ဓါးနဲ့ ထိုးတာတောင် မပေါက်ကွဲတဲ့ Samsung Galaxy S8

Samsung Galaxy S8 ဟာ ဒီဇိုင်းလှပပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်။ ဒါပေမယ့် Galaxy Note 7 လို အဖြစ်ဆိုးမျိုးဖြစ်လာနိုင်မလားဆိုတာ စိတ်ပူစရာ ရှိပါတယ်။ ဇန်နဝါရီလမှာ Samsung က ဘက်ထရီများကို အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ အခုတော့ နာမည်ကျော် “ What’s Inside “ YouTube Channel က JerryRigEverything YouTube Channel နဲ့ ပူးပေါင်း၍ ဓါးနဲ့ ထိုးတာတောင် Galaxy S8 ရဲ့ ဘက်ထရီဟာ မပေါက်ကွဲဘူးဆိုတာကို သက်သေပြလိုက်ပါတယ်။

“ What’s Inside “ ဟာ ကုန်ပစ္စည်းများကို တစ်စစီ ဖြတ်တောက်ပြပြီး အတွင်းဘက်မှ အရာများကို ပြသတဲ့အတွက် နာမည်ကြီးပါတယ်။ သူတို့ Galaxy S8 ရဲ့ ဘက်ထရီကို ပိုင်းဖြတ်ပြတဲ့ ဗီဒီယိုကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ ဗီဒီယိုဟာ ၉ မိနစ်ကျော်ကြာမြင့်ပြီး ၆ မိနစ်နဲ့ ၁၃ စက္ကန့်လောက်မှာ စတင် ပိုင်းဖြတ်ပြတာ ဖြစ်ပါတယ်။


ဘက်ထရီဟာ အငွေ့ထွက်လာပြီး ဖေါင်းကားလာတာလောက်သာ ဖြစ်ခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ လစ်သီယွန် အိုင်းယွန်း ဘက်ထရီများဟာ ပိုင်းဖြတ်လိုက်ရင် မီးလောင်တတ်ကြပါတယ်လို့ JerryRigEverything က ရှင်းပြပါတယ်။ Samsung ဟာ Note 7 လို အဖြစ်ဆိုးမျိုး မကြုံရအောင် Galaxy S8 ကို ဖန်တီးထားတယ်ဆိုတာ သေချာပါတယ်။ Galaxy S8 ရဲ့ ဘက်ထရီဟာ စိတ်ချရတယ်လို့ ဆိုပေမယ့် ဒီလို စမ်းသပ်မှုမျိုးကို စာဖတ်သူ မပြုလုပ်သင့်ပါဘူး။

ref : mashable

%d bloggers like this: