၅၆ စက္ကန့်အတွင်း အလုံးရေ ၅ သောင်းကျော် ရောင်းချရတဲ့ ZTE Nubia Z17 Mini

ZTE က လွန်ခဲ့တဲ့ တစ်ပတ်က Nubia Z17 Mini ကို မိတ်ဆက်ရောင်းချပေးခဲ့ပါတယ်။ ကမ္ဘာကျော် ဘောလုံး သမား Cristiano Ronaldo က အဲဒီ ဟန်းဆက်ကို ကြော်ညာပေးခဲ့ပါတယ်။ အခုတော့ ၅၆ စက္ကန့်အတွင်းမှာ ZTE Nubia Z17 Mini စမတ်ဖုန်းများ ရောင်းကုန်သွားတယ်လို့ သိရပါတယ်။

ZTE က ရောင်းချရတဲ့ အရေအတွက်ကို ကြေညာခြင်း မရှိပေမယ့် တရုတ် မီဒီယာ တစ်ခုက အဲဒီ စမတ်ဖုန်း ရောင်းချရတဲ့ ဝင်ငွေဟာ ယွမ် သန်း ၁၀၀ ကျော်တယ်လို့ ပြောပါတယ်။ ZTE Nubia Z17 Mini ရဲ့ တန်ဖိုး အကြီးဆုံုး မော်ဒယ်ဟာ ယွမ် ၁၉၉၉ တန်ကြေးရှိတဲ့အတွက် ၅၆ စက္ကန့်အတွင်းမှာ အလုံးရေ ၅၀ ၀၀၀ ရောင်းချရတယ်လို့ တွက်ချက်နိုင်ပါတယ်။

ZTE က ယွမ် ၁၆၉၉ တန် Nubia Z17 Mini Model ကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အဲဒီအတွက် အလုံးရေ ၅၀ ၀၀၀ ကျော်တောင် ရောင်းချရနိုင်တယ်လို့ ယူဆလို့ ရပါတယ်။ ZTE က အခြား Nubia Series များလို မဟုတ်ဘဲ ဒီ မော်ဒယ်ကို အခြားနိုင်ငံများမှာပါ ရောင်းချမှာ ဖြစ်ပါတယ်။

ZTE Nubia Z17 Mini မှာ 13MP+13MP Rear Cameras , 16MP Front Camera , 5.2” Full HD Display တပ်ဆင်ထားပါတယ်။ Snapdragon 652 Chip/ 4GB RAM Model နဲ့ Snapdragon 653/6GB RAM Model များ ထုတ်လုပ်ပေးထားပါတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ 6GB RAM ပါပါတယ်။

ref : gsmarena

%d bloggers like this: