HTC က တန်ဖိုးသင့် One X10 ကို ကြေညာပြီ

HTC က One X10 ကို မိတ်ဆက်လိုက်ပါတယ်။ HTC ရဲ့ ရုရှား ဝက်ဆိုက်မှာ အဲဒီ စမတ်ဖုန်းကို ပြသထားတာ ဖြစ်ပြီး MediaTek Helio P10 SoC မောင်းနှင်ထားပါတယ်။ စမတ်ဖုန်းမှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။

HTC One X10 မှာ 3GB RAM , 32GB Internal Storage ထည့်သွင်းထားပြီး 2TB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 152.9 x 75.6 x 8.23mm ဖြစ်ပြီး ၁၇၅ ဂရမ် အလေးချိန်ရှိပါတယ်။ အရွယ်အစား ကြီးမားတဲ့ 4000mAh Battery တပ်ဆင်ထားတဲ့အတွက် ဘက်ထရီ အသုံးခံပါတယ်။

HTC One X10 မှာ Boost + System ထည့်သွင်းထားပြီး အဲဒီ Optimization Mode ဟာ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီ Mode ကို ဖွင့်ထားရင် မလိုအပ်တဲ့ စွမ်းအင် အသုံးပြုမှုများကို ပိတ်ပေးထားမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို တပ်ဆင်ထားပြီး Dual SIM Phone ဖြစ်ပါတယ်။ ဒီလအတွင်းမှာ ရုရှားတွင် ဒေါ်လာ ၃၅၅ ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် ၃၇၀ ၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ငွေနဲ့ အနက်ရောင်များကို ရွေးချယ်နိုင်ပါတယ်။

ref : gsmarena

%d bloggers like this: