DJI က Phantom 4 Drone အသစ်ကို မိတ်ဆက်

DJI က Phantom 4 Advanced အမည်ရ Drone အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Drone အသစ်မှာ ယခင်နှစ်ထုတ် Phantom 4 Pro ရဲ့ စွမ်းဆောင်ချက်များစွာ ပါရှိလာပေမယ့် ဈေးသက်သာလာပါတယ်။ Phantom 4 Advanced မှာ Specification များကိုလည်း အဆင့်မြှင့်ထားပါတယ်။ သူ့မှာ 4K Video များကို တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် ရိုက်ကူးနိုင်တဲ့ 20 Megapixel Camera တပ်ဆင်ထားပါတယ်။ အလိုအလျှောက်မောင်းနှင်တဲ့ Flight Modes များလည်း ပါရှိလာပါတယ်။

Internal Storage ကိုလည်း တိုးမြှင့်ပေးထားတဲ့ အပြင် 128GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် မိနစ် ၃၀ မောင်းနှင်နိုင်ပါတယ်။ Pro Model မှာလိုပဲ Phantom 4 Advanced ကိုလည်း Plus Model ထုတ်လုပ်ပေးထားပါတယ်။ Plus Model မှာ Controller နဲ့ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ DJI ရဲ့ အဆိုအရ Display ဟာ နေအိမ်အပြင်ဘက်မှာ အသုံးပြုရလွယ်ကူအောင် Mobile Display များထက် ၂ ဆ ပိုမို တောက်ပတယ်လို့ သိရပါတယ်။

Phantom 4 Advanced ကို ဧပြီလ ၃၀ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး ၁၃၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Plus Model ကို ၁၆၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ref : theverge

%d bloggers like this: