0 Shares 46 Views

မျက်နှာပြင် အကျယ် ၄လက်မရှိ iPhone7c ကိုမတ်လတွင် ကြေညာ ဖွယ်ရှိ

iPhone 7c

ယခင်ကထွက်ပေါ်ခဲ့သော ထုတ်ပြန်ချက်များအရ Apple ဟာ သူတို့ရဲ့ မျက်နှာပြင်ကြီးမားတဲ့ဖုန်းတွေကို ၂၀၁၄ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီIT ဘီလူးကြီး ရဲ့ပစ္စည်းတွေရောင်းချရမှုဟာ အမြဲတမ်းထိပ်ဆုံးမှာ ရပ်တည်ခဲ့တာကိုလည်းတွေ့ရမှာပါ ။ ဒါပေမယ့် အရင်ကထုတ်ခဲ့ဖူးတဲ့ ၄လက်မ စခရင်ဖုန်းတွေကို လွမ်းဆွတ်နေသူ အများစုလည်း ရှိနေပါတယ်။

ကောလဟာလသတင်းတွေအရ Apple ရဲ့ သေးငယ်တဲ့ iPhone တွေထုတ်လုပ်မှုဟာ လာမယ့်လအနည်းငယ်အတွင်း ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ သိရပါတယ်၊ China Mobile ကထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ်ရဲ့ Roadmap Slide မှာတော့ iPhone 7c ကိုလာမယ့် မတ်လမှာ ထုတ်ပြန်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ iPhone 6c နောက်ပိုင်း Apple အနေနဲ့ သူတို့ရဲ့သေးငယ်တဲ့ ဖုန်းတွေကို ပထမဆုံးပြန်လည်ထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။ ဒါဟာ Samsung အနေနဲ့ သူတို့ရဲ့ Galaxy S7 ကို မိတ်ဆက်ထုတ်လုပ်မယ့် အချိန်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။

Apple က လာမယ့် မတ်လမှာ သူတို့ရဲ့ Apple Watch ကိုထုတ်ပြန်ဖို့အတွက် အစီအစဉ်နဲ့အတူ ဟန်းဆက်အသစ်ကို ကြေငြာဖို့အတွက် ဖုံးကွယ်ထားတာကိုဖော်ထုတ်လိုက်တာလဲဖြစ်ပါတယ်။ သတင်းအရင်းအမြစ်တွေ က ဖော် ပြထားတာကတော့ Apple ဟာ သူတို့ရဲ့ ပစ္စည်းသစ်တွေပုံမှန်ကြေငြာချိန်ဖြစ်တဲ့ စက်တင်ဘာလမတိုင်ခင် မှာ iPhone7 နဲ့ iPhone7 Plus ကို ထုတ်ပြန်ဖို့မရှိနိုင်ဘူးလို့ဆိုထားပြန်ပါတယ်။

အချက်အလက်တွေအရတော့ iPhone 7c ကို iPhone 7 ရဲ့တရားဝင်ကြေငြာချိန်ထက် စောစီးစွာ ကြေညာဖို့ရှိပြီး ထို iPhone 7c ဟာ iPhone 6c နဲ့ ဆင်တူဖို့ရှိပါတယ်။ ဒါပေမယ့် Apple ရဲ့  တရားဝင် ထုတ်ပြန်ထားတဲ့ သတင်းတွေမှာတော့ လေးလက်မအရွယ်အစားရှိတဲ့ ‘iPhone Mini’ (သို့) iPhone 7c ကို နောက်နှစ်လောက်မှာမှ ကြေညာမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလုံးရေ ၁၅သန်းကနေ ၁၇သန်းထိထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ လေးလက်မ iPhone ဟာ ဒေါ်လာလေးရာနဲ့ ငါးရာကြားမှာဈေးရှိနိုင်ပြီးထုတ်ဖြစ်ရင် ဒီနှစ်ထဲမှာပဲ စတင်တင်ပို့မှာဖြစ်ပါတယ်၊ အရောင်ကွဲသုံးမျိုးနဲ့ ရောက်လာနိုင်ပြီး ကင်မရာအရည်အသွေးကတော့ 5s လိုပဲ 8MP နဲ့ Front Camera 1.2 MP အသီးသီးပါဝင်မှာဖြစ်ပါတယ်၊ ကိုယ်ထည်ကိုလဲ အရင်အတိုင်း ပလက်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားမှာဖြစ်ပါတယ်။

ဒီတိုင်းသာဆိုရင်တော့ iPhone 7c ဟာ အရင် ထုတ်ခဲ့တဲ့ iPhone 6c နဲ့ ဘာမှသိပ်မထူးခြားတာကိုတွေ့ရမှာပါ။ တကယ်ထွက်လာရင်တော့ ဘယ်လိုဖြစ်မယ် ဆိုတာစောင့်ကြည့်ရဦးမှာပါ။ Samsung အပါအ၀င် တခြားပြိုင်ဘက်တွေက ဒီနှစ်အတွင်း ထုတ်လုပ်မယ့် ပစ္စည်းတွေကို အသီးသီး ကြေညာရင်းခြေလှမ်းခပ်သွက်သွက် လှမ်းနေချိန်မှာ Apple အနေနဲ့ ငြိမ်နေတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် သူတို့ထုံးစံအတိုင်း ထွက်လာမှ လူတွေကို အလန့်တကြားဖြစ်အောင်ပြုလုပ်လာဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: Daily Mail

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Leave a Comment

Most from this category