0 Shares 119 Views

Instagram က ဓါတ်ပုံနဲ့ဗီဒီယိုတွေကို ဒေါင်းလုဒ် ဘယ်လို လုပ်ရမလဲ?

Jan 05, 2016
0 119

instagram_generic_afp

ဓါတ်ပုံဝေမျှခြင်း ၀န်ဆောင်မှု တစ်ခုဖြစ်တဲ့ Instagram ဟာ သုံးစွဲသူ သန်း ၄၀၀ ရှိနေပြီး နေ့စဉ် ဓါတ်ပုံ သန်း ၈၀ ခန့်ကို ဝေမျှလျက်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Instagram သုံးစွဲသူတိုင်း အာရုံနောက်ရတဲ့အရာကတော့ ဓါတ်ပုံတွေကို သိမ်းဆည်း လို့မရတာပါ။

Instagram က သုံးစွဲသူတွေကို ခွင့်ပြုထားတာကတော့ ဓါတ်ပုံတွေနဲ့ ဗီဒီယို တွေကို Post လုပ်ဖို့ပါပဲ။ မိမိနှစ်သက်တဲ့ ဓါတ်ပုံတွေကို သိမ်းဆည်းဖို့ ၊ ဒေါင်းလုဒ် လုပ်ဖို့အတွက်တော့ Instagram မှာ တိုက်ရိုက်ပြုလုပ်လို့ မရနိုင်ပါဘူး။ ဒါဟာလည်း သုံးစွဲသူတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးကို ကာကွယ်လိုတဲ့ Instagram ရဲ့ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Instagram မှာ တိုက်ရိုက် သိမ်းဆည်း ၊ ဒေါင်းလုဒ် ပြုလုပ်လို့မရနိုင်တဲ့ ဓါတ်ပုံတွေကို သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ သိမ်းဆည်းနိုင်ပါတယ်။ အဲဒါတွေကတော့ –

မိုဘိုင်းလ် ဖုန်းများအတွက် third-party App တွေကို အသုံးပြုနိုင်ပါတယ်

instasave_screenshots_ndtv

InstaSave(Android)

Andorid စနစ်သုံးဖုန်းတွေအတွက် Instagram က ဓါတ်ပုံတွေကို third-party App တစ်ခုဖြစ်တဲ့ InstaSave ကို အသုံးပြုပြီး ဒေါင်းလုဒ် ပြုလုပ်နိုင်ပါတယ်။ ထို App ကတဆင့် Instagram ဓါတ်ပုံတွေကို သင့်ဖုန်းရဲ့သိုလှောင်ခန်း(Storage) အတွင်းမှာ သိမ်းဆည်းပေးထားမှာဖြစ်ပြီး အင်တာနက်မချိတ်ဆက်ထားတဲ့အချိန် တွေမှာလည်း Gallery ထဲမှာ သွားကြည့်နိုင်မှာပါ။ InstaSave App ကိုတော့ Google Play က တဆင့် ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ third-party App ဆိုတာကတော့ မူရင်း Instagram App နဲ့ ပတ်သက်ဆက်နွယ်ခြင်းမရှိတဲ့ သီးခြား App တစ်ခုကိုဆိုလိုတာဖြစ်ပါတယ်။

InstaSave ဟာ third-party App တစ်ခုဖြစ်သလို Login ပြုလုပ်ဖို့အတွက် Instagram ရဲ့ Oauth(ပွင့်လင်းသောခွင့်ပြုချက်) ဆိုတဲ့ ပရိုတိုကောလ် ကို အသုံးပြုထားတာကြောင့်လည်း သင့် Instagram အကောင့်ရဲ့  Feed တစ်ခုလုံးဟာ InstaSave မှာ လာပေါ်နေမှာပါ။ အဲဒါကြောင့် Password နဲ့ ပတ်သက်ပြီး လုံခြုံရေးကိုတော့ သတိပြုဖို့လိုပါလိမ့်မယ်။ InstaSave ရဲ့ Feed မှာတော့ သင် သိမ်းဆည်းလိုတဲ့ ဓါတ်ပုံကိုရွေးချယ်ပြီးတာနဲ့ ထိုဓါတ်ပုံ ရဲ့အောက်နားမှာပဲ ဒေါင်းလုဒ် ပြုလုပ်ဖို့ အလွယ်တကူ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Android စနစ်အတွက် အခြား third-party App အနေနဲ့ကတော့ Photo Saver For Instagram ဆိုတဲ့ App ကိုလည်း အသုံးပြုနိုင်ပါတယ်။

 

Screen shot 2013-04-18 at 5.41.57 PM

InstaGrab(iOS)

iPhone ပိုင်ရှင်တွေအတွက်ကတော့ InstaGrab ဆိုတဲ့ App တစ်ခုကို Apple ရဲ့App Store က တဆင့် ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ InstaGrab က တဆင့်လည်း Instagram က ဓါတ်ပုံတွေကို သင့်ဖုန်းရဲ့ Camera Roll ထဲမှာ အလွယ်တကူ သိမ်းဆည်းထားနိုင်ပါတယ်။ InstaGrab ရဲ့လုပ်ဆောင်ချက်တွေနဲ့ အသုံးပြုပုံတွေဟာ Android စနစ်ရဲ့ InstaSave နဲ့ တူညီပါတယ်။

မကြာသေးမီကာလတစ်ခုမှာ InstaAgent ဆိုတဲ့ third-party App တစ်ခုဟာ Android နဲ့ iOS စနစ်တွေအတွက် ပေါ်ထွက်လာပြီးတဲ့နောက် သုံးစွဲသူတွေရဲ့ username ၊ password တွေကို ရယူပြီး အမည်မသိ ဆာဗာ တစ်ခုဆီ ပို့လွှတ်ပေးခဲ့တဲ့အဖြစ်အပျက် တစ်ခုဖြစ်ပွားခဲ့ဖူးတာကြောင့် Instagram ဟာ third-party App တွေနဲ့ ချိတ်ဆက်အသုံးပြုခွင့်ကို ကန့်သက်ထားပြီး အထက်မှာ ဖော်ပြခဲ့တဲ့ App တွေကိုသာ ခွင့်ပြုထားတာဖြစ်ပါတယ်။

ကွန်ပျူတာများအတွက် third-party ၀က်ဘ်ဆိုက်များကို သုံးပါ

 

Instaport

သုံးစွဲသူတွေဟာ Instagram ကို မိုဘိုင်းလ် App တစ်ခုသာ မြင်နေတဲ့အတွက် ကွန်ပျူတာတွေမှာ ဒေါင်းလုဒ် ပြုလုပ်လို့ရနိုင်တယ်ဆိုတာကိုတော့ မသိကြပါဘူး။ ဒါကြောင့် Instagram က ဓါတ်ပုံတွေကို ကွန်ပျူတာ ကတဆင့် ဒေါင်းလုဒ်ပြုလုပ်ဖို့အတွက်တော့ third-party ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Instaport ကို အရင်ဖွင့်ဖို့လိုပါလိမ့်မယ်။

Instaport ဖွင့်ပြီးတာနဲ့ Instagram အကောင့်ကို Log-in ပြုလုပ်ပါ။ Log-in ပြုလုပ်ပြီးတဲ့အခါမှာတော့ သုံးစွဲသူတွေဟာ ဓါတ်ပုံတိုင်းကို သိမ်းဆည်းလိုက်မှာလား ၊ သတ်မှတ်ထားတဲ့ ပုံတွေကိုပဲ ဒေါင်းလုဒ် ပြုလုပ်မှာလား ဆိုတာကို ရွေးချယ်နိုင်မှာပါ။ သိမ်းဆည်းချင်တဲ့ ဓါတ်ပုံတွေကို ရွေးချယ်ပြီးရင်တော့ Instaport က သင့်ကို ဓါတ်ပုံတွေ သိမ်းဆည်းသိုလှောင်ထားမယ့် နေရာကို မေးပါလိမ့်မယ်။ တစ်ခု သတိပြုရမှာက Instaport ၀က်ဘ်ဆိုက်က တဆင့် ဒေါင်းလုဒ်ပြုလုပ်တဲ့ ဓါတ်ပုံတိုင်းဟာ .zip ဆိုတဲ့ ဖိုင်အမျိုးအစားတွေနဲ့သာ ရရှိမှာဖြစ်ပါတယ်။

မိမိအကောင့်မှာ Post ပြုလုပ်မယ့် ကိုယ်ပိုင် ဓါတ်ပုံတွေကို ဖုန်းထဲမှာ သိမ်းဆည်းထားနည်း

 

Insta Option

 

ဒါကတော့ အလွယ်ကူဆုံးနည်းလမ်းဖြစ်သလို Instagram အသုံးပြုသူအများစု သိပြီးသား အကြောင်းအရာပါ။ သင့် အကောင့်မှာ Post ပြုလုပ်မယ့် ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဖုန်းထဲမှာလည်း မူရင်းဖိုင် ကျန်ရှိနေစေဖို့အတွက်တော့ App ရဲ့ Settings ထဲကိုသွားပါ။ Profile က တဆင့် Option ကို ၀င်ရောက်ပြီး Save Original Photos ဆိုတဲ့လုပ်ဆောင်ချက်ကို ဖွင့်ထားလိုက်ရုံပါပဲ။

ဒါပေမယ့်လည်း Save Original Photos လုပ်ဆောင်ချက်ကို အသုံးပြုထားရင်တော့ သင် Instagram App ကို သုံးပြီး ရိုက်ကူးထားသမျှ ဓါတ်ပုံနဲ့ ဗီဒီယို အားလုံးဟာ သင့်ရဲ့  Gallery ထဲမှာ ရှိနေမှာပါ။ Android စနစ်သုံး ဖုန်းတွေမှာဆိုရင်တော့ Gallery ထဲက Instagram ဆိုတဲ့ ဓါတ်ပုံအယ်လ်ဘမ် ကို ၀င်ကြည့်တဲ့အခါမှာ အနည်းငယ် နှေးကွေးမှု ဖြစ်တတ်တာကို သတိပြုပါ။

Ref : Gadgets 360

You may be interested

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်

Ko Thuya - Aug 22, 2018

Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

Leave a Comment

Most from this category