စက်ရုပ်ကားများ စမ်းသပ်မောင်းနှင်တော့မယ့် Apple

Apple က အလိုအလျှောက် မောင်းနှင်တဲ့ ကားများကို တီထွင်နေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ ကြာပါပြီ။ အခုတော့ Apple က အရှိန်အဟုန် မြှင့်၍ ကြိုးစားနေပါတယ်။ Apple ဟာ ကယ်လီဖိုးနီးယားမှာ စက်ရုပ်ကားများ စမ်းသပ်ခွင့်ကို ရရှိသွားပြီလို့ Business Insider က ရေးသားထားပါတယ်။

Apple က ဧပြီလ ၁၄ ရက်နေ့မှာ Lexus RX540h SUVs စက်ရုပ်ကား ၃ စီးကို ကယ်လီဖိုးနီးယားတွင် စမ်းသပ်တော့မှာ ဖြစ်တယ်လို့ California DMV က ပြောပါတယ်။ ကယ်လီဖိုးနီးယားရှိ လမ်းများမှာ စက်ရုပ်ကားများကို စမ်းသပ်ဖို့အတွက် ပါမစ်လိုအပ်ပါတယ်။ စက်ရုပ် တက္ကစီများကို တီထွင်နေတဲ့ Uber ကလည်း ယခင်နှစ်နှောင်းပိုင်းမှာ အဲဒီပြည်နယ်မှာ ပါမစ် ရရှိခဲ့ပါတယ်။

Apple က Hardware အပိုင်းထက် အလိုအလျှောက်မောင်းနှင်တဲ့ ဆော့ဖ်ဝဲကို အဓိကထား တီထွင်နေတယ်လို့လည်း ဆိုကြပါတယ်။ Apple က “ Machine Learning နဲ့ Automation နည်းပညာများကို ဖန်တီးဖို့ ကြီးမားစွာ ရင်းနှီးမြှပ်နှံထားပြီး သယ်ယူပို့ဆောင်ရေး အပါအဝင် ကဏ္ဍများစွာမှာ အလိုအလျှောက် စနစ်များကို တီထွင်ဖို့ ရည်ရွယ်တယ်လို့ “ Business Insider နဲ့ The Wall Street Journal တို့ကို ပြောပါတယ်။

Apple က စက်ရုပ်ကားနယ်ပယ်ကို ဝင်ရောက်မယ်ဆိုတဲ့ ယခင် သတင်းများအပေါ် အငြင်းပွားမှုများစွာ ရှိခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းများအရ Apple ဟာ စက်ရုပ်ကားများကို တီထွင်နေတယ်ဆိုတာ သေချာသွားပါပြီ။ အနာဂတ်မှာတော့ Apple iCar ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ref : mashable

%d bloggers like this: