0 Shares 140 Views

ဖေဖော်ဝါရီလအတွက် အကောင်းဆုံးApp များ

Feb 17, 2016
0 140

စမတ်ဖုန်းတွေ၊ တက်ဘလက်တွေခေတ်စားလာတာနဲ့ အမျှ ကျွန်တော်တို့ဖုန်းတွေနဲ့ အသုံးပြုရတာ လွယ်ကူစေမယ့် Application တွေထွက်လာပါတယ်။ အဲ့ဒီ App တွေထဲကမှ အခုတလော လူကြိုက်များ ရေပန်းစားပြီး သုံးလို့ကောင်းစေနိုင်တဲ့ App ဆယ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁) Guides By Lonely Planet (Android/iOS)

the best app of feb16 1

ဒီနောက်ဆုံးထွက်တဲ့ App က ခရီးသွားတွေအတွက် အကောင်းဆုံးဖြစ်စေမှာပါ။ ခရီးသွားကုမ္ပဏီကြီး Lonely Planet ကထုတ်တဲ့ ဒီ App ဟာ သင်သွားလိုတဲ့မြို့တွေနဲ့ သင်ရောက်နေတဲ့ မြို့တွေအကြောင်းကို အကောင်းဆုံးလမ်းညွှန်ပြသနိုင်တဲ့ IT Guide တစ်ယောက်ဖြစ်မှာပါ။ လမ်းညွှန်စာအုပ်ကြီးကို စခရင်သေးသေးလေးအဖြစ်ပြောင်းလဲ လိုက်ခြင်းလဲဖြစ်ပါတယ်။ မြို့ကြီးပေါင်းဒါဇင်များစွာကို မြေပုံတွေနဲ့အတူထည့်သွင်းပေးထားပြီး သင့်အနေနဲ့ Offline ဖြစ်နေရင်တောင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Google Playstore, Apple Store တွေကနေ အခမဲ့ဒေါင်းယူနိုင်ပါတယ်။

၂) Airmail (iOS)

the best app of feb16 2

Mac အသုံးပြုသူအများစုက Airmail ကို Destop မှာ အသုံးပြုရတာ အဆင်ပြေချောမွေ့တဲ့ Email App တစ်ခုအဖြစ်နဲ့ တစ်ခဏတာသိခဲ့ကြပါတယ်။ အခုတော့ ပိုပြီးထူးကဲကောင်းမွန်တဲ့ ဗားရှင်းနဲ့ iPhone အတွက်ထွက်လာတာဖြစ်ပါတယ်။ ၄င်းအနေနဲ့ ပေါ်ပြူလာဖြစ်တဲ့ အီးမေးလ်ဝန်ဆောင်မှုအတော်များများနဲ့ အလုပ်လုပ်ပြီး သင့် Inbox ကိုပိုမိုလွယ်ကူမြန်ဆန်စွာ ထိန်းချုပ်နိုင်ဖို့ Feature တော်တော်များများလည်း ပါဝင်လာတဲ့အပြင် Apple Watch တွေအတွက်လည်း အတော်သပ်ရပ်တဲ့ App တစ်ခုလို့ ပြောလို့ရပါတယ်။

၃) Metamorphabet (Android/iOS)

the best app of feb16 3

iOS အတွက် တစ်ခဏထွက်ခဲ့ဖူးတဲ့ ဒီ ကလေးApp ဟာ ကလေးတွေအတွက် အံ့အားသင့်ဖွယ် တစ်ခုပါပဲ။ ယခုတော့ Android မှာပါထွက်လာပြီဖြစ်ပါတယ်။ ဒါဟာ ထိသိမျက်နှာပြင်တွေအတွက် အပြန်အလှန်အက္ခရာလေးတွေအဖြစ် ဒီဇိုင်းထုတ်ထားပါတယ်။ အန်နီမေးရှင်းစာလုံးလေးတွေကို ထိလိုက်မယ်ဆိုသူနဲ့ ပတ်သက်တဲ့ စကားလုံးကိုပါပုံအဖြစ်ပြောင်းပြီး ချပေးတာဖြစ်ပါတယ်။

၎) Kickstarter (Android/iOS)

the best app of feb16 4

Android မှာ ထွက်လာဖို့ နောက်ကျနေတဲ့ App တစ်ခုကတော့ ယခုထွက်လာပါပြီ။ Kickstarter ပါ။ ရန်ပုံငွေဝန်ဆောင်မှုနဲ့ Kickstarter ကခွဲလို့မရပါဘူး။ ပရောဂျက်အသစ်အတွက် လိုနေတဲ့ ငွေကြေးတွေကို ဒီမှာ စုဖို့ကတော့ အမိုက်ဆုံးပါပဲ။ ရန်ပုံငွေရှာလို့ရမယ်၊ စုလို့ရမယ်၊ ဘယ်သူငယ်ချင်းတွေက ဘယ်ပရောဂျက်အတွက် ပါဝင်နေတယ်ဆိုတာပါ ကြည့်လို့ရမှာပါ။

၅) Movesum (Android/iOS)

the best app of feb16 5

ယခုအခါမှာ ပစ္စည်းတွေနဲ့ တွဲသုံးတဲ့ App တွေအများကြီး ထွက်လာပါတယ်။ သင့်အနေနဲ့ သင့်ခြေလှမ်းတွေနဲ့ သင်ဘယ်လောက် တက်ကြွခဲ့တယ်ဆိုတာကို သိလိုမှာပေါ့၊ Movesum ကတော့ တကယ်စမတ်ကျတဲ့ App တစ်ခုပါပဲ။ သင့်အနေနဲ့ လမ်းလျှောက်ရင်း ကယ်လိုရီဘယ်လောက်လောင်ကျွမ်းခဲ့တာကအစ ပြသပေးပြီး သင့်ရဲ့နေ့စဉ်လုပ်ဆောင်မယ့် Goals တွေပြည့်မှီအောင် အားပေးမှာပါ။

၆) Music Memos (iOS)

the best app of feb16 6

Apple အတွက် Music App အသစ်ပါ။ ဒါပေမယ့် သီချင်းတွေအသံသွင်းတဲ့အပိုင်းက နားထောင်တာထက်ပို ကောင်းတဲ့ App တစ်ခုပါ။ သီချင်းရေးဆရာ အဆင့်အားလုံးအတွက် ရည်ရွယ်ထားပြီး သီးချင်းအသံသွင်းတာ ဒါမှမဟုတ် အကြံဥာဏ်အတိုအထွာလေးတွေနဲ့ သင့်ကိုကူညီနိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ဒရမ်မာနဲ့ ဘေ့စ်ဂီတာတွေကိုပါ ပေါင်းထည့်ပေးထားပါတယ်။

၇) Playlist A Day (Android/iOS)

the best app of feb16 7

ဒီ App ကတော့ Warner Music Group ကထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ၂၄နာရီအတွင်းအသစ်ထွက်သမျှ သီချင်းအသစ်တွေကို သယ်ဆောင်လာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီApp ကိုအသုံးပြုဖို့အတွက် Spotify Subscriber ကိုပေးဖို့လိုပါတယ်။

၈) Mimicker Alarm (Android)

the best app of feb16 8

ဒါက Microsoft ကထုတ်ထားတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာဘီလူးကြီးရဲ့ အဖွဲ့တွေဟာ သင့်ကို နည်းလမ်းအသစ်နဲ့ နှိုးဖို့အတွက် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီ App နဲ့ Alarm ပေးပြီး ပြန်ပိတ်ဖို့အတွက် သင့်အနေနဲ့ သင့်အသံနဲ့ အချက်ပေးရတာ၊ ဆဲလ်ဖီရိုက်ပြရတာ စတာတွေလုပ်မှ Alarm ကပိတ်မှာဖြစ်ပါတယ်။ နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်ပေမယ့် အိပ်ပုပ်ကြီးတဲ့လူတွေအတွက် ကတော့ အသင့်တော်ဆုံး Alarm App တစ်ခုပါပဲ။

Ref: The Guardian

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Leave a Comment

Most from this category