အင်တာနက်ကို package နဲ့သုံးရတာ ပိုအဆင်ပြေတယ်ဆိုတဲ့ သရုပ်ဆောင် ဆုအိမ့်စံ

အနုပညာလောကထဲကို လွန်ခဲ့တဲ့သုံးနှစ်က ဝင်ရောက်ခဲ့ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန် အမူအရာလေးတွေကြောင့် ပရိတ်သတ်အားပေးမှုကို ရရှိခဲ့တဲ့သူကတော့ သရုပ်ဆောင် ဆုအိမ့်စံ ပဲဖြစ်ပါတယ်။သူမနဲ့တွေ့တုန်း အနုပညာလှုပ်ရှားမှုနဲ့ ဖုန်းအကြောင်းကို မေးဖြစ်ခဲ့ပါတယ်။

Q. လတ်တလော အနုပညာလှုပ်ရှားမှုကိုပြောပြပေးပါလား။
အခုက ရှင်အမေနဲ့ ကျွန်မ ဆိုတဲ့ဗီဒီယိုကားလေး ရိုက်နေပါတယ်။ ဒီဇာတ်လမ်းက မိသားစု Drama လေးပါ။ ညီမက ဒီကားထဲမှာ ကိုသူရိယရဲ့ မိန်းမအနေနဲ့ ပါ။

Q.  ရုပ်ရှင်ကားကြီးတွေရော လက်ခံထားသေးလား။
ရုပ်ရှင်ကားကြီး လက်ခံထားတာမရှိသေးပါဘူး။ ဗီဒီယိုတွေပဲ ဆက်တိုက်ရိုက်ဖြစ်နေ ပါတယ်။

Q. အနုပညာလောကထဲကို ဘယ်အချိန်ကဝင်ခဲ့တာလဲ။
လွန်ခဲ့တဲ့ ၃နှစ်လောက် ကပါ။

Q. ညီမလေးရိုက်ချင်တဲ့ ကာရိုက်တာရော ရှိလား။
ညီမရဲ့ အနုပညာသက်တမ်း နည်းသေးတော့ ကာရိုက်တာအစုံ မရိုက်ရသေးပါဘူး။ ညီမ မရိုက်ရသေးတဲ့ ကာရိုက်တာတွေ အများကြီးရှိပါသေးတယ်။ ညီမအနေနဲ့က ကာရိုက်တာအားလုံး ကို လုပ်ကြည့်ချင်သေးတယ်။ နောက်ပိုင်း ကာရိုက်တာ စုံတော့မှ ကိုယ်ရိုက်ချင်တဲ့ ကာရိုက်တာကို ရိုက်ဖြစ်မှာပါ။

Q. ကာရိုက်တာတွေ ထပ်တာတွေရော ရှိလား။
ညီမက အနုပညာသက်တမ်း နည်းသေးတော့ ထပ်တာတွေမရှိသေးဘူး။

Q. ညီမလေးကို ဟာသ ကာရိုက်တာနဲ့ လိုက်တယ်လို့ပြောကြတယ်။ ညီမလေးရော ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲ။
တချို့ဟာသတွေလည်း လုပ်ရတာခက်ပါတယ်။ ဒရမ်မာပဲ ခက်တာ မဟုတ်ပါဘူး။ ညီမကတော့ နှစ်ခုလုံးကို မျှပြီးလုပ်ရတာကို သဘောကျတယ်။ အမြဲတမ်းဟာသပဲ သွားဖို့တော့ မရှိပါဘူး။ ဒရမ်မာတွေလည်း ရိုက်ထားတာရှိပါတယ်။

Q. အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ပဲ ဝါသနာပါတာလား။ တစ်ခြား အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖို့ရှိလဲ။
အခုအချိန်မှာပြောရရင်တော့ ညီမရဲ့ပန်းတိုင်က သရုပ်ဆောင်ကောင်း ဖြစ်ချင်တဲ့အတွက် ဒါကိုပဲ တစ်စိုက်မတ်မတ် လုပ်သွားမယ်။ နောက်ပိုင်းတော့ ဘာတွေလုပ်ဖြစ်မလဲ ဆိုတာ မပြောတတ်သေးဘူး။

Q. အခုကိုင်ထားတဲ့ ဖုန်းBrand ကို ပြောပြပေးပါလား။
iphone ပဲကိုင်ဖြစ်တယ်။

Q. ဖုန်းထဲမှာ သုံးဖြစ်တဲ့ APP တွေကိုပြောပြပေးပါလား။
ဓာတ်ပုံပြင်ရတာကို ကြိုက်လို့ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ APP တွေ အများဆုံး သုံးဖြစ်တယ်။ ကျန်တာတော့ ထွေထွေထူးထူး သိပ်မရှိဘူး။

Q. အင်တာနက်ရော နေတိုင်းသုံးဖြစ်လား။
သုံးဖြစ်တယ်။ မနက်မိုးလင်းတာနဲ့ သုံးဖြစ်တယ်။ ဒါကလည်း ပရိတ်သတ်နဲ့ ကိုယ်နဲ့ အဆက်အသွယ် လေး တစ်ခုအနေနဲ့ပေါ့။ ကားရိုက်နေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်လက်ထဲမှာ ဖုန်းအမြဲရှိတယ်။

Q. အခု နောက်ပိုင်း ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် ညီမလေးအမြင်ကိုပြောပြပေးပါလား။
ဒါက ကောင်းပါတယ်။ ဆိုရှယ်မီဒီယာမှာက ကောင်းတာရှိသလို မကောင်းတာရှိတယ်။ သုံးတဲ့သူတွေ အနေနဲ့ တစ်ခုခုဆို သေချာစဉ်းစားဖို လိုပါတယ်။

Q. အင်တာနက်သုံးတဲ့အခါ Package တွေရော ဝယ်သုံးဖြစ်လား။
သုံးဖြစ်တယ်။ အင်တာနက်ကို Package နဲ့သုံးရတာ ပိုအဆင်ပြေတယ်။ ဘေကုန်လည်း သက်သာတယ်။

%d bloggers like this: