0 Shares 61 Views

Google ရဲ့  မိုးပျံပူဖောင်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ “Project Loon” ကို သီရိ လင်္ကာနိုင်ငံမှာ စတင်စမ်းသပ်

Feb 17, 2016
0 61

“Project Loon” လို့အမည်ပေးထားတဲ့ Google ရဲ့  မိုးပျံပူဖောင်းအကြီးစားက တဆင့် ထုတ်လွှင့်တဲ့ မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှုဟာ သီရီလင်္ကာ နိုင်ငံမှာ ပထမဆုံး စတင်စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုဝန်ဆောင်မှုကိုတော့ Google နဲ့ ပြည်တွင်းနည်းပညာ ကုမ္မဏီ Colombo တို့ ပူးပေါင်းပြီး စီစဉ်ခဲ့တာဖြစ်ပါတယ်။ ထိုကုမ္မဏီရဲ့  အရာရှိချုပ် Muhunthan ကတော့ “ပထမဆုံး ပူဖောင်းဟာ ဒီမနက်ပဲ လေထုထဲရောက်လာပါတယ်။ တောင်အမေရိက က နေ လွှတ်တင်လိုက်တာပါ။ လက်ရှိမှာတော့ သီရိလင်္ကာ နိုင်ငံ အပေါ်မှာ ပျံဝဲနေပါတယ်။” လို့ AFP သတင်းဌာန ကို ပြောပြခဲ့ပါတယ်။

အခုလို ဟီလီယမ် ပူဖောင်း တွေတဆင့် မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှုကို Google နဲ့ ပူးပေါင်းပြီး ထုတ်လွှင့်ပေးရာမှာ ၂၅ ရာခိုင်နှုန်း အားဖြည့် ကူညီထားတယ်လို့လည်း သီရိ လင်္ကာ အစိုးရက ဒီလ အစောပိုင်းက ကြေညာထားပါသေးတယ်။

ထို စီမံကိန်းရဲ့  ၁၀ ရာခိုင်နှုန်းကတော့ တယ်လီဖုန်း ၀န်ဆောင်မှု အတွက်ဖြစ်ပြီး ထို ပူဖောင်း စီမံကိန်းဟာ ဒေတာ ၀န်ဆောင်မှုတွေကို ပိုမို ရယူခွင့်ပေးနိုင်ခဲ့သလို ပိုမို သက်သာတဲ့ ဈေးနှုန်းနဲ့သာ ကျသင့်စေခဲ့တယ်လို့လည်း သိရပါတယ်။

ထို ပူဖောင်းကို လွှင့်တင်ထားတဲ့ အမြင့်ဟာ သာမန်လေယာဉ် ပျံသန်းတဲ့ အမြင့်ထက် ၂ ဆ မြင့်ပြီး ထို ပူဖောင်းရဲ့  သက်တမ်းဟာ ရက်ပေါင်း ၁၈၀ ရက်သာ ကြာရှည်ခံနိုင်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ထို ပူဖောင်းကို recycle နည်းလမ်း နဲ့ ပြန်လည် အသုံးပြုနိုင်ပါတယ်။

သီရိလကာင်္နိုင်ငံဟာ လူဦးရေ သန်း ၂၀ ကျော်သာ ရှိပေမယ့်လည်း ၁၉၈၉ ခုနှစ်မှာ တောင် အာရှရဲ့ ပထမဆုံး မိုဘိုင်းလ်ဖုန်းတွေမိတ်ဆက်ခဲ့တဲ့နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၄ ခုနှစ်မှာလည်း တောင်အာရှရဲ့  ပထမဆုံး 3G ကွန်ရက် စတင်အသုံးပြုခဲ့တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂ နှစ်ကပဲ 4G ကွန်ရက်ကို တောင်အာရှ မှာ ပထမဆုံး အသုံးပြုခဲ့တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။

Ref: Gadgets 360

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Leave a Comment

Most from this category