Windows မှာ Google Chrome ကို ပိုမို လျှင်မြန်စေမယ့် နည်းလမ်း ၁၀ ခု

Google Chrome ဟာ စမ်းသပ်မှုများအရ အမြန်ဆုံး ဘရောက်စာ တစ်ခု ဖြစ်ပြီး ကမ္ဘာ့ လူသုံးအများဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ချက်များစွာ ပါတဲ့အတွက် Chrome ဟာ တစ်ခါတစ်ရံမှာ လေးလံနေတတ်ပါတယ်။ ဒီလို လေးလံမှုများ မဖြစ်ဘဲ Google Chrome ကို ပိုမို လျှင်မြန်စေမယ့် နည်းလမ်းများကို ဒီ Tutorial မှာ ဖော်ပြပေးချင်ပါတယ်။

Experimental Features

Google Chrome မှာ စမ်းသပ်ဆဲ စွမ်းဆောင်ချက်များကို ထည့်ပေးထားပါတယ်။ လိပ်စာဘားမှာ chrome://flags ကို ရိုက်ထည့်ရင် စမ်းသပ်ဆဲ စွမ်းဆောင်ချက်များကို ပြသပေးမှာပါ။ Chrome ကို ပိုမို မြန်ဆန်အောင် အဲဒီ စွမ်းဆောင်ချက်များကို သုံးနိုင်ပါတယ်။ အောက်မှာ ဖော်ပြမယ့် ပထမဆုံး နည်းလမ်း ၄ ခုကို စမ်းသပ်ဆဲ စွမ်းဆောင်ချက်များထဲမှာ ပြုလုပ်ရမှာပါ။

၁။ GPU Acceleration

ဒီနည်းလမ်းက စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ GPUs နဲ့ Video RAMs များကို ပိတ်ပေးမှာပါ။

• CTRL+F ကို နှိပ်ပါ။
• “ ignore-gpu-blacklist “ ကို ရှာပါ။
• Enable ကို ရွေးပေးပါ။

၂။ ဓါတ်ပုံများ လျှင်မြန်စွာ ပွင့်အောင် ပြုလုပ်ပါ။
ဓါတ်ပုံများကို လျှင်မြန်စွာ ပွင့်စေခြင်းဖြင့် Web Pages များကို လျှင်မြန်စွာ ပွင့်စေပါတယ်။

• “ Number of raster threads “ ကို ရှာပါ။
• Default Value ကို 4 ပြောင်းပါ။

၃။ Tabs များ လျှင်မြန်စွာ ပိတ်အောင် ပြုလုပ်ပါ။
ဒီနည်းလမ်းက Tabs များကို လျှင်မြန်စွာ ပိတ်စေခြင်းဖြင့် ဘရောက်စာကို လျှင်မြန်စေပါတယ်။

• “ enable-fast-unload” ကို ရှာပါ။
• Enable ကို နှိပ်ပါ။

၄။ Smooth Scrolling ကို သုံးပါ။
ဒီနည်းလမ်းက Scroll ပြုလုပ်ရာမှာ ပိုမို ချောမွတ်စေပါတယ်။

• “ smooth-scrolling “ ကို ရှာပါ။

၅။ DNS Preloading ကို ပိတ်ပါ။
Search Box သို့မဟုတ် Address Bar မှာ စာရိုက်တဲ့ အခါမှာ ကြိုတင်ခန့်မှန်းပေးတဲ့ စွမ်းဆောင်ချက်ကို ပိတ်ခြင်းဟာလည်း ဘရောက်စာကို လျှင်မြန်စေပါတယ်။

• Chrome Settings Page ကို သွားပါ။
• Advanced Settings ကို နှိပ်ပါ။
• Privacy အောက်မှ အောက်ပါ စွမ်းဆောင်ချက်များကို ပိတ်ပါ။
• “Use a web service to help resolve navigational errors.”
• “Use a prediction service to help complete searches and URL’s typed in the address bar.
• ပြီးရင်တော့ Save the changes ကို နှိပ်ပါ။

၆။ Prefetch Resources ကို သုံးပါ။
Prefetch Resources ဟာ ဝက်စာမျက်နှာတစ်ခု ကြည့်နေစဉ် အင်တာနက် ပြတ်တောက်မှုကြောင့် တစ်ဝက်တစ်ပျက် သိမ်းဆည်းထားတဲ့ ဒေတာများကို နောက်တစ်ကြိမ်ဖွင့်ရင် ပြန်လည် အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒေတာများ ဒေါင်းလုပ်လုပ်ရတဲ့ ပမာဏ လျော့နည်းသွားပြီး ဝက်စာမျက်နှာကို လျှင်မြန်စွာ ပွင့်စေပါတယ်။

• Advanced Setting ထဲသွားပါ။
• Privacy အောက်မှ “ Prefetch resources to load pages more quickly “ ကို Enable လုပ်ပါ။

၇။ Extension များကို Uninstall လုပ်ပါ။
ဘရောက်စာမှာ Extension များစွာ သုံးတာက လေးလံစေပါတယ်။ အသုံးမပြုတဲ့ Extension များကို Uninstall လုပ်ခြင်းဖြင့် ဘရောက်စာကို လျှင်မြန်စေပါတယ်။

• Extension ကို နှိပ်ပါ။
• မသုံးတဲ့ Extension များရဲ့ ညာဘက်ထောင့်မှ အမှိုက်ပုံုးခလုတ်ကို နှိပ်၍ Uninstall လုပ်ပါ။

၈။ ဘရောက်စာ ဒေတာများကို ရှင်းပါ။
History, Junks, Cache များကို ရှင်းလင်းခြင်းဟာ ဘရောက်စာကို လျှင်မြန်စေပါတယ်။

• CTRL+H ကို နှိပ်ပြီး History Page ကို သွားပါ။
• အပေါ်ထိပ်မှ “ the beginning of time “ ကို ရွေးပေးပြီး အောက်မှ Clear browsing data ကို နှိပ်ပါ။

၉။ ဓါတ်ပုံများကို ပိတ်ပါ။
၀က်စာမျက်နှာများမှ ဓါတ်ပုံများကို ပိတ်ခြင်းဟာ ဘရောက်စာကို လျှင်မြန်စေသလို ဒေတာ သက်သာစေပါတယ်။

• Advanced Settings ထဲ ဝင်ပါ။
• Privacy အောက်မှ Content Settings ကို နှိပ်ပါ။
• Images ကဏ္ဍမှ “ Do not show any images “ ကို ရွေးပေးပြီး အောက်ခြေမှ Done ကို နှိပ်ပါ။

၁၀။ Data Saver Extension ကို သုံးပါ။
Data Saver Extension ဟာ ဒေတာ သက်သာစေတဲ့ အပြင် ဘရောက်စာကို လျှင်မြန်စေပါတယ်။ အောက်ပါ လင့်ကနေ အင်စတော လုပ်ပါ။

Data Saver

ref : crazytechtricks

%d bloggers like this: