0 Shares 729 Views

၂၀၁၆ ခုနှစ်ထုတ် Samsung Galaxy A5 ဖုန်းကို လေ့လာသုံးသပ်ကြည့်ခြင်း (review)

Feb 17, 2016
0 729

 

ဈေးအလယ်အလတ်နဲ့ အမိုက်စားစမတ်ဖုန်းတွေ အပြိုင်အဆိုင်ထွက်ပေါ်လာတဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ တခြားကုမ္ပဏီအများအပြားနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့ အတွက်  တောင်ကိုရီးယားကုမ္ပဏီ Samsung ဟာ ၂၀၁၄ ခုနှစ်ထုတ် Galaxy A5 ကို ပြန်လည်ဆန်းသစ်ကာ 2016 edition A5 ဖုန်းအဖြစ် ပြန်ထုတ်ခဲ့ပါတယ်။

Samsung ဟာ နာမည်ကျော် A စီးရီးဖြစ်တဲ့ A3 ၊ A5 ၊ A7 ဖုန်းသုံးမျိုးလုံးကို ၂၀၁၆ ခုနှစ်မှာ ပြန်လည်ဆန်းသစ်ကာ ထုတ်ခဲ့တာဖြစ်ပြီး၊ ယခု review မှာတော့ Galaxy A5 ဖုန်းကို လေ့လာသုံးသပ်ထားပါတယ်။

Samsung Galaxy A5 (2016) ဒီဇိုင်းပိုင်း

Galaxy A5 (2016) ဖုန်းဟာ ဥရောပမှာ ၄၂၅ ယူရို (မြန်မာငွေ ၅၈၀၀၀၀ ၀န်းကျင်)၊ နဲ့ အိန္ဒိယမှာ ရူပီး ၂၉၄၀၀ (မြန်မာငွေ ငါးသိန်းနှစ်သောင်းကျော်) လောက် ကျသင့်ပါတယ်။

ဒီဇိုင်းပိုင်းကတော့ တခြား A3 (2016) မော်ဒယ်နဲ့ ပုံစံသိပ်မကွာဘဲ Galaxy S6 ဖုန်းလို စတိုင်ကျတဲ့ သတ္တုဘောင်ပါရှိပါတယ်။ A5 ဖုန်းကို ရှေ့ နဲ့ နောက်အပိုင်းပဲ ကြည့်မယ်ဆိုရင်၊ S6 တစ်လုံး ကိုင်ထားသလို ထင်ရပါတယ်။ ဒါပေမယ့် သေချာကြည့်တဲ့အခါမှ A5 က မှန်ဟာ 2.5D edge ဒီဇိုင်းဖြစ်ပြီး၊ သတ္တုဘောင်နဲ့ ဖန်သားပြင်နဲ့ကို တသားတည်းဖြစ်အောင် လုပ်ထားတာကို တွေ့ရမှာပါ။

အလူမီနီယမ်နဲ့လုပ်ထားတဲ့ အသံအတိုးအကျယ်ခလုတ်တွေက နှိပ်ရတာ ကောင်းမွန်မှုရှိပြီး၊ အလွယ်တကူ နှိပ်နိုင်တဲ့နေရာမှာရှိတာကြောင့် လက်တစ်ဖက်တည်းနဲ့ ဖုန်းကို ကိုင်ပြီး အေးအေးသုံးနိုင်ပါတယ်။ ဒါပေမယ့် နောက်ကင်မရာက အရှေ့ကို ဖောင်းထွက်နေတဲ့ဒီဇိုင်းကတော့ နည်းနည်းကသိကအောက်ဖြစ်တယ်လို့ ဆိုရမှာပါ။

gsmarena_006

ရုပ်ထွက်မျက်နှာပြင်ပိုင်း

၅.၂ လက်မအရွယ် Super AMOLED မျက်နှာပြင်အသုံးပြုထားပြီး၊ 1920×1080 pixels HD အပြည့် ရုပ်ထွက်ကို ခံစားနိုင်မှာပါ။ ကာလာအရောင်တွေက တောက်ပစိုနေပြီး၊ ရုပ်ထွက်ပြတ်သားမှုကလည်း တော်တော်လေးကောင်းပါတယ်။

ဂိမ်းကစား၊ရုပ်ရှင်ကြည့်၊ appသုံးတာတွေအတွက် အမိုက်စား ဖြစ်သလို၊ ဖုန်းကနေ စာဖတ်ဖို့အတွက်လည်း တော်တော်လွယ်ကူတာကို တွေ့ရပါတယ်။

AndroidPIT-Samsung-Galaxy-A5-2016-3-w782

 

ဆော့ဖ်ဝဲပိုင်း

‘Less is More’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း A5 ဖုန်းမှာ pre-installed ကြိုသွင်းထားတဲ့ app တွေ တော်တော်နည်းသွားတာကို တွေ့ရပါတယ်။ အသုံးဝင်တဲ့ Google ရဲ့ Maps ၊ Google Drive ၊ Youtube စတဲ့ app တွေ အပြင် Microsoft ရဲ့ Excel ၊ Word ၊ Skype တို့ပါ တပါတည်းပါဝင်လာပါတယ်။

Android 5.1 Lollipop စနစ်ဖြစ်ပြီး၊ TouchWiz ဆော့ဖ်ဝဲ interface သုံးထားတာကြောင့် ဖုန်းရဲ့ icon တွေ၊ နောက်ခံအရောင်တွေက တော်တော်လေး လှနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် Galaxy A5 ဖုန်းဟာ ဆော့ဖ်ဝဲပိုင်းမှာ တခြားဖုန်းတွေနဲ့ တူတူလောက်သာဖြစ်ပြီး သိပ်ထူးခြား၊ ခြားနားတဲ့ feature တွေတော့ မပါလာပါဘူး။

Touchwizz-A5-w782

 

စွမ်းဆောင်ရည်ပိုင်း

Galaxy A5 (2016) ပရိုဆက်ဆာက Galaxy Tab 2 မှာ သုံးထားတဲ့ 1.6 GHz octa-core Exynos ပရိုဆက်ဆာပဲဖြစ်ပြီး၊ RAM 2GB နဲ့ ဖုန်းတွင်းမှတ်ဥာဏ် 16 GB ပါရှိပါတယ်။ နာမည်ကျော် Galaxy S6 မှာ microSD ကတ် ထပ်စိုက်လို့မရပေမယ့်၊ A5 မှာတော့ microSD ကတ် ထပ်စိုက်လို့ရတာက မဆိုးဘူးလို့ ပြောရမှာပါ။ ဖုန်းစွမ်းဆောင်ရည်ပိုင်းစစ်ဆေးမှုပြုလုပ်ကြည့်ရာမှာ A5 (2016) က အမှတ် ၄၀၉၃၁ ရရှိပြီး၊ Nexus 5X ဖုန်းစွမ်းဆောင်ရည်လောက်တော့ မရှိပါဘူး။

ဒါပေမယ့် app တွေဖွင့်၊ ဂိမ်းဆော့၊ အင်တာနက် browser တွေသုံးကြည့်ရာမှာ၊ နှေးကွေးနှောင့်နှေးမှုတွေမရှိဘဲ သုံးရတာ တော်တော်ပေါ့ပါးမြန်ဆန်ပါတယ်။ ဂရပ်ဖစ်အမြင့်စားဂိမ်းတွေ ဆော့ကြည့်ရာမှာလည်း ရုပ်ထွက်ကောင်းမွန်သလို၊ အထစ်အငေါ့မရှိတာလည်း တွေ့ရပါတယ်။ အောက်ဖော်ပြပါဇယားက An Tu Tu benchmark စစ်ဆေးတဲ့ app နဲ့ တိုင်းတာထားတာဖြစ်ပါတယ်။

Capture

 

ချိတ်ဆက်နိုင်မှု နဲ့ Sensor

SIM တစ်ကတ်ထိုး နဲ့ နှစ်ကတ်ထိုးဆိုပြီး မော်ဒယ်နှစ်မျိုးရှိပေမယ့်၊ နိုင်ငံအလိုက်ရောက်ရှိတဲ့မော်ဒယ်ကတော့ ကွာသွားပါလိမ့်မယ်။ လက်ဗွေရာဖတ်စနစ်၊ သံလိုက်အိမ်မြှောင် တို့ပါဝင်သလို၊ နောက်ပိုင်းခေတ်စားလာတဲ့ ငွေချေမှုစနစ် Samsaung Pay အတွက် NFC နဲ့ MST နည်းပညာတို့ ပါဝင်တာကြောင့်၊ ဖုန်းနဲ့တင် ငွေချေနိုင်ပါတယ်။ 4G ချိတ်ဆက်နိုင်ပြီး၊ USB OTG လည်းသုံးလို့ရပါတယ်။

Galaxy A5 ရဲ့ အသံပိုင်း

A5 ဖုန်းအောက်ဘက်မှာ မိုနိုစပီကာပါရှိပြီး၊ သီချင်းအသံကောင်းကောင်းနားဆင်နိုင်ပါတယ်။ ဒါပေမယ့် အရမ်းအမိုက်စားကြီးမဟုတ်ဘဲ၊ နားကြပ်နဲ့ နားထောင်တာက အသံအရည်အသွေးပိုကောင်းတာကို တွေ့ရပါတယ်။ A5 နားကြပ်မှာ ဖုန်းဖြေ၊ ဖုန်းချ၊ သီချင်းဖွင့်၊ရပ်၊ အသံအတိုးအချဲ့ လုပ်လို့ရတဲ့ ခလုတ် ပါရှိတာကြောင့် ကားပေါ်မှာ ဖုန်းနားထောင်နေရင်၊ ဖုန်းကိုထုတ်စရာ၊ကိုင်စရာမလိုဘဲ အလွယ်တကူဖုန်းပြော၊ သီချင်းဖွင့်လုပ်နိုင်မှာပါ။ အသံအရည်အသွေးရှိဖို့ ဆော့ဖ်ဝဲလည်း ပါရှိလာပါတယ်။

AndroidPIT-Samsung-Galaxy-A5-2016-6-w782

 

Galaxy A5 ကင်မရာ

Galaxy A5 ကင်မရာက A3 နဲ့ တူတူနီးပါးလောက်ပါပဲ။ နောက်ကင်မရာက 13 MP ရှိပြီး f/1.9 အထိ အလင်းဝင်ပေါက (အပါချာ) ဖွင့်ပြီး ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာကလည်း 5 MP f/1.9 အပါချာ ဖြစ်ပါတယ်။ A3 နဲ့ မတူတာကတော့ A5 မှာ OIS နည်းပညာပါဝင်လာပြီး၊ ဓာတ်ပုံရိုက်တဲ့အခါ ပုံရိပ်ဝါးခြင်းကို လျော့ချပေးနိုင်ပါတယ်။ မှောင်တဲ့အချိန်မှာ A5 ကင်မရာနဲ့ ရိုက်ကြည့်ရာမှာ ပုံသိပ်မကောင်းတာလည်း တွေ့ရပါတယ်။ အလင်းကောင်းကောင်းရတဲ့အချိန်မှာတော့ အမိုက်စားပုံ၊ selfie တွေ ရနိုင်ပြီး၊ ဓာတ်ပုံဝါသနာအိုးတွေအတွက် သင့်တော်တဲ့ဖုန်းမျိုးတော့ မဟုတ်ပါဘူး။

gsmarena_008

ဘက်ထရီ

ဘက်ထရီအားသိုလှောင်နိုင်မှု 2900 mAh ရှိပြီး၊ အားအမြန်သွင်းနိုင်တဲ့စွမ်းဆောင်ရည်ကြောင့် တစ်နာရီအတွင်း ဖုန်းအားအပြည့်သွင်းနိုင်ပါတယ်။ ငါးသိန်းကျော်ပေးဝယ်ရတဲ့ဖုန်းတွေထဲမှာ ဘက်ထရီ အများဆုံးဖုန်းတော့မဟုတ်ပေမယ့်၊ ဘက်ထရီအားအစားသက်သာတာကိုတော့ တွေ့ရပါတယ်။

galaxy-a5

 

အဆုံးသတ်သုံးသပ်ချက်

ဖုန်းရုပ်ထွက်၊ ဘက်ထရီ၊ ဒီဇိုင်းပိုင်း၊ စွမ်းဆောင်ရည်တို့ကတော့ ကောင်းပေမယ့် ဈေးက များနေသလို၊ ကင်မရာ စွမ်းဆောင်ရည်ကိုလည်း သိပ်အားမရပါဘူး။ ဘက်ထရီကတော့ 2900 mAh ဆိုပေမယ့်လည်း တော်တော် အသုံးခံပါတယ်။ ဒီထက်ဈေးနည်းနည်းကျမယ်ဆိုရင်တော့ ပိုမိုက်မှာပါ။

Ref: Androipit, GSMArena

 

 

 

 

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category