တုန်ခါနေတဲ့ ဗီဒီယိုများကို တည်ငြိမ်အောင် လုပ်ပေးမယ့် Google Photos

Google Photos App ဟာ စမတ်ဖုန်း ၊ တက်ဘလက်များမှ ဓါတ်ပုံနဲ့ ဗီဒီယိုများကို အွန်လိုင်းမှာ သိမ်းဆည်းပေးမယ့် Cloud Storage တစ်ခုထက် သာလွန်တဲ့ စွမ်းရည်များ ရှိပါတယ်။ အခုနောက်ဆုံးထုတ် Android Version မှာ တုန်ခါနေတဲ့ ဗီဒီယိုများကို တည်ငြိမ်အောင် လုပ်ပေးမယ့် စွမ်းရည် ပါရှိလာပါတယ်။

Google က အဲဒီ စွမ်းဆောင်ချက်ကို ဖန်တီးနေတယ်လို့ ယခင်နှစ်နွေရာသီက ကြေညာခဲ့ဖူးပါတယ်။ အခုတော့ Android App မှာ အသုံးပြုနိုင်ပါပြီ။ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကို App ကနေ ဖွင့်ပြီး Pen Icon ကို နှိပ်ရင် Editing Options များကို မြင်ရမှာ ဖြစ်ပါတယ်။ Stabilize ခလုတ်ကို နှိပ်၍ တုန်ခါနေတဲ့ ဗီဒီယိုကို တည်ငြိမ်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ရဲ့ အရွယ်အစားအပေါ် မူတည်၍ တည်းဖြတ်တဲ့ အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။

အီလက်ထရောနစ် နည်းလမ်းဖြင့် တည်ငြိမ်အောင် ပြုလုပ်တာ ဖြစ်တဲ့အတွက် ဖရိမ်တစ်ခုချင်းစီကို တည်ငြိမ်အောင် Crop ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ဟာ ဗီဒီယိုများကို တည်ငြိမ်အောင် ရိုက်ကူးပေးတဲ့ ကိရိယာများလောက်တော့ အစွမ်းမထက်ပေမယ့် အပို ကိရိယာများ ဝယ်စရာ မလိုတဲ့အတွက် အဆင်ပြေစေပါတယ်။

ဗီဒီယိုများကို တည်ငြိမ်အောင် ဖန်တီးပေးတဲ့ စွမ်းဆောင်ချက်အပြင် ရေနဲ့ ကောင်းကင်ရဲ့ အရောင်ကို ကောင်းမွန်စေတဲ့ Deep Blue စွမ်းဆောင်ချက်လည်း ပါလာပါတယ်။ ဓါတ်ပုံများကို ဗီဒီယို အဖြစ် ဖန်တီးပေးတဲ့ စွမ်းဆောင်ချက်အသစ်များလည်း ပါရှိလာပါတယ်။ ဒါ့အပြင် Google Photos မှာ အရောင်များ၊ ကြည်လင်ပြတ်သားမှုများကို ကောင်းမွန်စေတဲ့ စွမ်းဆောင်ချက်များလည်း ပါရှိပြီးသား ဖြစ်ပါတယ်။

ref : digitaltrends

%d bloggers like this: