0 Shares 13 Views

နှစ်ပေါင်း ဘီလျံများစွာကြာ ဒေတာတွေကို လုံခြုံစွာ သိမ်းထားနိုင်မယ့် 5D Disc ပြား တစ်ခုကို သုတေသီတွေ ဖန်တီးနိုင်ခဲ့

Feb 19, 2016
0 13

ဆောက်သမ်ပတန် တက္ကသိုလ်မှာရှိတဲ့ Optical Research စင်တာ ရဲ့  သုတေသီတွေ ဟာ ၅ ဘက်မြင် 5D စနစ်အတွင်းမှာ ဒေတာတွေကို နှစ်ပေါင်း ဘီလျံများစွာကြာ လုံခြုံစွာ သိမ်းထားနိုင်မယ့် နည်းပညာတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ထိုနည်းပညာအရတော့ အပူဒဏ် ကို တည်ငြိမ်စွာထိန်းထားနိုင်မယ့် Disc အပြားတွေထဲကို femtosecond လေဆာ ဖောက်ထွင်းခြင်း နည်းလမ်းနဲ့ ဒေတာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒေတာ သိုလှောင်နိုင်တဲ့ ပမာဏ အားဖြင့်တော့ Disc အပြားတစ်ချပ်ကို 360 TB အထိ ဒေတာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထို Disc အပြားတွေဟာ အပူချိန်ဒဏ်ကို ၁၀၀၀ ဒီဂရီ ဆဲလ်စီးရပ်စ် အထိ ခံနိုင်ရည်ရှိသလို သက်တမ်းအားဖြင့်လည်း နှစ်ပေါင်း ၁၃.၈ ဘီလျံအထိ သာမန် အပူချိန်တစ်ခုမှာ ကြာရှည်ခံနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖိုင်တစ်ခုချင်းစီဟာ လည်း နာနိုစကေးလ် အစက်အပြောက်များအဖြစ် အလွှာ ၃ လွှာ ခွဲကာ ထိန်းသိမ်းထားမှာ ဖြစ်ပြီး ထို အစက်အပြောင်းများဟာ Disc ကို ဖြတ်သန်းဝင်ရောက်လာမယ့် အလင်းတွေရဲ့  လှိုင်းတွေကိုလည်း ပြောင်းလဲလိုက်မှာ ဖြစ်ပါတယ်။ ထို Disc ကိုတော့ အဏုကြည့်မှန်ပြောင်း (သို့) လှိုင်းဖတ်စက် တွေနဲ့သာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ဆောက်သမ်ပတန် သုတေသီအသင်းဟာ ၂၀၁၃ ခုနှစ်မှာကတည်းက ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းပညာကို ပြန်လည် ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ထိုအချိန်က တွေ့ရှိ ခဲ့တဲ့ နည်းပညာ ဟာ Disc အပြားထဲမှာ 300kb ဒေတာ ပမာဏ သာ ၀င်ဆန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Engadget

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category