0 Shares 57 Views

ဆယ်လ်ဖီ ၀ါသနာရှင် မိန်းကလေးအတွက် Panasonic က Lumix GF8 ဆိုတဲ့ ကင်မရာ တစ်လုံးကို ထုတ်လုပ်

Feb 17, 2016
0 57

Panasonic ကုမ္မဏီဟာ ဆယ်လ်ဖီ ဓါတ်ပုံ ရိုက်ရတာ နှစ်သက်သဘောကျသူတွေအတွက် Lumix GF8 ဆိုတဲ့ ကင်မရာ အသစ်တစ်မျိုးကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီကင်မရာရဲ့  ဈေးနှုန်းနဲ့ အသေးစိတ် ပစ္စည်းတွေကိုတော့ မကြာခင်မှာ ထုတ်ဖော် ကြေညာသွားမှာပါ။

GF8 ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ မှာ ထုတ်လုပ်ခဲ့တဲ့ GF7 နဲ့ သိပ်တော့မကွာခြားပါဘူး။ အဓိက ပြောင်းလဲသွားတာက ဆော့ဖ်ဝဲနဲ့ ပတ်သက်တာတွေပဲ ဖြစ်ပါတယ်။Soft Skin ၊ Defocusing နဲ့ Slimming Effects စတဲ့ မုဒ်တွေပါဝင်တဲ့ Beauty Function လုပ်ဆောင်ချက် အသစ်ပါဝင်လာပါတယ်။ ထို လုပ်ဆောင်ချက်ဟာ ဆယ်လ်ဖီဓါတ်ပုံတွေကို Touching လိုက်ရာမှာ ကောင်းမွန်စေပြီး မျက်နှာတွေမှာ မိတ်ကပ် ပါလိမ်းပေးလို့ရနိုင်ပါတယ်။

ဒါကြောင့် GF8 ဟာ မိန်းကလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတယ်ဆိုတာသေချာနေပြီး ရရှိနိုင်တဲ့ ကင်မရာရဲ့  အရောင်တွေကလည်း အညို ၊ ပန်းရောင် နဲ့ လိမ္မော် ရောင်တို့ပဲ ဖြစ်ပါတယ်။ Lumix GF8 ဟာ 16-MP ရှိတဲ့ Digital Live MOS Sensor ကို အသုံးပြုထားပြီး ISO ပမာဏ ကိုလည်း ၂၅၆၀၀ အထိ အများဆုံး သတ်မှတ်နိုင်ပါတယ်။ Full-HD ဗီဒီယို ရိုက်ကူးမှုလည်း ရရှိနိုင်ပြီး တစ်စက္ကန့်ကို ဖရိမ်န် ၅ ခုနှုန်းရိုက်ကူးနိုင်တဲ့ Burst Mode လည်း ပါဝင်ပါတယ်။

panasonic camera2

ဒါ့အပြင် ၃ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ဟာ ၁၈၀ ဒီဂရီ လှည့်ထားနိုင်တဲ့အတွက် ဆယ်လ်ဖီ ဓါတ်ပုံ ရိုက်ကူးလိုတဲ့အခါ ထို မျက်နှာပြင်ကို မိမိဘက်က မြင်ရတဲ့အနေအထားဖြစ်သွားအောင် လှည့်ထားလို့ ရပါတယ်။ Wi-Fi စနစ်လည်း ထည့်သွင်းထားတာကြောင့် စမတ်ဖုန်းနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

ပြီးပြည့်စုံတဲ့ ဆယ်လ်ဖီဓါတ်ပုံကို အလိုလျောက်လိုချင်ရင်လည်း Aesthetic Retouch ၊ Face Shutter နဲ့ Buddy Shutter စတဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပြီး အလွယ်တကူ ဆယ်လ်ဖီရိုက်ကူးမှုအတွက် မှန်ဘီလူးရှေ့ မှာ လက်ဝှေ့ယမ်းလိုက်ရုံနဲ့ ဓါတ်ပုံရိုက်ခြင်း (သို့) သတ်မှတ်ထားသော မျက်နှာ ၂ ခု ၊ မြင်ကွင်းထဲရောက်လာတာနဲ့အလိုလျောက် ဓါတ်ပုံရိုက်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို ရွေးချယ်ထားနိုင်တယ်လို့လည်း သိရပါတယ်။

panasonic camera3

Ref: Gadgets360

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category