အိတ်ဆောင် အရွယ်အစားနဲ့ Yi 360 VR 4K Live Streaming Video Camera

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Xiaomi ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ YI Technology က အလွယ်တကူ သယ်ဆောင်သွားနိုင်မယ့် အိတ်ဆောင် 360-degree VR 4K live streaming video ကင်မရာ အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

ဒီ ကင်မရာဟာ အမှန်တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ကင်မရာတစ်ခုလို့ပြောနိုင်ပါတယ်။ အိတ်ဆောင် အရွယ်အစားနဲ့ ကင်မရာလေး တစ်လုံးဟာ 360-degree ရိုက်နိုင်ရုံမက 5.7K virtual reality (VR) , 4K video တွေနဲ့ 2.5K Live Streaming video တွေကို ရိုက်ကူးနိုင်မှာဖြစ်တဲ့အတွက် တကယ်ကို ထူးခြားတယ်လို့ ပြောရမှာပါ။

ဒီ ကင်မရာမှာ Ambarella VR SOC H2V95 chip ကိုထည့်သွင်းအသုံးပြုထားပြီး 220-degree lenses တွေကို 12MP SONY IMX377 CMOS sensors အစုံတွေနဲ့ ပေါင်းစပ် အသုံးပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီ ကင်မရာကို လာမယ့် (၂၀၁၇) ဇွန်လ အတွင်းမှာ (၃၉၉) ဒေါ်လာ ဈေးနှုန်း နဲ့ စတင် ရောင်းချမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Ref: GG

%d bloggers like this: