Samsung Galaxy S8 ထက်ပိုလှမယ့် Nokia 9

Nokia က စွမ်းဆောင်ရည်မြင့် Nokia 9 စမတ်ဖုန်းကို တီထွင်နေတယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။ Nokia 9 ဟာ Samsung Galaxy S8 နဲ့ iPhone 8 တို့ကိုု ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Specifications အပိုင်းမှာလည်း Nokia 9 ဟာ Galaxy S8 ထက် သာလွန်တယ်ဆိုတဲ့ သတင်းများ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Galaxy S8 ထက် ပိုမိုလှပတဲ့ Nokia 9 ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။

အဲဒီ ဓါတ်ပုံများကို NokiaPowerUser ဝက်ဆိုက်ကနေ ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဓါတ်ပုံများအရ Nokia 9 ဟာ ဘေးဘောင်မဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး၊ LED Flash ၂ လုံး၊ Home Button နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာကို တပ်ဆင်ထားပါတယ်။ အနောက်ဘက် ဒီဇိုင်းဟာ Galaxy S8 ရဲ့ ကင်မရာနဲ့ လက်ဗွေရာ ကိရိယာ အတွဲအစပ် ဒီဇိုင်းထက် လှပပါတယ်။

Nokia 9 မှာ ၅.၅ လက်မ 4K OLED Display , Qualcomm Snapdragon 835 Chipset, 6GB RAM, 64GB or 128GB Storage , 22MP Rear Camera, 12MP Front Camera , 3800mAh Battery , Android 7.1.2 Nougat များ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ရေစိုခံပြီး ဖုန်များ မဝင်အောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။

ref : bgr

%d bloggers like this: