ရေစိုခံတဲ့ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။ Fingerprint Scanner က ဝ.၂ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။

ref: gsmarena, themobileindian

%d bloggers like this: