0 Shares 162 Views

Intel ရဲ့  CPU ကို အသုံးပြုထားတဲ့ Samsung ရဲ့  Chromebook 3 ကို ဒေါ်လာ ၂၀၀ နဲ့ စတင်ရောင်းချ

Feb 18, 2016
0 162

Samsung ကုမ္မဏီဟာ ပြီးခဲ့တဲ့ CES 2016 ပွဲတော်မှာ ကုမ္မဏီရဲ့ နောက်ဆုံးထုတ် Chromebook ထုတ်ကုန် တစ်ခုဖြစ်တဲ့ Chromebook 3 ကို မိတ်ဆက်ခဲ့ပြီး ထို လက်ပ်တော့ပ်ဟာ မကြာခင်မှာ စတင်ရောင်းချမှာ ဖြစ်တယ်လို့ ကတိပေးခဲ့ပါတယ်။

ထူးခြားတာကတော့ ထို Chromebook 3 လက်ပ်တော့ပ်ဟာ ဒေါ်လာ ၂၀၀ သာ ဈေးနှုန်း ကျသင့် မှာဖြစ်ပြီး လက်ရှိမှာတော့ ကုမ္မဏီရဲ့  အွန်လိုင်းစတိုးနဲ့ Amazon တို့က တစ်ဆင့် ရောင်းချ နေပြီ ဖြစ်ပါတယ်။ နှိုင်းယှဉ်ရမယ်ဆိုရင် Chromebook 2 သည်ပင် ဒေါ်လာ ၄၀၀ ခန့် ဈေးနှုန်း ရှိခဲ့ပါတယ်။

တောင်ကိုရီးယား အခြေစိုက် ကုမ္မဏီဖြစ်တဲ့ Samsung ဟာ ထို Chromebook 3 ကို စတင် မိတ်ဆက် စဉ်ကတည်းက Chromebook တွေရဲ့  အလားအလာဟာ ကျောင်းသားများ ၊ မိသားစု ၀င်များနဲ့ သယ်ဆောင်ရလွယ်ကူပြီး ဈေးနှုန်းသင့်တင့်တဲ့ အသုံးပြုရလွယ်ကူသော လက်ပ်တော့ပ် ကို ရှာဖွေ နေသူ များရဲ့  စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ ထုတ်ဖော် ပြောကြား ခဲ့ဖူးပါတယ်။

Chromebook 3 ရဲ့  အသေးစိတ်ပါဝင်ပစ္စည်းတွေကတော့ အရွယ်အစားအားဖြင့် ၂၈၈.၅ မီလီမီတာ အလျား x ၂၀၄.၂ မီလီမီတာ အနံ x ၁၇.၇ မီလီမီတာ အမြင့်ရှိပြီး အလေးချိန်အားဖြင့် ၁.၄ ကီလိုဂရမ် လေးလံပါတယ်။ သတ္တုကိုယ်ထည်လိုတည်ဆောက်ထားတဲ့ ပလတ်စတစ်ကိုယ်ထည်ဟာလည်း ပိုမိုလှပတဲ့အသွင်အပြင်ရှိပြီး ပိုမို အကြမ်းခံနေပါတယ်။

အလင်းပြန်ခြင်း မရှိတဲ့ HD ရုပ်ထွက် မျက်နှာပြင်ဟာလည်း ၁၁.၆ လက်မ ကျယ်ဝန်းပြီး လက်ပ်တော့ပ် တစ်ခု လုံးကို မောင်းနှင်ပေးမှာ ကတော့ Intel ရဲ့  Celeron N3050 processor ပဲ ဖြစ်ပါတယ်။ Intel ရဲ့  HD ဂရပ်ဖစ်ကတ်ကိုလည်း ထည့်သွင်းပေးထားသလို RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပြီး စက်အတွင်းမှာ ဒေတာ သိုလှောင်နိုင်တဲ့ ပမာဏကတော့ 16GB ရရှိမှာ ဖြစ်ပါတယ်။ Samsung ရဲ့  အဆိုအရတော့ Chromebook 3 ဟာ ဘက်ထရီ သက်တမ်းအားဖြင့် တစ်ခါ အားသွင်း ရုံနဲ့ ၁၁ နာရီကြာ အသုံးခံမယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် Wi-Fi 802.11 ac 2×2 နဲ့ Bluetooth 4.0 ချိတ်ဆက်စနစ်တို့ကိုလည်း support ပြုလုပ်ပေးနိုင်ပါတယ်။ USB 3.0 port တစ်ခု ၊ USB 2.0 port တစ်ခု ၊ HDMI port တစ်ခု နဲ့ microSD card slot တစ်ခုတို့လည်းပါဝင်မှာ ဖြစ်ပါတယ်။

Ref: Gadgets 360

You may be interested

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
0 shares0 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
0 shares0 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ
Android, Huawei, HUBS
188 shares64 views

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ

Ko Thuya - Nov 21, 2017

ပြီးခဲ့တဲ့လက Huawei ဟာ တရုတ်မှာ Honor စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူကတော့ Huawei Honor 7X ဖြစ်ပြီး 18:9 Screen ပါတဲ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး…

Leave a Comment

Most from this category